Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

Mutdfan.com ၏ အောင်မြင်မှု နှင့် ကျေးဇူးတင်စကား

Mutdfan.com ထံသို့ အထက်ပါ စာကို  USA Server မှ ပို့လာခဲ့သည်။ Mutdfan.com အနေဖြင့် တစ်နေ့တခြား စာဖတ်သူ ပရိသတ်များ တိုးလာလျက် ရှိနေရာ တစ်လလျင် Bandwidth 200,000MB အသုံးပြုရန် ၀ယ်ယူထားရာမှ ယခုအခါ လမကုန်မီ ၃ ရက်အလို၌ပင် သတ်မှတ် Limit ပြည့်ရန် အနည်းငယ် မျှသာ လိုအပ်တော့သော (191476.40/200000.00 Megs) သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆာဗာမှ မကြာခဏ သတိပေးစာပို့လာနေသည်။
(3212) (96)
Last Updated at 22:0 GMT, Monday, 28 September 2009 22:0 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com အယ်ဒီတာချူပ်၏ သဘောထား အမြင် နှင့် ဖြတ်သန်းခဲ့ရသည့် ခရီးရှည်...

Personal တိုက်ခိုက်သည် ဆိုသည့် စကားထဲတွင် မန်ယူဖန်၊ ချယ်ဆီးဖန်၊ အာဆင်နယ်ဖန်၊ လီဗာပူးလ်ဖန် စသည်ဖြင့် ပရိသတ် အားလုံးကို သိမ်းကြုံး ပြောဆိုခြင်းလည်း ပါဝင်ပါသည်။

နောက်ဆုံး ဖြစ်လာခဲ့သည့် အခြေအနေမှာ အကြောင်း တစ်ခုကြောင့် တစ်ယောက်ယောက်ကို ဘန်းလိုက်မိသည်နှင့် ဟာငါတို့က ---ဖန်မို့ဘန်းတာ၊ --- ဖန်တွေကို ဘန်းနေပါတယ် စသည်ဖြင့် ပရိသတ်နှင့် အက်ဒမင်အကြား ရန်တိုက် ပေးနေသည့် လူတန်းစား တစ်ရပ် ပေါ်ပေါက် လာခဲ့ရသည်။
(4006) (62)
Last Updated at 14:50 GMT, Monday, 23 November 2009 14:50 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com ၏ တစ်ရာသီစာ ဘောလုံး ခန့်မှန်းပြိုင်ပွဲကို ပရိသတ်နှင့် မိတ်ဆက်ပေးခြင်း။

အမှတ်အများဆုံး ရတဲ့သူဟာ ၁ ယောက်ထက် ပိုနေရင်တော့ ဆုပေးမယ့် ကုန်ကျငွေကို ခွဲဝေပြီး သီးခြား ဆုတစ်ခု စီစဉ်သွားမှာ ဖြစ်သလို တစ်ယောက်ထဲ ဖြစ်နေမယ် ဆိုရင်တော့ ခန့်မှန်းပြိုင်ပွဲ ချန်ပီယံကြီးကို  သက်ဆိုင်ရာ အားပေးတဲ့ ဘောလုံးအသင်း အင်္ကျီ ( အစစ် ) တစ်ထည်ကို ဆုအဖြစ် ပေးအပ်သွားမှာ ဖြစ်ပြီး ကမ္ဘာတလွှားက ဘယ်နိုင်ငံမှာ နေသည် ဖြစ်စေ ပို့နိုင်အောင်  ချန်ပီယံကြိးရဲ့ လိပ်စာနဲ့ Online သက်ဆိုင်ရာ အသင်းရဲ့ တရားဝင် အရောင်းဆိုင်ကနေ တိုက်ရိုက် ၀ယ်ပေးသွားမှာ ဖြစ်ပါသည်။
(6452) (94)
Last Updated at 15:35 GMT, Sunday, 29 November 2009 15:35 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဒရော့ဘာနှင့် U2 ဘိုနို တို့ ပူးပေါင်းပြီး HIV လူနာရှင်များကို ကူညီမည့် အနီရောင် ဘိနပ်ကြိုးလေး အစီစဉ် (အထူးဆောင်းပါး)

