စာမူတင်တာပျောက်သွားပါသဖြင့်Posted By : rookierooney Read more |
မတ်ဖန်ဘောလုံးအသင်း ကစားသမားများသို့...Posted By : ဇော်ဇော် Read more |
queryPosted By : char2lan Read more |
ပက္ခူရေဘေးPosted By : aungaung22 Read more |
ချယ်ဆီးအသင်းနှင့် ပွဲဦးထွက်ပွဲတွင် ၃ဂိုးအနိုင်ရနေရာမှ သရေကျခဲ့ရသည့်အတွက် မချင့်မရဲ ဖြစ်နေသည့် ချယ်ဆီးနောက်ခံလူသစ် ဂျယ်ရီကာဟေးလ်ဒီပွဲရလာဒ်က ကျွန်တော်တို့ ရှုံးပွဲတွေ့သလိုမျိုး ကျွန်တော်ကို မချင့်မရဲ ခံစားစေပါတယ်။ ဒီရလာဒ်က စိတ်ဓါတ် နည်းနည်းကျစေခဲ့ပြီး ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ရင်ခုန်ဖွယ်ကောင်းတဲ့ ပွဲတစ်ပွဲကို ကိုယ်တိုင်ပါဝင် ကစားခဲ့ပြီး အဆုံးသတ် မကောင်းခဲ့ပါဘူး။ ဒီလိုပွဲမျိုးကို ခင်ဗျားလဲ ပါဝင်ကစားချင်မိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၃ဂိုးအသာနဲ့ ဦးဆောင်နေချိန်မှာ အနိုင်ရမယ်လို့ မျှော်လင့်ထားတာကြောင့် ကျွန်တော်ရဲ့ ပွဲစဉ်ထွက် ရလာဒ်က ကျွန်တော်ကို စိတ်ပျက်စေခဲ့ပါတယ်။ |
အရှုံးကနေ ပြန်လာနိုင်တာကို ကျေနပ်တယ် ၊ ဒါပေမယ့် (၂) မှတ် ဆုံးရှုံးသွားတဲ့ အတွက် စိတ်ပျက် မိတယ် (၀ိန်းရွန်းနီ)ယမန်နေ့က ကစားခဲ့သည့် မန်ချက်စတာ ယူနိုက်တက်နှင့် ချဲလ်ဆီးတို့ ပွဲအပြီးတွင် မန်ယူ၏ တိုက်စစ်မှုး ၀ိန်းရွန်းနီက နောက်ကျခြေပဂိုး (၃) ဂိုးဖြင့် ပြန်လည် တုန့်ပြန်နိုင်ခဲ့သည့် အတွက် ကျေနပ်မိသော်လည်း (၂) မှတ်ဆုံးရှုံးခဲ့ရ သဖြင့် စိတ်ပျက် လက်ပျက် ဖြစ်မိကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည် ။ အဆိုပါ ပွဲစဉ်တွင် ချဲလ်ဆီးအသင်းက မန်ယူအသင်းအား ၃-၀ ဖြင့် ဦးဆောင်နေရာမှ ပင်နတီ (၂) လုံး နှင့်အတူ ဟာနန်ဒတ်၏ နောက်ကျ ခြေပဂိုးတို့ကြောင့် ပွဲအပြီးတွင် (၃-၃) ဖြင့် ပြီးဆုံးသွားခဲ့သည် ။ သို့သော် ရွန်းနီက အရှုံးကနေ ပြန်လာနိုင်ခဲ့သဖြင့် ကျေနပ်သော်လည်း ဇယားထိပ်တွင် ဦးဆောင်နေသည့် မန်စီးတီး အသင်းနှင့် (၂) မှတ်ကွာဟ သွားသည့် အတွက် စိတ်ပျက် မိကြောင်း ကို.. |
