Latest : ပရိသတ်ထံမှ ပေးစာ

မက်ဖန်၏ ခန့်မှန်းပြိုင်ပွဲတွင် ဦးဆောင်နေသူ ကိုzoop နှင့်အင်တာဗျူး...
Posted By (ကျောင်းသား)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ရယ်မှာလား
Posted By (Mr.sensitive)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ဂျွန်တယ်ရီကို လူမှုရေးဖေါက်ပြန်သူအဖြစ် ဝေဖန်ထိုးနှက် တိုက်ခိုက်ခဲ့သူ တိဗက်စ်၏ အိမ်ထောင်ရေး ဖေါက်ပြန်မှု
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

တင်ပြမှုမှာ ဘာကအရေးကြီးသလဲ
Posted By (မိုးပြင်း)

ဆက်လက်ဖတ်ရှပါရန် Fan Writings

သတင်းနှင့် ပတ်သက်ဆက်စပ်မှု မရှိသော Comments ပုဂ္ဂိုလ်ရေးတိုက်ခိုက်သော Comments အမြင်မတင့်တယ်သော Comments များကို ပိုမိုစီစစ် သွားတော့မည်ဖြစ်ပြီး ဆိုဒ်ပေါ်သို့ တင်ပေးမည်မဟုတ်ပါကြောင်း လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။            

ဂျွန်တယ်ရီကို လူမှုရေးဖေါက်ပြန်သူအဖြစ် ဝေဖန်ထိုးနှက် တိုက်ခိုက်ခဲ့သူ တိဗက်စ်၏ အိမ်ထောင်ရေး ဖေါက်ပြန်မှု

အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ကားလို့စ်တိဗက်စ်က အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ လူမှုရေးဖေါက်ပြန်မှု သတင်းများနှင့် ပတ်သက်ပြီး အာဂျင်တီးနား မှာသာဆိုလျင် ဂျွန်တယ်ရီ၏ လုပ်ရပ်သည် အသတ် ခံရလောက်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချအပြီး တစ်ရက်အကြာတွင် သူနှင့် မော်ဒယ်လ်မလေး တစ်ဦး ဖေါက်ပြန်နေသည်ကို တိတိကျကျ ဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဗြိတိန် သတင်းများတွင် ဖေါ်ပြခဲ့သည်။
(5302) (41)
Last Updated at 2010-03-08 on 05:30:46 Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်

အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး အသက်တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့ တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေက ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှ ယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက် အသက်ပိုတိုတယ်လို့ စစ်တမ်းများအရ တွေ့ရှိထားရတာ ဖြစ်ပါတယ်..........ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး အကြောင်းကို မက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။
(3988) (24)
Last Updated at 2010-03-04 on 10:19:27 Translated by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

သင့်ကို လိမ်လည်ထားသော စားသောက်ကုန်များ၏ လေဘယ်လ်များ အကြောင်း

စားသောက်ကုန်ထုတ်လုပ်သူများက သူတို့ရဲ့ ပစ္စည်းတွေ အပေါ်မှာ လူတွေ ယုံကြည်ပြီး လူကြိုက်များအောင် ပိုရောင်းကောင်းအောင် ဟုတ်သလိုလိုနဲ့ လိမ်ညာပြီး အယုံသွင်းထားတဲ့ လေဘယ်လ်များကို ပညာရှင်များက ကမ္ဘာကို ထုတ်ဖော်တင်ပြလိုက်ပါတယ်။ (လုံးဝရှောင်ကြဉ်ပါလို့ မဆိုလိုပါ။ ပရိသတ်များ အနေနဲ့ အမှန်တရားကို စားသုံးသူအခွင့်အရေး အနေနဲ့ သိရအောင် တင်ပြပေးခြင်း ဖြစ်ပါတယ်) အဲဒီလေဘယ်တွေကတော့.........
(2806) (14)
Last Updated at 2010-03-03 on 00:44:41 Translated by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

မြောက်ကိုရီးယားက ဘာမို့လို့လဲ (သို့) အာရှဘောလုံး ဘီလူးကြီး၏ နိုးထချိန်....