"ကျွန်တော် ဒီဖိနပ်ကြိုးနီလေးကို သီတင်းတစ်ပတ်လုံး ၀တ်ဆင် ထားခဲ့ပါတယ်။ ကျွန်တော် အခုလို အောင်ပွဲတွေ ရလာတယ် ဆိုတာဟာ ဒီအတွက်ကြောင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အခုလို ၀တ်ဆင်ရတဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော့်အတွက် အလွန် အရေးကြီးတဲ့ လူတွေကို အကာအကွယ် ပေးချင်ပြီး သူတို့ဖက်က ကျွန်တော် ရပ်တည်နေပါကြောင်း သိစေချင်လို့ ဖြစ်ပါတယ်။ အဓိက ကျွန်တော့်အတွက် အရေးအကြီးဆုံး ကတော့ ကျွန်တော့်ရဲ့ ဇာတိ မြေအတွက် ဖြစ်ပါတယ်။ လူတွေကို ကျွန်တော် ၀တ်ဆင်ထားတဲ့ ဘိနပ်ကြိုး အနီလေးကတဆင့် ကျွန်တော် ခံစားနားလည် သလို နားလည်မှုတွေ ခွဲဝေ ပေးချင်ပါတယ်။ ဒါဟာ ဘာမှ မဟုတ်ပေမယ့် အလွန်အရေးကြီးတယ် လို့ ကျွန်တော် နားလည် ထားပါတယ်။ ဒီအရေးကြီးမှုဟာ ကျွန်တော် သွင်းခဲ့တဲ့ ဂိုးနှစ်ဂိုးထက်တောင်မှ ပိုပြီး အရေးကြီး လှပါတယ်။..




ချယ်လ်ဆီးတိုက်စစ်မှူး ဒရော့ဘာ
(1456) (22)
Last Updated at 18:57 GMT, Wednesday, 2 December 2009 18:57 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com ၏ အစီအစဉ်အသစ်နှင့် မိတ်ဆက်ပေးခြင်း၊

Mutdfan.com အနေဖြင့် ပရိသတ်များ ပိုမိုစိတ်ချမ်းသာ အဆင်ပြေ ပျော်ရွှင် စေရန် အတွက် အစီစဉ်သစ်များ ကြိုးစားရှာဖွေ တင်ဆက်လျက်ရှိရာ ယခုအခါလည်း အစီအစဉ်အသစ် အဖြစ် တစ်ပတ်အတွင်း ပရိသတ် အဖတ်အများဆုံး သတင်း၊ ဆောင်းပါး၊ ပေးစာ၊ Fan Writing, များကို ရွေးချယ် ဖေါ်ပြလျက် ရှိသလို Comments အများဆုံး သတင်းများကိုလည်း ရွေးချယ် ဖေါ်ပြလျက် ရှိနေပြီ ဖြစ်ပါသည်။ အဆိုပါ အစီစဉ်များအပြင် တစ်ပတ်အတွင်း ပရိသတ် အကြိုက်ဆုံး Comments ကိုလည်း ရွေးချယ် ဖေါ်ပြလျက် ရှိနေရာ မည်သည့် စံနှုန်းများဖြင့် ရွေးချယ်သနည်း၊ အက်ဒမင်များက သဘောကျသည့် ကော့မန့်များကို ရွေးချယ်လေ့ ရှိသလား အစရှိသဖြင့် မေးခွန်းအမျိုးမျိုး မေးမြန်းလာသူများလဲ ရှိနေပါသည်။
(1156) (12)
Last Updated at 12:24 GMT, Wednesday, 6 January 2010 12:24 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

