Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

သင်ရော မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ဘ&

ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးရတာ တကယ့်ကို မလွဲပါဘူး။ တကယ့်ကို ကျယ်ပြန့်တဲ့ ခေါင်းစဉ်ဖြစ်သလို အထိအခိုက်မခံတဲ့ အကြောင်းတွေကလည်းရှိပါတယ်။ ဒါပေမဲ့ အမျိုးသားရေး တာဝန်အဖြစ် အဓိက ဆွေးနွေသင့်တဲ့ ခေါင်းစဉ်လဲဖြစ်ပါတယ်။ တကယ်တော့ မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားရေးအတွက် အဓိကတာဝန်ရှိတာ ဘောလုံးအဖွဲ့ချူပ် တစ်ခုထဲ မဟုတ်ဘဲ ဘောလုံးအဖွဲ့ချူပ်၊ သက်ဆိုင်ရာဘောလုံးအသင်းအဖွဲ့တွေ၊ မီဒီယာတွေပါမကျန် မြန်မာတစ်မျိုးသားလုံးမှာပါ တာဝန်ရှိတာပါလို့ ပြောရင် သိပ်အပြောလွန်တယ်လို့ ပြောတဲ့သူ မရှိမဟုတ် ရှိကောင်းရှိပေမဲ့ ထောက်ခံသူက အများစုဖြစ်မှာ သေချာပါတယ်။
(464) (4)
Last Updated at 13:32 GMT, Saturday, 7 February 2009 13:32 MM   Translated by : Admin
ဆက်လက်ဖတ်ရှပါရန်

သင်ရော မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ဘ&

ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးရတာ တကယ့်ကို မလွဲပါဘူး။ တကယ့်ကို ကျယ်ပြန့်တဲ့ ခေါင်းစဉ်ဖြစ်သလို အထိအခိုက်မခံတဲ့ အကြောင်းတွေကလည်းရှိပါတယ်။ ဒါပေမဲ့ အမျိုးသားရေး တာဝန်အဖြစ် အဓိက ဆွေးနွေသင့်တဲ့ ခေါင်းစဉ်လဲဖြစ်ပါတယ်။ တကယ်တော့ မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားရေးအတွက် အဓိကတာဝန်ရှိတာ ဘောလုံးအဖွဲ့ချူပ် တစ်ခုထဲ မဟုတ်ဘဲ ဘောလုံးအဖွဲ့ချူပ်၊ သက်ဆိုင်ရာဘောလုံးအသင်းအဖွဲ့တွေ၊ မီဒီယာတွေပါမကျန် မြန်မာတစ်မျိုးသားလုံးမှာပါ တာဝန်ရှိတာပါလို့ ပြောရင် သိပ်အပြောလွန်တယ်လို့ ပြောတဲ့သူ မရှိမဟုတ် ရှိကောင်းရှိပေမဲ့ ထောက်ခံသူက အများစုဖြစ်မှာ သေချာပါတယ်။
(86) (1)
Last Updated at 13:32 GMT, Saturday, 7 February 2009 13:32 MM   Written by : Admin
ဆက်လက်ဖတ်ရှပါရန်

မြန်မာအသင်း မြောက်ကိုရီးယားကို ၁-၀ နဲ့ ရ

AFC Challenge Cup 2008 ပြိုင်ပွဲကို အိန္ဒိယ နိုင်ငံတွင် ကျင်းပလျက်ရှိပါတယ်။ မြန်မာအသင်းဟာ မနေ့ည ၇း၃၀ မှာ မြောက်ကိုရီးယားအသင်းနဲ့ အုပ်အဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့ကြရာမှာ သရေကျလျင်ပင် အုပ်စုဗိုလ်နဲ့ အကြိုဗိုလ်လုပွဲကို တက်ခွင့်ရမှာဖြစ်ပေမဲ့ မြောက်ကိုရီးယားအသင်းကို ပထမပိုင်း ၁၅ မိနစ်မှာ
(811) (7)
Last Updated at 9:25 GMT, Sunday, 8 February 2009 9:25 MM   Translated by : Admin
ဆက်လက်ဖတ်ရှပါရန်