အာရှဘောလုံး အဖွဲ့ချူပ် AFC က ကြီးမှူး ကျင်းပသော AFC Challenge Cup ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များ အားလုံး ယနေ့ ယှဉ်ပြိုင်ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အုပ်စုအေ တွင် ကာဂျစ်ကစ္စတန်က အုပ်စုပထမ၊ မြန်မာက အုပ်စု ဒုတိယဖြင့် တက်လာခဲ့သည်။ အုပ်စုဘီတွင် မြောက်ကိုရီးယား အသင်းကပင် အုပ်စု ပထမဖြင့် တက်လာခဲ့သလို တာ့ခ်မင်နစ္စတန်အသင်းက အုပ်စု ဒုတိယဖြင့် တက်လာခဲ့သဖြင့် မြန်မာအသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ထားသော မြောက်ကိုရီးယားနှင့် ဆီးမီးဖိုင်နယ်လ် ပွဲစဉ်အဖြစ် ၂၄.၂ ၂၀၁၀ နေ့တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ မြောက်ကိုရီးယား၏ ခြေစွမ်းပိုင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင် ထားသော အသင်းဟူသည့် အရှိန်တို့ကြောင့် ပြိုင်ပွဲဝင်  မြန်မာအသင်းအပေါ် စိုးရိမ်သူများ ရှိနေကြသလို အသင်းနည်းပြ ဦးတင်မြင့်အောင် ကိုယ်တိုင်ကလည်း အသင်းသားများ စိတ်ဓါတ်တက်ကြွအောင် လုပ်ဆောင်ရမည့် နည်းကို သူ ရှာဖွေရဦးမည်ဟု ၀န်ခံထားခဲ့သည်။ စာရေးသူ အနေဖြင့် မြန်မာအသင်း ကစားခဲ့သော ပွဲများကို မြန်မာပရိသတ် အများနည်းတူ ကြည့်ခွင့်မရခဲ့၊ သို့သော်လည်း မြန်မာလူမျိုး တစ်ဦးဖြစ်သည့် အားလျော်စွာ ပြိုင်ပွဲဝင် မြန်မာအသင်းကိုတော့ အားပေးနေမိသည်။ အခြားသူများကဲ့သို့ မြောက်ကိုရီးယားနှင့် တွေ့မည့် အရေးကိုမူ မစိုးရိမ်မိဘဲ သဘောကျနေမိခဲ့သည်။  စာရေးသူ၏ အကြောင်းပြချက်ပေးလာမည့် အရေး စာဖတ်သူတို့ သိချင်ပေလိမ့်မည်.....
(4276) (75)
Last Updated at 2010-02-21 on 08:52:05 Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

မြင့်မြတ်၍ အကြင်နာတရား ပါရှိသော လှူဒါန်းမှုအတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည် တဲ့....(ခရီးစဉ် မှတ်တမ်း)

မရမ်းချောင်း အနာကြီးရောဂါသည်များ ပရဟိတ ဂေဟာသို့ တတိယအကြိမ်မြောက် ရောက်ခဲ့ပြန်ပါပြီ။ ဆန် ၂ အိတ်၊ ဆေး ၉၉၉၅၀ ကျပ် ဖိုး နှင့် ဝေဒနာသည်တွေအတွက် အထူးသီးသန့်ပြုလုပ်ပေးမည့် ဘိနပ်လုပ်ရန် ကုန်ကြမ်း ၈၅၀၀၀ ကျပ်ဖိုး သွားရောက် သွားရောက် ပေးပို့ ခဲ့ခြင်းဖြစ်သည်။ စာရေးသူက Leprosyhelp.org  ၏ မလေးရှားနိုင်ငံမှ အနာကြီးရောဂါသည် မသန်စွမ်း ဝေဒနာသည်များအတွက် ကူညီပေးရန် အလှူငွေလက်ခံပေးမည့်  ဆရာတော် ဥုးစရိယ ( ရတနာရာမကျောင်း ၊ N0, 30 SS2/72 Petaling Jaya, ) ကို မနက်ဖြန်တွင် တပည့်တော် မရမ်းချောင်း အနာကြီးရောဂါ ဝေဒနာသည်များထံ သွားပါမယ်ဘုရား၊ ဆရာတော် ဘာများ မှာစရာရှိပါသလဲဟု မေးမြန်းခဲ့ရာ ဆရာတော်က  " ဝေဒနာရှင်တွေကိုပြောပေးပါ ဦးဇင်းတို့ သူတို့နဲ့ ထပ်တူထပ်မျှ ရှိနေပါတယ်လို့ ပစ္စုပ္ပန်ကံ မကောင်းပေမဲ့ အနာဂတ်ကံကောင်းအောင် လုပ်ဖို့ရာအချိန်တွေ အများကြီးရှိပါတယ်၊ ကြားရ သိရတဲ့သူတိုင်းလဲ ကရုဏာစိတ်တွေ တဖွားဖွားဖြစ်ပြီး ကူညီဖို့ရာ အားကြိုးမာန်တတ်ဆောင်ရွက်နေကြတယ်" ဟု မိန့်ကြားပေးခဲ့သည်။
(1604) (30)
Last Updated at 2010-02-18 on 04:52:15 Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