သတင်းရေးသားသူများနှင့် ဘာသာပြန်ခြင်းအနုပညာ

မက်ဖန်လို့ အမည်နာမတွင်တဲ့ မြန်မာ့ဘောလုံးချစ်သူများ ဆုံဆည်းရာဆိုတဲ့ ၀ဘ်ဆိုဒ်သက်တမ်းလဲ သုံးနှစ်တာကလကို ကျော်လွန်လာခဲ့ပြီ ဖြစ်သလို ရသမျိုးစုံနဲ့ ကဏ္ဍမျိုးစုံဟာ မြန်မာ့အွန်လိုင်း အားကစားမှာ အတော်လေး အောင်မြင်လာခဲ့ပြီလို့ ဆိုရမှာပါ.. အယ်ဒီတာချုပ် ဦးဇော်ဇော်ရဲ့ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်မှုနဲ့အတူ သတင်းရေးသားသူများ၊ စာဖတ်ပရိတ်သတ်များရဲ့ ကူညီဖေးမမှုနဲ့ မက်ဖန်လေးဟာ မက်ဖန်လေးလို့ ဆိုရလောက်အောင် ကိုယ်ပိုင် ခံယူချက်၊ ကိုယ်ပိုင် အယူဝါဒနဲ့ ပရိတ်သတ်ကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါပြီ.. သတင်းရေးသားသူများရော အယ်ဒီတာချုပ် ဦးဇော်ဇော်ပါ ညီအကိုရင်းတွေသဖွယ်နဲ့ မက်ဖန်လေးကို စိုက်ပျိုးလာတာ အခုဆိုရင် မက်ဖန်လေးရဲ့ အရိပ်အာဝါသအောက်မှာ နားခိုနေသူ ဖန်ပေါင်းများစွာ ရှိနေခဲ့ပါပြီ.. မက်ဖန်အယ်ဒီတာနဲ့ သတင်းရေးသားသူတွေ ညီအကိုရင်းသဖွယ် ရှိနေသလို သတင်းရေးသားသူတွေနဲ့ မက်ဖန် ပရိတ်သတ်ကြားက ဆက်ဆံရေးဟာလဲ မိသားစုဆန်ဆန်နဲ့ နွေးနွေးထွေးထွေး တစ်သွေးထဲ တစ်သားထဲ ရှိနေခဲ့ကြတာပါ..
(1180) (20)
Last Updated at 8:12 GMT, Wednesday, 27 January 2010 8:12 MM   Written by : ၀င်းမင်းဆန်း
ဆက်လက်ဖတ်ရှပါရန်

သူတို့တွေဟာ လူသားတွေပါ

ယခုတစ်လော Mutdfan.com ပရိသတ်အတွက် တာဝန်မကျေသလို ခံစားနေခဲ့ရသည်။ သတင်းများ မရေးဖြစ်၊ မရေးဖြစ်သည့် အကြောင်းက စာရေးသူ ၀ါသနာပါရာ လူမှုရေးလုပ်ငန်းတစ်ခုအတွက် မကြာခဏ ခရီးထွက်နေရသောကြောင့် ဖြစ်သည်။ ထိုအချိန် Mutdfan.com တွင် Comments တိုက်ပွဲ ပြင်းထန်လာကြောင်း စာရေးသူကို သူငယ်ချင်း အချို့က လာသတိပေး နေကြသည်။ သို့သော် မတ်ဖန်ကို လှည့်မကြည့်နိုင်ခဲ့။ Mutdfan.com တွင် ပရိသတ်အချင်းချင်း အမြင်မတူမှု များကြောင့် တစ်ဦးကို တစ်ဦး လေးစားမှု လျော့နည်းလာခဲ့ကြကာ Comment တိုက်ပွဲ အဖြစ်လည်းကောင်း၊ စီဘောက်စ်နှင့် ပေးစာများတွင်တဖုံ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရင်း ပျော်စရော စိတ်ညစ်စရာများပါ ပြည့်လျံနေချိန် စာရေးသူ ရောက်ရှိခဲ့သည့် အခြားတစ်ဖက်တွင်မူ...........
(2720) (44)
Last Updated at 8:52 GMT, Thursday, 28 January 2010 8:52 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

မြင့်မြတ်၍ အကြင်နာတရား ပါရှိသော လှူဒါန်းမှုအတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည် တဲ့....(ခရီးစဉ် မှတ်တမ်း)