ဗန်ပါစီအား ခေါ်ယူရန် ကြိုးစားနေသည် ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင့် ဘာစီလိုနာ အသင်း ငြင်းဆိုအာဆင်နယ်ရဲ့ တိုက်စစ်မှုး ဗန်ပါစီကို ဘာစီလိုနာ အသင်းက စိတ်ဝင်စားနေတယ်လို့ အစောပိုင်းမှာ သတင်းများ ထွက်ခဲ့ပြီးနောက် ယနေ့မှာတော့ ဘာစီလိုနာ အသင်း ဒုတိယ ဥက္ကဌ ဖြစ်သူက အဆိုပါသတင်းများကို ပယ်ချ သွားခဲ့ပါတယ် ။ အဆိုပါ ဂန်းနား တိုက်စစ်မှုးရဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၃ မှာကုန်ဆုံးတော့မှာ ဖြစ်သလို ၊ ယခုနှစ်မှာ ခြေစွမ်းအရမ်း ပြလွန်းနေတာကြောင့်လည်း အသင်းကြီး တော်တော်များများက သူ့ကို ခေါ်ယူချင်နေကြတာပါ ။ အဲ့ဒီ အသင်းတွေထဲမှာ ဘာစီလိုနာလည်း ပါဝင်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါသေးတယ် ။ |
|
|
|
|
စတမ်းဖို့ဘရစ်ခ်ျမှာ နောက်ကျချေပဂိုးတွေဖြင့် အမှတ်တစ်မှတ်ပြန်လည် ရယူခဲ့သည် မန်ယူ (သို့မဟုတ်) အနိုင်မှ သရေ ရလဒ်သို့ရောက်ရှိပြီး အမှတ်ခွဲဝေပေးလိုက်ရသည့် ချဲလ်ဆီးဖေဖော်ဝါရီလ ၁၅ ရက် ၊ တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အဖြစ် စတမ်းဖို့ဘရစ်ခ်ျမှာ ချဲလ်ဆီး နှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပထမအကြော့ မန်ယူကွင်းမှာတော့ မန်ယူအသင်းက ၃ - ၁ ရလဒ်ဖြင့် ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့ပြီး ယခုပွဲမှာတော့ ၃-၃ ရလဒ်ဖြင့် တစ်မှတ်စီခွဲယူသွားခဲ့ကြသည် ။ |
ယနေ့ကန်မည့် မန်ယူနှင့် ပွဲစဉ်အတွင်း တောရက်စ်မှ ဂိုးမသွင်း နိုင်မှုအား အဆုံးသတ်သွားဖို့ ဦးတည် ကစားသွားနိုင်ချဲလ်ဆီး အသင်း၏ တိုက်စစ်မှူး ဖြစ်သူ ဖာနန်ဒို တောရက်စ်သည် ယခုနှစ် (၂၀၁၁-၂၀၁၂)ရာသီအတွင်း ချဲလ်ဆီးအသင်းအတွက် ၄ ဂိုးသာ သွင်းပေးနိုင်ထားပြီး လပေါင်းများစွာ ဂိုးပေါက် ပျောက်နေမှုအား အဆုံးသတ် သွားဖို့ ဆာလောင်နေသည်ဟု ဆန်းသတင်းက ရေးသားခဲ့သည်။ |
ဂျွန်တယ်ရီအပေါ် အင်္ဂလန်အသင်းရဲ့ ဝရုန်းသုန်းကား ဖြစ်မှုများသို့ကြောင့် ဇူလိုင်လတွင်းမှ တယ်ရီ၏ အမှုအား ကြားနာဖို့ အမိန့်ချထားသော အက်ဖ်အေ (အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်) အနေဖြင့် တယ်ရီအား အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အမှန်တကယ် မရှိမဖြစ် လိုအပ်နေသည်မှာ ထင်ရှားနေခဲ့ပြီး နောက်ဆုံးတွင် ကာပယ်လို၏ ဆန္ဒကို ဖြည့်ဆည်းသွားဖွယ် ရှိနေသည်။ သို့သော်လည်း ပြစ်ဒဏ်ထင်ရှားမှု ရှိမရှိ မသိရသေးသော်လည်း အမှုစစ်ဆေးကြားနာမှု