မယ်ဒယ်ဘရော့အသင်းမှ ဒုတိယ ဂိုးသမား Ross Turnbull ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ချယ်လ်ဆီး အသင်းက တရားဝင် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်သည်။ မယ်ဒယ်ဘရော့ အသင်း၏ တရားဝင် ထုတ်ပြန် ကြေငြာချက်အရ ၂၀၀၈/၀၉ ဘောလုံးရာသီတွင် အသင်းနှင့် စာချူပ်သက်တမ်း ကုန်ဆုံး ခဲ့သော ဂိုးသမား ထန်းဘူးလ်သည် ချယ်လ်ဆီးအသင်းနှင့် စာချူပ်လိုက်ပြီဟု ပါရှိခဲ့သည်။