မရမ်းချောင်း အနာကြီးရောဂါသည်များ ပရဟိတ ဂေဟာသို့ တတိယအကြိမ်မြောက် ရောက်ခဲ့ပြန်ပါပြီ။ ဆန် ၂ အိတ်၊ ဆေး ၉၉၉၅၀ ကျပ် ဖိုး နှင့် ဝေဒနာသည်တွေအတွက် အထူးသီးသန့်ပြုလုပ်ပေးမည့် ဘိနပ်လုပ်ရန် ကုန်ကြမ်း ၈၅၀၀၀ ကျပ်ဖိုး သွားရောက် သွားရောက် ပေးပို့ ခဲ့ခြင်းဖြစ်သည်။ စာရေးသူက Leprosyhelp.org  ၏ မလေးရှားနိုင်ငံမှ အနာကြီးရောဂါသည် မသန်စွမ်း ဝေဒနာသည်များအတွက် ကူညီပေးရန် အလှူငွေလက်ခံပေးမည့်  ဆရာတော် ဥုးစရိယ ( ရတနာရာမကျောင်း ၊ N0, 30 SS2/72 Petaling Jaya, ) ကို မနက်ဖြန်တွင် တပည့်တော် မရမ်းချောင်း အနာကြီးရောဂါ ဝေဒနာသည်များထံ သွားပါမယ်ဘုရား၊ ဆရာတော် ဘာများ မှာစရာရှိပါသလဲဟု မေးမြန်းခဲ့ရာ ဆရာတော်က  " ဝေဒနာရှင်တွေကိုပြောပေးပါ ဦးဇင်းတို့ သူတို့နဲ့ ထပ်တူထပ်မျှ ရှိနေပါတယ်လို့ ပစ္စုပ္ပန်ကံ မကောင်းပေမဲ့ အနာဂတ်ကံကောင်းအောင် လုပ်ဖို့ရာအချိန်တွေ အများကြီးရှိပါတယ်၊ ကြားရ သိရတဲ့သူတိုင်းလဲ ကရုဏာစိတ်တွေ တဖွားဖွားဖြစ်ပြီး ကူညီဖို့ရာ အားကြိုးမာန်တတ်ဆောင်ရွက်နေကြတယ်" ဟု မိန့်ကြားပေးခဲ့သည်။
(1622) (30)
Last Updated at 16:52 GMT, Thursday, 18 February 2010 16:52 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဂျွန်တယ်ရီကို လူမှုရေးဖေါက်ပြန်သူအဖြစ် ဝေဖန်ထိုးနှက် တိုက်ခိုက်ခဲ့သူ တိဗက်စ်၏ အိမ်ထောင်ရေး ဖေါက်ပြန်မှု

အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ကားလို့စ်တိဗက်စ်က အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ လူမှုရေးဖေါက်ပြန်မှု သတင်းများနှင့် ပတ်သက်ပြီး အာဂျင်တီးနား မှာသာဆိုလျင် ဂျွန်တယ်ရီ၏ လုပ်ရပ်သည် အသတ် ခံရလောက်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချအပြီး တစ်ရက်အကြာတွင် သူနှင့် မော်ဒယ်လ်မလေး တစ်ဦး ဖေါက်ပြန်နေသည်ကို တိတိကျကျ ဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဗြိတိန် သတင်းများတွင် ဖေါ်ပြခဲ့သည်။
(5862) (43)
Last Updated at 17:30 GMT, Monday, 8 March 2010 17:30 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဆီမီးတစ်တိုင်မှ အစပြု၍ မငြိမ်းသော အလင်းစုဆီသို့ .....

ဆီမီးတစ်တိုင်မှ အလင်းရောင် ကူးယူခြင်းဖြင့် မူလဆီမီးတိုင်တွင် မည်သည့်အရာမှ ယုတ်လျော့နည်းပါးသွားသည်ဟူ၍ မရှိသလို အခြားကူးယူသွားသည့် ဆီမီးတိုင်များကြောင့် အလင်းအား ပိုမိုကောင်းမွန်လာရပေလိမ့်မည်။ ထို့အတူ အများအကျိုးပြု လူမှုရေးလုပ်ငန်းများသည်လည်း တစ်ယောက်အားနှင့်၊ တစ်စုအားနှင့်၊ တစ်ဖွဲ့အားနှင့်  ပြည့်စုံအောင် ရပ်တည်နိုင်သည်ဟူ၍ မဖြစ်နိုင်ဘဲ အားလုံး၏ စုပေါင်းပါဝင်မှုဖြင့်သာ ပိုမိုစွမ်းဆောင်ရည် ပြည့်ဝစွာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ မိမိကိုယ်တိုင် အများကောင်းကျိုးဖြစ်စေမည့် လုပ်ရပ်များကို လုပ်ဆောင်နေရုံနှင့် မပြည့်စုံသေးဘဲ မိမိရှင်သန်ရပ်တည်ရာ ပတ်ဝန်းကျင်၊ ဆက်စပ်ပတ်သက်နေသူများကိုပါ ယင်းကဲ့သို့ အများ အကျိုးရှိစေမည့် လုပ်ရပ်များတွင် ပါဝင်လာရေး စည်းရုံးလှုံ့ဆော်နိုင်မည်၊ ဆွဲဆောင်နိုင်မည်ဆိုပါက အားလုံးအတွက် ပိုမိုအကျိုးရှိလာမည်ဖြစ်သလို အချင်းချင်းကြား မိတ်ဆွေစစ်စိတ်ဓါတ်မျိုးနှင့် အလေးထား ဆက်ဆံရေးများ မလွဲမသွေ ဖြစ်ပေါ်လာပါလိမ့်မည်။
(2232) (18)
Last Updated at 0:48 GMT, Tuesday, 16 March 2010 0:48 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