Professional League အဖြစ် ပြောင်းလဲတော့မည့် မြန်မာလိဂ်ကို ကြိုဆိုအပ်ပါသည်။

ဌါနဆိုင်ရာ အသင်းများနှင့် အပျော်တမ်း အဆင့်အနေဖြင့်သာ နှစ်ပေါင်း တစ်ရာကျော် ကျဉ်းပလာခဲ့သည့် မြန်မာလိဂ်ကို Pro League အဖြစ် ပြောင်းလဲတော့ မည်ဖြစ်ကြောင်း မည်သို့ မည်ပုံ ပြောင်းလဲလာမည်ကို မနက်ဖြန်တွင် ဆီဒိုးနား ဟိုတယ်၌ မြန်မာ့ဘောလုံး အဖွဲ့ချူပ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အသိပေး ရှင်းလင်းမည်ဖြစ်ကြောင်း သတင်းများအရ သိရှိခဲ့ရသည်။
(52) (16)
Last Updated at 2:35 GMT, Wednesday, 4 March 2009 2:35 MM   Written by :
ဆက်လက်ဖတ်ရှပါရန်

မြန်မာ့ဘောလုံးလောက တစ်ခေတ်ပြောင်းတော့မည်.... Professional League သတင်းစာရှင်းလင်းပွဲ

မြန်မာ့ဘောလုံးလောကြီးအတွက် ၀မ်းမြောက်ဖွယ် သတင်းကောင်းအဖြစ် မြန်မာပြည်ရှိ ဘောလုံး ကလပ်အသင်းများကို အပျော်တမ်းလိဂ်အဖြစ် နှစ်ပေါင်း ရာကျော် ဖွဲ့စည်း ယှဉ်ပြိုင်လာခဲ့ရာမှ ယခုအခါ လိုအပ်ချက်အရ Professional League အဖြစ် ပြောင်းလဲ ကျင်းပနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် ကလပ်အသင်းများ စတင်ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း ပရိသတ်သို့ တင်ပြနိုင်ရန်အတွက် ယနေ့ ၂၀၀၉ ခုနှစ် မတ်လ ၄ ရက် ဗုဒ္ဓဟူးနေ့ နေ့လည် တစ်နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်၏ မင်းတုန်းခမ်းမတွင် မြန်မာ့ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်မှ ကြီးမှူးပြီး စာနယ်ဇင်းနှင့် မီဒီယာပုဂ္ဂိုလ်များသို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
(53) (5)
Last Updated at 5:28 GMT, Thursday, 5 March 2009 5:28 MM   Written by :
ဆက်လက်ဖတ်ရှပါရန်

မြန်မာ့ဘောလုံးလောက၏ မျှော်လင့်ချက်ရောင်ခြည်( သတင်းဆောင်းပါး )

Mutdfan.com တွင် ဘောလုံးသတင်းများကို ရေးသားရင်း ဆောင်းပါးလေးများ ရေးသားဖြစ်ခဲ့သည်။ ရေးသားခဲ့သော ဆောင်းပါးများကို မှတ်မိသလောက် အပြုသဘော ဆောင်သည့် ဝေဖန်ရေး ဆောင်းပါးများသာ များခဲ့သည်။ မြန်မာ့ဘောလုံးအတွက် ရေးသားစရာ ဆောင်းပါး အကြောင်းအရာများ နှင့် ပတ်သက်ပြီး သတင်းဆောင်းပါးမှလွဲ၍ အခြားရေးစရာကလည်း အပြစ်မြင်စရာသာ တွေ့ရှိနေသဖြင့် ဝေဖန်ရေးဆောင်းပါးသာ ရေးချင်နေမိသည်။ တိုးတက် အောင်မြင်မှုများ တွေ့မြင်ရရန် အကျိုးအကြောင်း ကလည်း နည်းလှသည် မဟုတ်ပါလား။ အားမလို အားမရစိတ်ဖြင့်သာ ရေးသားခဲ့သဖြင့် ကိုယ့်ကိုကိုယ်လဲ အားမရခဲ့။
(19) (5)
Last Updated at 1:32 GMT, Friday, 6 March 2009 1:32 MM   Written by :
ဆက်လက်ဖတ်ရှပါရန်

ဒါလေးကိုတော့ စိုးရိမ်နေမိပါသည် မြန်မာ့ဘောလုံးအဖွဲ့ချူပ် ဥက္ကဌကြီး ဦးဇော်ဇော်ခင်ဗျား...

ဦးဇော်ဇော်ခင်ဗျား.