လူတွေ ဘာကြောင့် ချစ်မိသွားကြသလဲ (ချစ်သူများနေ့ အမှတ်တရ)

လူတွေ ဘာကြောင့် ချစ်ကြတာလဲ???  ဓာတုဗေဒ ပညာရှင်များရဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ စူးစမ်းလေ့လာ တွေ့ရှိချက်များအရ အချစ်ဆိုတာ တော်တော်ထူးဆန်းတဲ့ အချက်ကလေးတွေ အပေါ် အခြေခံကြောင်း တွေ့ရပါတယ်။ ဘက်ဖ်လိုတက္ကသိုလ်က စိတ်ပညာရှင် Mark Kristal က ခုလိုရှင်းပြခဲ့ပါတယ်။ “ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရင်ခုန်ရတဲ့ အချစ်ဆိုတာ ဖြစ်လာစေဖို့ ခန္ဓာကိုယ်တွင်း ဓာတုဓာတ်ပြုမှု တော်တော်များများ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီဓာတ်ပြုခြင်းတွေ ဆိုတာက ဦးနှောက်အာရုံကြောတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပြုခြင်းတွေ ဖြစ်ပြီး ဒီဓာတ်ပြုခြင်းတွေရဲ့ အစီအစဉ်တကျ ပါဝင်ဖွဲ့စည်းမှု၊ ရှေ့နောက်အစီအစဉ် ကျနမှု တွေကြောင့် လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို စူးနစ်နက်ရှိုင်းစွာ ချစ်မိသွားတာ ဖြစ်ပါတယ်”
အဲဒီလို ဓာတ်ပြုခြင်းတွေ ဖြစ်ပေါ်လာစေတဲ့ ပြင်ပလှုံ့ဆော်မှု (External Stimuli) တွေကတော့ ………..
(3002) (15)
Last Updated at 2010-02-15 on 04:14:51 Probe by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

ဘာကြောင့်များ ဒေးဗစ်ဘက်ဟမ်း တစ်ယောက် တောင်အာဖရိက ကမ္ဘာ့ဖလားပွဲ သွားသင့်သလဲဆိုတဲ့ အကြောင်းပြချက် (၅)ချက်

         ဒီကိစ္စဟာ စကားအချေအတင်ပြောရမည့် ထိပ်တန်းခေါင်းစဉ်တစ်ခု မဟုတ်သလို၊ နည်းပြကြီး ဖေဘီယိုကာပယ်လို အနေနဲ့လည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချစရာမလိုတဲ့ အကြောင်းအရာဖြစ်ပြီး နောက်ဆုံး လူစါရင်းအဖြစ် မလွဲဧကန်သုံးသပ် ဆုံးဖြတ်ချက် ချလိုက်မယ်ဆိုရင်လည်း အင်္ဂလန်ပရိသတ်တွေ အနေနဲ့လည်း အထင်အမြင် သေးစရာမလို၊ ကန့်ကွက်စရာမလိုတဲ့ ရေပန်းမစားစေတဲ့ အချက်တစ်ချက်ပါဘဲ။ ဒါကြောင့်ကိုဘဲ ဘက်ဟမ်းဟာ နွေရာသီမှာ တောင်အာဖရိကကို မဖြစ်မနေ သွားကို သွားရမှာဖြစ်တဲ့အတွက် ဘာကြောင့်များ သွားရမှာလည်း ဆိုတဲ့ အကြောင်းပြချက် အဓိကသော့ချက် ()ချက်ကို အောက်မှာ ရှင်းလင်းပေးထားပါတယ်။
(2604) (12)
Last Updated at 2010-02-14 on 13:11:31 Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

AFC Challenge Cup ပြိုင်ပွဲနှင့် တစ်မျိုးသားလုံးရဲ့ မျှော်လင့်ချက် - မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ AFC Challenge Cup ပြိုင်ပွဲမှာ အုပ်စုနှစ်စုခွဲပြီး 16.2.2010 ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကြပါတော့မယ်။ ဒီပြိုင်ပွဲဟာ အာရှဘောလုံးအဖွဲ့ချုပ်က ဘောလုံးဖွံ့ဖြိုးမှုအဆင့်အတန်း တစ်ဆင့်နိမ့်တဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ကျင်းပပေးတဲ့ ပြိုင်ပွဲဖြစ်ပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ထားတဲ့ မြောက်ကိုရီးယားအသင်း ပါဝင်နေတာမို့ ဒီပြိုင်ပွဲရဲ့ အဆင့်အတန်းကို ဆုံးဖြတ်ရခက်စေပါတယ်။ မြောက်ကိုရီးယားအသင်းသာ အင်အားအပြည့်အစုံသုံးပြီး ဒီပြိုင်ပွဲမှာ ၀င်ရောက်ကစားမယ်ဆိုရင် ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာနေလို့ ချန်ပီယံဖြစ်စေမယ့်အသင်းကို ခန့်မှန်းရတာ လွယ်ကူသွားစေမှာပါ။