မရမ်းချောင်း ခရီးစဉ်၏ ပီတိ

 ဂေဟာအတွင်း ဝေဒနာသည်များကို အဖွါးနေကောင်းရဲ့လား၊ အဘ နေကောင်းရဲ့လား စသည်ဖြင့် လိုက်လံနုတ်ဆက်ရင်း နေ့လည် ဆယ့်တစ်နာရီခန့်တွင် အလှူရှင်တို့ လှူဒါန်းထားသည့် ထမင်းများကို ဝေဒနာသည်တို့ စားသောက်ကြမည့် အချက်ပေး သံချောင်း ခေါက်သံလေး ကြားလိုက်ရသည်။ အားလုံး အသားဟင်းနှင့် စားဖွယ် စုံစုံလင်လင်ကို ချို့ ယွင်းသွားပြီး ကျန်ရှိနေသည့် လက်တိုတိုလေးများကြား ဇွန်းလေးများ ညှပ်ပြီး မှိန်ရေ ယှက်ရေ စားသောက်နေပုံများကို ကြည့်ရင်း ရင်ထဲမှာ ကြည်နူးမိ သလိုလို ၀မ်းနည်းမိ သလိုလို ခံစားနေမိသည်။ ကြည်နူးမိသည်က နေ့စဉ် ပဲရည်ကျဲလေးနဲ့ နှစ်ပါး သွားနေရသူ ဝေဒနာရှင်တို့ကို ဒီနေ့ အသားဟင်းများ ဟင်းရည်များ၊ ရေခဲမုန့်များဖြင့် စုံစုံလင်လင် စားသောက် နေသည်ကို မြင်တွေ့ရသဖြင့် ဖြစ်သလို ၀မ်းနည်းသည်က လူအချင်းချင်း ဖြစ်ပါလျက် သူတို့တွေမှာ အတိတ် ကံ မကောင်းသူတွေအဖြစ် ခံစားမိနေခြင်း ဖြစ်သည်။ အနာဂတ် ကံကောင်းအောင် အားလုံးစုပေါင်းအားဖြင့် ဂရုဏာ သက်နေသူတို့က စုပေါင်းပြီး ကူညီနေကြပြီမို့ အဆင်ပြေတော့မှာပါ ဟု  စာရေးသူတို့ Leprosyhelp.org ကို ဒိုင်ခံ ကူညီနေသော မလေးရှားနိုင်ငံ ရတနာရာမကျောင်း မှ ဆရာတော်ဥုးစရိယ ၏ အမှာစကားကိုလည်း ပြန်လည် သတိရနေမိသည်။
(928) (15)
Last Updated at 20:43 GMT, Saturday, 27 March 2010 20:43 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

မတ်ဖန် မိသားစု အတာသင်္ကြန် နှစ်သစ်ကူးအလှူ

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အဖြစ် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် စိတ်သစ် လူသစ် အတွေးသစ်များအဖြစ် နှစ်သစ်တစ်ခုကို ဖြတ်သန်းရန် စတင်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုကြသည်နှင့် အညီ မတ်ဖန်မှ ဘောလုံးပရိသတ် ညီအစ်ကို မောင်နှမ များသည်လည်း နှစ်သစ်ကို သန့် စင်မွန်မြတ်သော ကြိုးပမ်းအားထုတ် မှု များဖြစ်သည့် အားနည်းသူကို ဖေးကူ၊ အကူအညီလိုသူကို ထောက်ပံ့ခြင်းဖြင့် အတ္တနှင့် ပရ မျှတစွာ အများအကျိုးကို ယခုကဲ့သို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက် နေကြခြင်းကို အထူးပင် လေးစားမိပါသည်။
(876) (5)
Last Updated at 17:58 GMT, Monday, 5 April 2010 17:58 MM   Written by : ဥမ္မာ
ဆက်လက်ဖတ်ရှပါရန်