မြန်မာလိဂ်ကို Professional League အဖြစ် ပြောင်းလဲတော့မယ့် အခြေအနေ မတိုင်မီကတည်းက ဦးဇော်ဇော်ဟာ မြန်မာ့ဘောလုံး အဖွဲ့ချူပ် ဥက္ကဌ တစ်ယောက် အနေနဲ့ မြန်မာ့ဘောလုံး လောက တိုးတက်ရေးအတွက် အဘက်ဘက်ကနေ လူငယ်တစ်ယောက်ပီပီ ခေတ်အမြင်တွေ ခေတ်အတွေးတွေနဲ့ အရင်နဲ့မတူ ဆောင်ရွက်ခဲ့တာကို တွေ့မြင် ကြားသိခဲ့ရလို့ အင်မတန် လေးစားမိတယ် ဆိုတာ ပထမဦးစွာ ပြောပါရစေ။ အခု ဦး မြန်မာလိဂ်ကို ပရိုလိဂ်အဖြစ် ပြောင်းတော့မယ် ဆိုပြီး တရားဝင် သတင်းစာရှင်းလင်းပွဲတွေလုပ် အသင်းတွေကိုလဲ ပုံစံတွေချ အမျိုးမျိုး အစမှအဆုံးတိုင် သေချာလုပ်နေတဲ့ အပြင် နောက်ဆုံး မနေ့ကပြုလုပ်ခဲ့ကြတဲ့ ဘောလုံးသမားတွေနဲ့ ကန်ထရိုက်စာချူပ်ပွဲ အခမ်းအနားဆိုရင်လဲ လိုအပ်တာထက်ပိုပြီး ဘောလုံးအဖွဲ့ချူပ်အနေနဲ့ ဆောင်ရွက်ပေးခဲ့တာတွေကို မြင်တွေ့ ကြားသိခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်မိတာလေး ရှိနေပါတယ်။ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက်နဲ့ ပတ်သက်လာရင် မီဒီယာကနေဖြစ်စေ၊ ဘောလုံးအဖွဲ့ချူပ်ကို စာနဲ့ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေ အကြံညဏ်ပေးနိုင်ပါတယ်။
(139) (17)
Last Updated at 22:32 GMT, Wednesday, 18 March 2009 22:32 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဘောလုံးဝါသနာနှင့် ကြုံဆုံခဲ့ရပုံများ( ခရီးသွားဆောင်းပါး )

လွန်ခဲ့သော ၆ လလောက်ကဖြစ်သည်။ စာရေးသူ ဧရာဝတီတိုင်းရှိ ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့သည်။ ချောင်းသာကမ်းခြေသို့ စောစောရောက်လိုဇောဖြင့် ရန်ကုန်မြို့မှ နံနက် ၂နာရီကတည်းက ရန်ကုန် - ပုသိမ် ကားလမ်း တစ်လျောက် မောင်းသွားခဲ့သည်။ လမ်းတစ်လျောက်တွင် ဆောင်းလေက အေးအေး နှင်းမှုန်များကလည်း တဖွေးဖွေးနှင့် အလွန်သာယာမည်ဟု မျှော်မှန်းကာ ရန်ကုန်မြို့မှ စောစောထွက် သွားမိခဲ့သည်။ သို့သော် မျှော်လင့်သလို သာယာလှပသော လမ်းကလေးဖြစ်မလာခဲ့။

(143) (12)
Last Updated at 9:54 GMT, Friday, 27 March 2009 9:54 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

MNL Cup Graund Royal 2009 ကို ရုပ်သံလွှင့်အစီအစဉ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများမှ လိုအပ်ချက်များ တင်ပြခြင်း

မြန်မာ့ရုပ်မြင်သံကြားဌါနမှ ဘောလုံးပွဲသတင်းကြေငြာသူများ၊ အသံလွှင့်အယ်ဒီတာများနှင့် သက်ဆိုင်သူများခင်ဗျား...

မြန်မာ့ဘောလုံးလောကကြီး တိုးတက်လာရေးအတွက် အပျော်တမ်းအဆင့်မှ Professional အဆင့်သို့ ပြောင်းလဲရာတွင် MRTV ရုပ်သံလွှင့်ဌါန ကြီးသည်လည်း အဓိကနေရာမှ ပါဝင်လာခဲ့ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းကြီးတွင် ကစားခဲ့သော ပွဲစဉ်များကို ကြိုးစားပြီး ထုတ်လွှင့်နေခဲ့သည်ကို တွေ့မြင့် ကြားသိနေရပါသည်။ လူကြီးမင်းတို့၏ ရုပ်မြင်သံကြား ဌါနမှ ထုတ်လွှင့်ခဲ့သော ဘောလုံး သတင်းများ၏ ကျေးဇူးကြောင့် ရန်ကုန်မြို့ရှိ ဘောလုံးဝါသနာ ရှင် ပရိသတ်များသာ မက တစ်နိုင်ငံလုံးရှိ ဘောလုံးဝါသနာရှင် ပရိသတ်များပါ အချိန်နှင့် တစ်ပြေးညီ မြန်မာ့ဘောလုံး အဖွဲ့ချူပ်က ကြီးမှူး ကျင်းပသော MNL Cup Grand Royal 2009 ပြိုင်ပွဲ အချို့တစ်ဝက်ကို ကြည့်ရှုခွင့် ရရှိခဲ့ပါသည်။