မတိုင်ခင်အချိန်တွင် အင်္ဂလန် အသင်းခေါင်းဆောင် လက်ပတ် ဖြုတ်ခံခဲ့ရသော တယ်ရီ၏ ပြဿနာအား ရင်ဆိုင်ရမည့် ပထမဆုံး လူသည် ချဲလ်ဆီး နည်းပြ ဗီးလပ်စ်-ဘိုအာ့စ်ပင် ဖြစ်ပေလိမ့်မည်။ ဘိုအာ့စ်သည် တယ်ရီနှင့် အနီးကပ်ဆုံး ဆတ်ဆံ နေရသူ ဖြစ်ပြီး အခြားနိုင်ငံသား များစွာ ရှိသော ချဲလ်ဆီးအသင်းတွင် တယ်ရီနှင့် အခြားကစားသမားများ အကြား ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအတွက် ခေါင်းစားရမည့်သူ ဖြစ်သည်။ |
တီဗက်သာ ပြန်လာမယ်ဆိုရင် သူ့အတွက် အခွင့်အရေးတွေ ရှိလာမှာပါ - မန်စီနီမန်စီးတီးအသင်းနည်းပြ မန်စီနီက အသင်းနှင့် ပြဿများစွာဖြစ်နေသူ တိုက်စစ်မှူး ကားလို့စ်တီဗက်အနေနှင့် ကြံ့ခိုင်မှု့ပြည့်ဝစွာ အသင်းနှင့် ပူးပေါင်းနိုင်ခဲ့လျှင် ပွဲထွက်ကစားခွင့်အတွက် စဉ်းစားပေးသွားမည်ဟု ဖွင့်ဟလိုက်သည်။ မန်စီနီနှင့် တီဗက်တို့ဟာ လွန်ခဲ့သော စက်တင်ဘာလက ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် မန်စီနီက တီဗက်အား လူစားလဲဝင်ရောက်ကစားရန် ညွှန်ကြားချက်ကို တီဗက်မှ ငြင်းဆန်ခဲ့ရာမှ စတင်ခဲ့ပြီး ယခုချိန်အထိ အဆင်မပြေ ဖြစ်နေကြသူများဖြစ်သည်။ ပြီးခဲ့သော ဇန်န၀ါရီ အပြောင်းအရွှေ့မှာ တီဗက်အား အေစီမီလန်နှင့် ပီအက်ဂျီ အသင်းတို့က ကမ်းလှမ်းမှု့များ ပြုလုပ်ခဲ့ကြသော်လည်း အောင်မြင်မှု့မရရှိခဲ့ပေ။ |
ဟီဂူအင်ကိုရောင်းပြီး မန်စီးတီးတိုက်စစ်မှုးအဂူရိုအားခေါ်ယူရန် ရီးရဲလ်ဥက္ကဌ ပီရက်ဇ် စိတ်ကူးချဲလ်ဆီးသည် ရီးရဲလ်တိုက်စစ်မှုးဟီဂူအင်အား ပေါင်(၃၃)သန်းဖြင့်ခေါ်ယူရန်ဆန္ဒရှိနေပြီး ရီးရဲလ်ကလည်း အဆိုပါကမ်းလှမ်းမှုကိုလက်ခံသွားရန်စဉ်းစားနေသည်။ သို့သော်ဟီဂူအင်သည် ချဲလ်ဆီးသို့ပြောင်းရွှေ့ရန် ကမ်းလှမ်းချက်ကိုပယ်ချထားခဲ့သည်။ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်ကိုယ်တိုင်ကလည်း အဂူရိုကို ယခုနွေရာသီတွင် ခေါ်ယူနိုင်ရန်မှာ မဖြစ်နိုင်သေးကြောင်းကို ၀န်ခံထားခဲ့သည်။ လက်ရှိအချိန်တွင်အဂူရိုသည် နည်းပြမန်စီနီ၏ မန်စီးတီးအသင်းတွင် အဓိကနေရာမှ ပါဝင်နေရသော ကစားသမား တစ်ဦးဖြစ်နေသည်။ အထူးသဖြင့်မန်စီးတီး၏ (၄၄)နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံ လမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိအောင် အဓိကနေရာမှာပါဝင်ပံ့ပိုးပေးနေသူလည်းဖြစ်သည်။ |