ကွင်းထဲမှာ ကစားနေတဲ့ 11 ယောက်သော ကစားသမားတွေရဲ့ လုပ်ဆောင်မှုဟာ တစ်မျိုးသားလုံးရဲ့ အရေးပဲဖြစ်ပြီး မြန်မာတစ်မျိုးသားလုံးရဲ့ မျှော်လင့်မှုတွေ စီးမျောပါဝင်နေပါတယ်။ 2011 အာရှဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် နောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်ပြီး အာရှရဲ့ အင်အားကြီးအသင်းတွေနဲ့ တန်းတူပြိုင်ပွဲဝင် ကစားနေမယ့် မြန်မာအသင်းရဲ့ ပုံရိပ်တွေကို တစ်မျိုးသားလုံး စောင့်မျှော်နေကြတယ်ဆိုတာ ..........

(2600) (32)
Last Updated at 2010-02-13 on 08:48:35 Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ကမ္ဘာ့အလယ် မြန်မာဟေ့လို့ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ မြန်မာဘောလုံးအဖွဲ့ချူပ် လုပ်ဆောင်သင့်တဲ့ အချက်တစ်ချက်၊

မြန်မာလူမျိုး သန်း ၅၀ ကျော်ကို ကိုယ်စားပြုသည့် မြန်မာ့လက်ရွေးစင်အသင်း အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ အောင်မြင်ရေးအတွက် မြန်မာ့ ဘောလုံး အဖွဲ့ချူပ်တွင် တာဝန်အပြည့်ရှိသလို အဖွဲ့ချူပ်ကလည်း မိမိတို့၏ တာဝန်များကို အချိန်ပြည့် ကိုယ်ကျိုးမငဲ့ဘဲ အစီအစဉ်တကျ ဆောင်ရွက်နိုင်စေရန် အရေးကြီးလှသည်။ ဆိုလိုသည်မှာ မြန်မာ့ဘောလုံး အဖွဲ့ချူပ်အနေဖြင့် အရည်အသွေးပြည့်ဝပြီး ဘောလုံးလောက နှင့် ဘောလုံးအဖွဲ့ချူပ်တို့၏ စီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့်သူများနှင့် ဖွဲ့စည်းထားမှသာ မြန်မာပြည်သူတို့ အလိုရှိသော အောင်မြင်မှု ပန်းတိုင်ကို မျှော်မှန်းနိုင်မည် ဖြစ်သည်။
(1540) (18)
Last Updated at 2010-02-12 on 23:05:57 Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ပျံ့နှံ့နေသော တုပ်ကွေး ကာကွယ်ရေး (သို့) လက်ဆေးပါ၊ လက်မဆေးရင် အသက်ပေး ရလိမ့်မယ်

အခုဆိုရင် ဈေးတွေ မှာ ကြက်သားတွေကို လိုက်ပိတ်နေရတဲ့ အထိ ကြက်တုပ်ကွေးတွေ ပြန်ဖြစ်နေတယ်လို့ ကြားရပါတယ်။ ရပ်ကွက်ထဲမှာလဲ ဟိုမြို့နယ်မှာတော့ ကြက်ဥတွေ မြေမြှုပ်ပစ်လိုက်တယ်၊ ဘယ်နေရာမှာတော့ လူဘယ်နှယောက် ဖြစ်နေကြပြီ၊ ဘယ်တက္ကသိုလ်က ကျောင်းသား ဘယ်နှယောက်တောင် ပါသေးတယ်၊ ဘယ်ဆေးရုံမှာဖြင့် ဘယ်နှယောက်တောင် ပုံနေပြီ၊ ဒီတစ်ခါ ဖြစ်တာ ပြည်တွင်းမှာ ကူးစက်တာမို့ ပိုဆိုးတယ် စသဖြင့် အတည်ပြုလို့မရသေးတဲ့ သတင်းတွေ ပွထနေအောင် ကြားနေရပါတယ်။....................ဒါကြောင့် မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုသူတွေ အတွက် အဓိက ကာကွယ်ရမယ့် အချက်များကို ဖော်ပြပေးလိုပါတယ်။
(1588) (16)
Last Updated at 2010-02-12 on 01:19:14 Written by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်
0 10 20 30 40 50 60 70 80 90 100 110 120 130 140 150 NEXT