(1165) (55)
Last Updated at 8:45 GMT, Monday, 25 May 2009 8:45 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ကန့်လန့်ကာ ချသွားတဲ့ ဥရောပပွဲတွေနှင့် ပြိုင်ဆိုင်မှု ပြင်းထန်ဆဲ မြန်မာလိဂ်

ကျွန်တော်တို့နဲ့ ရင်းနှီးနေတာကြာပြီဖြစ်တဲ့ ဥရောပအမှတ်ပေးပွဲတွေနဲ့ ယူအီးအက်ဖ်အေက ကြီးမှူးကျင်းပနေတဲ့ ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေဖလား ပွဲတွေကတော့ ကျွန်တော်တို့ အလုပ်စားပွဲပေါ်ကနေ ခေတ္တ ခဏ ငုတ်လျှိုးသွားခဲ့ပြီး သူတို့ရဲ့ ၂၀၀၈ - ၂၀၀၉ ဘောလုံးရာသီကြီးကို ကန့်လန့်ကာ ချလိုက်ပါပြီ.. ။ ထင်ပေါ်ကျော်ကြားလှတဲ့ ဥရောပရဲ့ ထပ်သီးအမှတ်ပေးပွဲတွေကို ကျင်းပနေတဲ့ အင်္ဂလန်ရဲ့ ဘာကလေ ပရီမီးယားလိဂ်၊ အီတလီက စီးရီးအေ၊ စပိန်က လာလီဂါ၊ ဂျာမဏီမှာ ဘွန်းဒစ်လီဂါ အစရှိတဲ့ အမှတ်ပေးပွဲတွေကတော့ ပရိတ်သတ်ကို ရသတစ်မျိုးစီနဲ့ ပေးစွမ်းသွားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေဖလားပွဲတွေကလည်း ပရိတ်သတ်ရင်ကို ဖမ်းစားခဲ့ပါတယ်...။
(816) (9)
Last Updated at 22:49 GMT, Tuesday, 2 June 2009 22:49 MM   Written by : ၀င်းမင်းဆန်း
ဆက်လက်ဖတ်ရှပါရန်

ကျွန်တော်သွားရောက် သတင်းယူခဲ့တဲ့ ဆောက်သမ်းမြန်မာ အသင်း၏ ပရိသတ်ထံ မိတ်ဆက်ပွဲ (ဓါတ်ပုံများ)

ဆောက်သမ်းမြန်မာ အသင်း၏ ဖိတ်ကြားချက်အရကျနော် မောင်ညီငယ် ၊ ဆောက်သမ်းမြန်မာအသင်းအား ပရိသတ်ထံ အပ်နှံပွဲ အခမ်းအနားကျင်းပရာ မော်လမြိုင်မြို့သို့ သွားရောက် သတင်းရယူခဲ့ပါတယ် ။ ကျနော် အပါအ၀င် မီဒီယာအဖွဲ့ဟာ 09.08.2009 နံနက် 6 နာရီမှာ ရန်ကုန်မှ စတင်ထွက်ခွါခဲ့ကြပါတယ်။ မိုးရာသီဆိုတော့ ထွက်ကတည်းက မိုးရွာတာ မော်လမြိုင် ရောက်တဲ့အထိ နေရောင် မမြင်ခဲ့ရပါဘူးဗျာ ။ အခမ်းအနားက ညနေ 3နာရီ စမှာဆိုတော့ ကျနော်တို့ ပဲခူးမှာ မနက်စာစာပြီးတာနဲ့ အမြန် သွားရတော့တာပဲဗျ ။ တစ်လမ်းလုံးမိုးရွားတော့ ပတ်ဝန်းကျင် အလှအပတွေတောင် မကြည့်ရပါဘူးဗျာ ။
(1338) (10)
Last Updated at 21:7 GMT, Monday, 10 August 2009 21:7 MM   Written by : ညီငယ်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com မြန်မာ့ဘောလုံး သတင်းတွေ ဘာ့ကြောင့် မရေးဖြစ်တော့သလဲ။..