မတ်ဖန် သင်္ကြန် စုပေါင်းအလှူ အကြောင်း တင်ပြခြင်း

Mutdfan.com မှ ပရိသတ်များ၏ စုပေါင်းအလှူအဖြစ် သင်္ကြန်မတိုင်ခင် တစ်လခန့်က ပရိသတ်တို့အချို့မှ ဦးစီးပြီး အလှူခံခဲ့ရာ မတ်ဖန်မိသားစု စေတနာရှင် အမာခံ ပရိသတ်တို့၏ အလှူငွေအဖြစ် ငွေ ၁,၃၅၀,၀၀၀ ကျပ် (ကျပ် တစ်ဆယ့်သုံးသိန်း ငါးသောင်းတိတိ) လက်ခံ ရရှိခဲ့ပါသဖြင့် အံ့သြ ၀မ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ် ခေါ်ဆိုမိခဲ့ပါသည်။
(852) (8)
Last Updated at 2:7 GMT, Sunday, 18 April 2010 2:7 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

လက်ဘက်ရည်လေး သောက်ချင်တယ်- ဆိုသည့် ဝေဒနာသည် တစ်ဦးနှင့် မတ်ဖန် မိသားစုဝင်များ၏ အလှူ ခရီးစဉ်မှတ်တမ်း

စေတနာရှင် ကိုဘိုဘိုဟိန်း နှင့်မိသားစုဝင်များ ၊ Lotus Foundation တို့မှ လှူဒါန်းထားသော  ပီနံအိတ် ၁၂ လုံးစာ အ၀တ်အစား အသစ်အဟောင်း အမယ်စုံနှင့်  စာအုပ်များကို  မနေ့က ကမ္ဘာ့အလုပ်သမားနေ့ တွင် မရမ်းချောင်း အနာကြီးရောဂါ ဝေဒနာသည်များအတွက် သွားရောက်လှူဒါန်းပေးရန် စီစဉ်ထားခဲ့သည်။ ပစ္စည်းများ နေသဖြင့် ဆလွန်းကားနှင့် မဆန့်ဘဲ ပစ်ကပ်ကားနှင့်မှ အဆင်ပြေမည့် အနေအထား ဖြစ်နေသဖြင့် ကားအကူအညီ တောင်းခံခဲ့ရာ မတ်ဖန်မှ စာရေးသူ၏ ညီလေးသဖွယ် ခင်မင်နေသည့် ကိုနောင်နောင် ( Peaceboy ) က သူ၏ အစ်ကို ကိုအောင်ကြည်ဇင် ၏ အကူအညီပေးမှုဖြင့်  မေဒေးနေ့တွင် နားရက် မယူကြဘဲ မရမ်းချောင်းသို့ မနက် ၇ နာရီတွင် သွားရောက် နိုင်ခဲ့ကြသည်။
(1284) (14)
Last Updated at 14:31 GMT, Sunday, 2 May 2010 14:31 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com မှ ဦးစီးကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခန့်မှန်းဖြေဆိုပြိုင်ပွဲ

ကျွန်တော်တို့ မန်ဖန်အဖွဲ့လေးမှ ဦးစီးပြီး ကမ္ဘာ့ဖလား ခန့်မှန်း ဖြေဆိုပြိုင်ပွဲလေးအား ကျင်းပသွားမည် ဖြစ်သည်။ လိဂ်ဘောလုံးရာသီ ကုန်ဆုံးပြီးနောက်ပိုင်း မတ်ဖန်ပရိသတ်များ အတွက် အမ္ဘာ့ဖလားအား ပိုမို စိတ်ဝင်စား ရင်ခုန်စေနိုင်ရန်  ခန့်မှန်းပြိုင်ပွဲလေးအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်ဖန်ပရိသတ်တွေ အားလုံး ရင်ခုန်စွာနှင့် ပျော်ရွင်စွာ  ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ကျွန်တော်တို့ မတ်ဖန် ၀ိုင်းတော်သားများ အဖွဲ့မှ ပြောကြားလိုပါတယ်။
(13468) (282)
Last Updated at 13:43 GMT, Wednesday, 5 May 2010 13:43 MM   Written by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