Mutdfan.com အနေဖြင့် ဘောလုံးသတင်းများကို မြန်မာ့ဘောလုံးချစ် ပရိသတ်များ အတွက် 2007-01-12 နေ့မှ စတင်ပြီး နေစဉ်နှင့် အမျှ မနားမနေ တင်ဆက်လာခဲ့သည်မှာ သုံးနှစ်ကျော် လေးနှစ် နီးပါးမျှ ရှိလာခဲ့ပြီ ဖြစ်သည်။ အဆိုပါ သုံးနှစ်ကျော် လေးနှစ်နီးပါး အတွင်း မြန်မာ့ဘောလုံးချစ် ပရိသတ်အတွက် လုပ်အားခများ လုံးဝ ထည့်တွက်ထားခြင်း မရှိသေးဘဲ တစ်လလျင် ကျပ် တစ်သိန်းကျော်ဖိုးမျှ အကုန်အကျခံခဲ့ပြီး ဖြစ်သလို မိမိတို့ အားစိုက်ခဲ့သမျှလည်း အားပေးသည့် ပရိသတ်များ အထူးများ ပြားခဲ့သည်မို့ အမောပြေခဲ့ရသည်။
(2992) (57)
Last Updated at 19:40 GMT, Thursday, 13 August 2009 19:40 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

အားကစား မီဒီယာသမားတို့ စည်းလုံးသင့်သော အချိန်

စာရေးသူတို့၏ Mutdfan.com နှင့် ဘောလုံး မီဒီယာအရာရှိတို့၏ ပြဿနာမှာ စာရေးသူ၏ Mutdfan.com မြန်မာ့ ဘောလုံးသတင်းတွေ ဘာ့ကြောင့် မရေးတော့သလဲ ဆိုသည့် ဆောင်းပါးမှ အစပြုပြီး ပြည်တွင်းထုတ် ဂျာနယ်များပေါ်သို့ ရောက်ရှိလာသည်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သလို ဥပဒေ ရေးရာများနှင့် ဖြေရှင်းရမည်ဟု ချိမ်းခြောက် ခံလာရသည်အထိ ကြီးကျယ်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ဂျာနယ် များတွင် ပါဝင်လာသည်က အဆိုပါ မီဒီယာအရာရှိ ပြောလိုသော စကားများကိုသာ အခြေပြုပြီး သတင်းအဖြစ် ရေးသားနေမှုများသာ ဖြစ်နေသည်။ မီဒီယာအရာရှိက မီဒီယာကို အသုံးချပြီး ခြိမ်းခြောက် စကားများသာ ပါရှိနေသည်။ မည်သည့် မီဒီယာ သမား တစ်စုံ တစ်ယောက်ကမျှ Mutdfan.com နှင့် ပတ်သက်ပြီး သတင်းမှန်များ ထွက်ပေါ်လာရေး လာရောက် မေးမြန်း သတင်းလိုက်ခြင်း၊ စာရေးသူတို့ သတင်းဝက်ဆိုဒ်ပေါ်ရှိ အမှန်တရား သတင်းများကို ရယူခြင်းတို့ မရှိခဲ့၊
(2012) (34)
Last Updated at 8:17 GMT, Monday, 17 August 2009 8:17 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