မတ်ဖန်၏ တစ်ရာသီစာ ဘောလုံးခန့်မှန်း ပြိုင်ပွဲ ဆုရသူများကို ဂုဏ်ပြုခြင်း၊

Mutdfan.com မှ ဘောလုံးပရိသတ် တစ်ဦးဖြစ်သော "ကိုကျောင်းသား" ၏ စိတ်ကူး စိတ်သန်းလေးကို Web Programming နည်းပညာလေးဖြင့် ပေါင်းစပ်ပြီး "Mutdfan.com တစ်ရာသီစာ ဘောလုံး ခန့်မှန်း ပြိုင်ပွဲလေးအဖြစ် ဖန်တီးပေးခဲ့ရာ မတ်ဖန်၏ ဘောလုံးပရိသတ် ပေါင်း ၁၉၀၇ ဦးအထိ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြသလို ယခုအခါ ရာသီသိမ်းပြီ ဖြစ်သဖြင့် ဆုရ ပုဂ္ဂိုလ် သုံးဦး ထွက်ပေါ် ခဲ့သည်။
(3916) (42)
Last Updated at 20:47 GMT, Monday, 10 May 2010 20:47 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

အညိုးပန်းများ အတွက် ကျွန်ုပ်တို့၏ လက်တစ်ဘက်...

လွန်ခဲ့သော သုံးရက်ကတည်းက မရမ်းချောင်း အလှူအတွက် စီစဉ်နေရသည်မှာ ရန်ကုန်မြို့၏ နွေနေပူက စာရေးသူတို့ လူသိုက်နှင့် လားလားမှ မသက်ဆိုင် သည့်အလား။ မရမ်းချောင်း ပရဟိတ ကျွေးမွေး စောင့်ရှောက်ရေး ဂေဟာသို့ စာရေးသူတို့၏ အနာကြီးရောဂါ ကျွေးမွေး စောင့်ရှောက်ရေး ဖေါင်ဒေးရှင်း ၀ဘ်ဆိုဒ် leprosyehlp.org လေးမှတဆင့် သိရပြီး ကိုယ်ချင်း စာနာကြကာ လှူဒါန်းချင်ကြသဖြင့် စင်္ကာပူမှ စေတနာရှင် အလှူရှင်တို့ စုပေါင်း လှူဒါန်းထားသော အလှူငွေများဖြင့် အလှူ လုပ်လိုကြောင်း လွန်ခဲ့သော သီတင်းတစ်ပတ်က စင်္ကာပူမှ ခေတ္တရောက်ရှိနေသူ အဖွဲ့ကိုယ်စားလှယ် ဦးနွယ်ဝင်း က လာရောက် အကူအညီ တောင်းခံ ထားသဖြင့် လိုအပ်သော ပစ္စည်းများ လိုက်ဝယ် နေကြခြင်း ဖြစ်သည်။ ဂေဟာတွင် အခက်အခဲ ရှိနေသော မီးကိစ္စအတွက် မီးစက်တစ်လုံး၊ ဆန် ၁၅ အိတ်၊ ဆီ၊ အ၀တ်အထည် နှင့် စားစရာများ ကျပ် ၂၁ သိန်းဖိုး သွားရောက် လှူဒါန်း ဖြစ်ခဲ့ကြသည်။  ယခုတစ်ခေါက် မရမ်းချောင်းသို့ သွားရသည်က ယခင် သွားရသည်ထက် ပိုမို တက်ကြွ နေမိသည်။ ဝေဒနာရှင်များကို သီးခြား သတင်းကောင်း ပေးစရာများက ရှိနေသည် မဟုတ်ပါလော...
(1410) (26)
Last Updated at 19:36 GMT, Friday, 14 May 2010 19:36 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ရွှေကိုမလို ရေကိုလိုသည်...