မက်ဖန်နဲ့ မြန်မာနေရှင်နယ်လိဂ်

အကိုဇော်ရေ!
ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ မြန်မာနေရှင်နယ်လိဂ်လေးလဲ အောင်မြင်မှုတွေ အထိုက်အလျောက် ရခဲ့တယ်လို့ ဆိုရမှာပါ... အခုဆိုရင် မြန်မာ့ ဘော့လုံးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇော်ဇော်ရဲ့ မနားမနေ ကြိုးပမ်းမှုနဲ့အတူ ပထမအကြိမ်ကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သလို ဒုတိယ အကြိမ်လဲ ပထမအကျော့တောင် ပြီးခဲ့ပါပေါ့လား အကိုဇော်.. မြန်မာ့ဘောလုံးလောကကို အရှိန်အဟုန်နဲ့ ပြောင်းလဲပြီးတဲ့နောက် မြန်မာနေရှင်နယ်လိဂ်ဟာ အချိန်တိုလေးအတွင်းမှာ အတန်အသင့် အရှိန်ရနေခဲ့ပေမဲ့ ကျွန်တော်တို့ မက်ဖန်လေးရဲ့ စာမျက်နှာထက်မှာ မြန်မာလိဂ်သတင်းတွေ မတင်နိုင်တာကို တွေးကြည့်မယ်ဆိုရင် အရမ်းဝမ်းနည်းစရာ ကောင်းနေသလားပဲ အကိုဇော်ရယ်... မြန်မာ့ဘောလုံးလောကကို ပရော်ဖက်ရှင်နယ်ဘ၀ကို ကူးပြောင်းတော့မယ်လို့ ကျွန်တော်တို့ ဥက္ကဌကြီးက အတည်ပြုစဉ်တုံးက ကျွန်တော်တို့ ရည်မှန်းထားတဲ့ ရည်မှန်းချက်လေးတွေဟာ အခုချိန်ထိ ဖြစ်မလာသေးတာဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို မက်ဖန်ပရိတ်သတ်ကြီးလဲ သိသင့်သလောက် သိပြီးဖြစ်ပါရော့မယ်... အကြောင်းအရာလေး တစ်ခုကြောင့် ကျွန်တော်တို့ မက်ဖန်ဟာ သတင်းလိုက်ခွင့် ဆုံးရှုံးခဲ့ရသလို မက်ဖန်ရဲ့ စာမျက်နှာထက်မှာလဲ မြန်မာလိဂ်သတင်းတွေ မပါဝင်ခဲ့ပါဘူး.. ဒီပြဿနာတွေ ဖြစ်နေစဉ်တုံးက အကိုဇော် စိတ်ဓါတ်ကျနေမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်.. မြန်မာနေရှင်နယ်လိဂ် သတင်းတွေ မတင်ရရင်လဲ နေပါစေတော့လို့ အကိုဇော်ပြောခဲ့ပေမဲ့ အကိုဇော်ရဲ့ မသိစိတ်က မြန်မာနေရှင်နယ်လိဂ်သတင်းတွေကို တမ်းတနေမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲနိုင်ပါဘူး အကိုဇော်... ဒီဖြစ်ရပ်ဟာ တရားမျှတသလား မမျှတဘူးလားဆိုတာ ကျွန်တော် မတွေးတတ်ပေမဲ့ မဖြစ်သင့်ဘူးလို့တော့ ထင်မြင်မိပါတယ် အကိုဇော်...
(1376) (11)
Last Updated at 10:26 GMT, Sunday, 18 October 2009 10:26 MM   Written by : ၀င်းမင်းဆန်း
ဆက်လက်ဖတ်ရှပါရန်

25 ကြိမ်မြောက် လာအိုဆီးဂိမ်း မြန်မာအသင်း၏ ဖြစ်နိုင်ဖွယ် အခွင့်အလမ်းများ

  25 ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ဖွင့်ပွဲမလုပ်ရသေးပေမယ့် လာအိုနိုင်ငံမှာ ဘောလုံးပြိုင်ပွဲတွေကတော့ စတင်နေပြီဖြစ်ပါတယ်။ အရှေ့တောင်အာရှက အင်အားကြီး ဘောလုံးနိုင်ငံ တွေ အားလုံးပါဝင်ကြတဲ့ ဒီပြိုင်ပွဲမှာ မြန်မာအသင်း ဘယ်အဆင့်ထိ ဖြတ်သန်းနိုင် မယ်ဆိုတာ ပရိသတ် များ စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ ပြိုင်ဘက်အသင်း အသီးသီးက ဗိုလ်စွဲနိုင်ခဲ့ရင် ရမယ့်ဆုကြေးတွေကို ထုတ်ဖော်ကြေညာပြီး စိတ်ဓါတ် အားမြှင့်တင်နေချိန်မှာ သတင်းထုတ်လွှင့်မှု၊ ပရိသတ်နဲ့ အသင်းကြား ဆက်သွယ်ဖြန့်ချီမှုတွေ အပါအ၀င် အရာအားလုံး တိတ်ဆိတ်နေတဲ့ မြန်မာ ယူ - 23 အသင်းကိုတော့ ပရိသတ်တွေ ပွက်လော ညံအောင် အားပေးကြရဦးမှာ။ ယခင်ပြိုင်ပွဲတွေကလို သက်ပြင်းရှည်တွေချရင်း ဖြေသိမ့်နေရ တာတွေ ကနေ ကင်းလွတ်ရပါစေတော့လို့ပဲ .....
(3200) (40)
Last Updated at 21:43 GMT, Friday, 4 December 2009 21:43 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

မျက်စိရှေ့မှာ မြင်တာလောက်ဘဲ စီမံဆောင်ရွက်တတ်သူများနှင့် MFF ကို ဖွဲ့ထားလို့ မြန်မာအသင်း ယခုကဲ့သို့ ဆီးဂိမ်းမှာ ရလဒ် ဆိုးရွားခဲ့ခြင်းလော...

၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု-ခ နောက်ဆုံးပွဲစဉ် ဖြစ်သော လာအို နှင့် စင်္ကာပူနိုင်ငံတို့မှ အသက် ၂၃ နှစ်အောက် လက်ရွေးစင် အသင်းတို့ ဂိုးမရှိ သရေကျခဲ့သဖြင့် မြန်မာ့လက်ရွေးစင် အသင်းမှာ အုပ်စုအဆင့်မှပင် အိမ်ပြန် စောခဲ့ရပြီဖြစ်သလို ပွဲအဖြေကို ကြိုတင် ညို့နှိုင်းထားသည့် လုပ်ပွဲ ပုံစံဖြင့် ကစားသွားခဲ့သဖြင့် မြန်မာ ဘောလုံးချစ် ပရိသတ်များ အလွန်ဒေါသ ထွက်ခဲ့ရသည်။ အင်ဒိုနီးရှား လက်ရွေးစင် အသင်းကို အဆိုပါ ပွဲမတိုင်မီ ၃-၁ ဖြင့် အနိုင် ရထားခဲ့သဖြင့်လည်း မြန်မာ့လက်ရွေးစင် အသင်း ဆီးမီးဖိုင်နယ်လ် တက်ရောက်ရန် ပိုမို အားထား ခဲ့ကြသဖြင့် နောက်ဆုံးအချိန်တွင် ပိုမို ခံစားခဲ့ရသည်။ သို့သော်လည်း အဆိုပါ ကဲ့သို့ ကိုယ်နှင့်မဆိုင်သော ပွဲ၏ အဖြေကို ထိုင်စောင့်ရရင်း ဆီးမီးဖိုင်နယ်လ် အဆင့်သို့ တက်ရောက်ခွင့် မရခဲ့မှုအတွက် တာဝန်ရှိသည်မှာ အသက် ၂၃ နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်း ဘောလုံးသမားများ၊ နည်းပြနှင့် တာဝန်ရှိသူများ အပြင် မြန်မာ့ဘောလုံး အဖွဲ့ချူပ်တွင်လည်း တာဝန်အပြည့်အ၀ ရှိနေခဲ့သည်။
(3644) (74)
Last Updated at 11:38 GMT, Friday, 11 December 2009 11:38 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ပရော်ဖက်ရှင်နယ်လ် လိဂ်အဖြစ် ပြောင်းလဲပြီးနောက် MFF ကိုလည်း Professional အဖြစ် ပြောင်းလဲရန် လိုအပ်နေ

မြန်မာ့ ဘောလုံး လောကနှင့် အဆိုပါ Professional နှင့် Amateur မှာ တိုက်ရိုက် ဆက်စပ် ပတ်သက်နေပြီး ယခုအခါ နှစ်ပေါင်း တစ်ရာနီးပါးမျှ အပျော်တမ်းလိဂ်အဖြစ် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လ် လိဂ်ကိုလည်း Professional League အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ သို့သော် အဆိုပါ Professional League အဖြစ် အောင်မြင်စွာ ပြောင်းလဲ ပေးနိုင်ခဲ့သည့် မြန်မာ့ဘောလုံး အဖွဲ့ချူပ်ကရော Professional တွေနဲ့ ဖွဲ့စည်းထားသလား Amateur တွေနဲ့ ဖွဲ့စည်းထားသလား ဆိုသည်ကို သေချာစွာ ပြန်လည် ဆန်းစစ်ရန် လိုအပ်လာပြီ ဖြစ်သည်။ အခြေအနေ အရ အပျော်တမ်း (Amateur) အဆင့်သာ ရှိသည့် မြန်မာ့ဘောလုံးလောကကို အာရှအဆင့်၊ ကမ္ဘာ့အဆင့်သို့ တိုးတက်ရေးအတွက်  Professional အဖြစ် နေရာတိုင်း ပြောင်းလဲရန် လိုအပ်လာပြီ မဟုတ်ပါလော.....
 
(1994) (30)
Last Updated at 18:26 GMT, Sunday, 13 December 2009 18:26 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

မြန်မာ့ဘောလုံး အဖွဲ့ချူပ်၏ လွဲမှားမှု (သို့မဟုတ်) အခြေခံအကျဆုံး လိုအပ်ချက်...