ယနေ့နံနက် စောစော မနက်ငါးနာရီခန့် အိပ်ယာမှ လူးလဲထကာ ခရီးစဉ်သို့ လိုက်ပါကြမည့် ကိုနော်နောင် နှင့် ကိုသီဟ တို့ထံ ဖုန်းအဆက်အသွယ် ရရှိပြီးသည်နှင့် ရန်ကုန်မြို့မှ သံလျင်မြို့နယ်အတွင်းရှိ ရေပြတ်လပ်နေသည်ဟု သတင်းများ ကြားထားရသော ကုလားဝဲ ကျေးရွာ၊ ညောင်လေးပင်ရွာ၊ ငါးပြေမ၊ ထော်သွန်၊ စစ်ပင်ကွင်း ကျေးရွာများသို့ အလှူခရီးစဉ်အကြို ကွင်းဆင်း လေ့လာရေး ခရီစဉ် စတင်ခဲ့သည်။
(3042) (23)
Last Updated at 14:18 GMT, Saturday, 15 May 2010 14:18 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ရုပ်ရှင်နှင့် ဗွီဒီယို မင်းသား မင်းသမီးများ ပူးပေါင်းပါဝင် လာသော Mutdfan.com ၏ စုပေါင်း ရေအလှူ၊

မိုးခေါင် ရေရှား ဖြစ်နေသော ရန်ကုန်တိုင်း သံလျင်မြို့နယ်ရှိ ကျေးရွာနေ ပြည်သူများထံသို့ မတ်ဖန်ပရိသတ် များနှင့် အခြား စေတနာရှင်များ၏ စုပေါင်း အလှူငွေများ ဖြင့် ရေလှူဒါန်း နိုင်ရန်အတွက် မနေ့ကတည်းက ကွင်းဆင်း လေ့လာရေး ခရီးစဉ် စတင် လှုတ်ရှားခဲ့သလို ယနေ့နံနက် ငါးနာရီမှ ထပ်မံ အစပြုကာ ရန်ကုန်မြို့မှ စီစဉ်စရာ ရှိသည်များ စီစဉ်အပြီး နေ့လည် ၁၀ နာရီခန့်တွင်  မတ်ဖန် ရေလှူဒါန်းရေး အဖွဲ့ဝင်များ၊ မတ်ဖန်နှင့်အတူ ပူးပေါင်း ပါဝင်လာသော အနုပညာရှင် ရုပ်ရှင်နှင့် ဗွီဒီယို မင်းသား၊ မင်းသမီးတို့ သံလျင် မြို့နယ် သို့ သွားရောက် ရေလှူဒါန်း ဖြစ်ခဲ့သည်။
(4352) (55)
Last Updated at 0:46 GMT, Monday, 17 May 2010 0:46 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

မိုးအနည်းငယ် ရွာသော်လည်း ရေမရသည့် ကျေးလက်များ ရေအတွက် အခက်တွေ့နေဆဲ..........

ယနေ့ နေ့လည် ၁၂ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့မှ သံလျင်မြို့နယ်ရှိ ကျေးရွာများသို့ ရေပြတ်လပ်မှု အခြေအနေနှင့် အ၀ီစိတွင်းတူးပေးမည့် အနေအထား များအတွက် ထပ်မံ ကွင်းဆင်း လေ့လာ ဖြစ်ခဲ့သည်။ မနေ့က ရန်ကုန်မြို့တွင် မိုးရွာခဲ့သည်။ နေ့လယ်ပိုင်းက တစ်ကြိမ်၊ ည၁၂ နာရီခန့်က  မိုးနှစ်ကြိမ်တိုင်တိုင် မိုးရွာသွန်းခဲ့သဖြင့် ပြည်သူအများ ပျော်ရွှင်ခဲ့ကြသည်။ ပထမဦးဆုံး စတင်ရွာသွန်းသည့် မိုးရေများကို အိမ်ထဲနေ ပြည်သူများပင် အပြင်ထွက် ကြည့်သူကကြည့်ဖြင့် ပျော်ရွင် နေခဲ့ကြသည်။ ညဖက်လည်း အလွန်သည်းထန်စွာ ထပ်မံရွာသွန်းခဲ့သေးသဖြင့် မိုးခေါင်ရေရှားပြီး ရေအတွက် အလွန်အခက်တွေ့နေသော ကျေးလက်နေ ပြည်သူများအတွက် အဆင်ပြေပြီဟု မျှော်လင့် နေကြသည်။ သို့သော်......
(1636) (8)
Last Updated at 20:26 GMT, Tuesday, 18 May 2010 20:26 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်
0 20 40 NEXT