မြန်မာ့ဘောလုံး အဖွဲ့ချူပ်နှင့် ပတ်သက်ပြီး ဝေဖန် ထောက်ပြခဲ့မှု ဆောင်းပါးများ အနည်းငယ် ရေးမိခဲ့ပြီးနောက် အကြံပေးဆောင်းပါးရေးရန် ပရိသတ်အချို့က တောင်းဆို လာခဲ့မှုကြောင့် ဖြစ်သင့် ဖြစ်ထိုက်သည်များကို အကြံပေးဆောင်းပါး ရေးရန် စာရေးသူ စဉ်းစားနေခဲ့မိသည်။ မဖြစ်လာသေးသော၊ ဖြစ်သင့် ဖြစ်ထိုက်သည်များ၊ များစွာရှိနေသည့် အထဲမှ အခြေခံ အကျဆုံး အချက်များဖြစ်ပြီး ပရိသတ်အတွက်လည်း အကျိုးရှိမည့်၊ မြန်မာ့ဘောလုံးလောက တိုးတက်ရေး အတွက်လည်း အခြေခံအကျဆုံး၊ အလိုအပ်ဆုံး အချက်တစ်ချက်ကို ထောက်ပြရန် စဉ်းစားမိခဲ့သည်။ အခြေခံအကျဆုံးနှင့် အလုပ်သင့်ဆုံး အလုပ်ဖြစ်ပါလျက် မလုပ်သေးသော အလုပ်မှာ....
(2662) (23)
Last Updated at 11:52 GMT, Saturday, 2 January 2010 11:52 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ပါရမီရှင် ရွက်ပုံးသီးဘောလုံးသမားများ ထွက်ပေါ်လာရေး၊ ဆောက်သမ်းမြန်မာအသင်းမှ မီဒီယာအရာရှိနှင့် အင်တာဗျူး

မြန်မာ့လက်ရွေးစင်အသင်း ရွှေခေတ်မှ အောင်မြင်မှုများ တဖြည်ဖြည်း နိမ့်ပါးလာခဲ့ရာတွင် အချက်အလက်ပေါင်း များစွာ ရှိသည့်အထဲမှ အဓိက အချက် တစ်ချက်လည်း ဖြစ်သည့် မြန်မာ့လက်ရွေးစင် အသင်း လူရွေးမှုအကြောင်း စာရေးသူ ပရိသတ်ထံ တင်ပြရန် စဉ်းစားဖြစ်ခဲ့သည်။ တစ်ချိန်က ရှမ်းပြည်နယ်၊ လင်းခေးမြို့တွင် လက်ရွေးစင် အဆင့်မှီ ပါရမီရှင် ကစားသမားကောင်း တစ်ယောက် ထွက်ပေါ်ခဲ့ဖူးကြောင်း အဆိုပါ ကစားသမားမှာ ကျောထောက်နောက်ခံ မကောင်းသဖြင့် တိုင်းနှင့် ပြည်နယ် အဆင့်ဆင့်တွင် အရွေးချယ် မခံခဲ့ရသော်လည်း ထိုင်းကလပ်တစ်ခုတွင် အလွန်အောင်မြင်သည့် ကစားသမားတစ်ယောက် ဖြစ်ခဲ့ကြောင်း စာရေးသူထံ ပြည်ပရောက် ညီငယ်လေး တစ်ယောက်က အသိပေးလာခဲ့သည်။ အမည် နေရပ် နှင့် အဆိုပါ ထိုင်းကလပ်အမည် တို့ကို Mutdfan.com က လေ့လာ စုံစမ်းဆဲ ဖြစ်သည်။
(1752) (20)
Last Updated at 13:33 GMT, Friday, 8 January 2010 13:33 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

သုံးနှစ်ပြည့်မက်ဖန်နဲ့ လိုအပ်နေသေးတဲ့ ကျွန်တော်တို့! (အမှတ်တရဆောင်းပါး)

ကဲ အကိုဇော်ရေ!
မက်ဖန်လေးရဲ့ မင်္ဂလာရှိသော အခါသမယလေးပါပဲ... အကိုဇော် မျိုးစေ့ချပေးထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်သော မက်ဖန်လေးဟာ ဒီနေ့ဆိုရင် သုံးနှစ်တင်းတင်း ပြည့်တဲ့နေ့ပဲပေါ့.. သုံးနှစ်သားအရွယ် မက်ဖန်လေးရဲ့ နေ့ထူးနေ့မြတ် မင်္ဂလာ အခါသမယလေးမှာ မက်ဖန်ရဲ့ အယ်ဒီတာချုပ် ကိုဇော်ဇော်နှင့် တကွ သတင်းရေးသားသူအပေါင်းရော မက်ဖန်ရဲ့ ထာဝရ အမာခံ ချစ်ပရိတ်သတ်ကြီးပါ သာယာပျော်ရွှင် ချမ်းမြေ့ပါစေလို့ ကျွန်တော်တော့ ဆုမွန်ကောင်း တောင်းရပါရဲ့ဗျာ...
(1438) (56)
Last Updated at 14:22 GMT, Tuesday, 12 January 2010 14:22 MM   Written by : ၀င်းမင်းဆန်း
ဆက်လက်ဖတ်ရှပါရန်
0 20 NEXT