|
ဘောလုံးမကစားဘဲ အနီကဒ်ပြခံခဲ့ရသောအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဘောလုံးအကျော်အမော် ဘက်ခမ်းတစ်ယောက် ကလေးဘောလုံးပွဲတစ်ခုတွင် ကွင်းလယ်ဒိုင်က ကွင်းပြင်ပသို့ ထွက်ခွာရန် ပြောကြားခဲ့သည်။ ဘက်ခမ်းက သူရဲ့သား ရိုမီယို ကစားသောကလေးဘောလုံးပွဲကို သွားရောက်ကြည့်ရှုစဉ် ယခုလိုဒိုင်မှနှင်ထုတ်ခြင်း ခံခဲ့ရသည်။ဘက်ခမ်းသည် ၁၉၉၈ ခုတွင် အာဂျင်တီးနားနဲကစားသော ကမ္ဘာဖလားပွဲစဉ် ၁ ခုတွင် အနီကဒ် ရရှိခဲ့သည်။ |
|
အန္တရယ်ဖြစ်စေနိုင်သည့် ခြေစုံပစ်၍ ဘောလုံးဖျက်ထုတ်မှုကို အမိန့်ထုတ် တားဆီးလိုက်သည့် ဒိုင်လူကြီးများအဖွဲ့အစည်းကစားသမားများသည် ဘောလုံးဖျက်ထုတ်ရာတွင် ခြေစုံပစ်၍ တားဆီးခြင်းသည် အနီကဒ်ပြသရန်အတွက် အရဲစွန့်ခြင်းသာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ဒိုင်လူကြီးများ အဖွဲ့အစည်းမှ အကြီးအကဲများက အတည်ပြု ပြောဆိုလိုက်သည်။ ပရီးမီးယားလိဂ် ဒိုင်လူကြီးများ အဖွဲ့အစည်းသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ခြေစုံပစ်၍ ဘောလုံးဖျက်ထုတ်မှုများကို ဥပမာပေး ရိုက်ကူးထားသည့် ဒီဗီဒီခွေနှင့် အကြောင်းကြားစာများကို ကလပ်အသင်းအားလုံးဆီသို့ ပေးပို့ခဲ့ကြောင်း စပေါ့မေးလ် သတင်းစာအရ သိရှိရသည်။ |
တော့တင်ဟမ်း ကြယ်ပွင့် ဘေးလ်ကို စိတ်ဝင်စားနေကြောင်း ပြသလိုက်သည့် ဘာစီလိုနာအသင်းဘာစီလိုနာအသင်းသည် နွေရာသီအပြောင်းအရွေ့တွင် ကမ်းလှမ်းနိုင်ရန် ပြင်ဆင်သည့်အနေဖြင့် တော့တင်ဟမ်း ကြယ်ပွင့် ဂျာရတ်ဘေးလ်၏ ကစားပုံကို ခုနှစ်ကြိမ်ခန့် စောင့်ကြည့်လေ့လာခဲ့ကြောင်း ဒေးလီမေးလ် သတင်းစာအရ သိရှိရသည်။ စပါးအသင်း ဥက္ကဌ ဒန်နယ်လီဗိုင်းကမူ ၎င်း၏တောင်ပံ ကစားသမားကို ရောင်းချသွားမည် မဟုတ်ကြောင်း ငြင်းဆိုထားသော် လည်း ဥရောပ ချန်ပီယံအသင်းမှ လန်ဒန်အသင်း မက်မောလောက်စေမည့် ကမ်းလှမ်းမှုတစ်ခုအဖြစ် ပေါင်သန်း၄၀ကျော် အသုံပြု၍ ကမ်းလှမ်းသွားဖွယ် ရှိကြောင်း သိရှိရသည်။ |
တစ်ယောက်လျော့ ဘလက်ဘန်းကို အမ်းမရိတ်မှာ ဂိုးမိုးရွာလိုက်တဲ့ အာဆင်နယ်... (အာဆင်နယ် ၇ - ၁ ဘလက်ဘန်း)ယနေ့ည အမ်းမရိတ် ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာဆင်နယ် အသင်းနှင့် ဘလက်ဘန်း အသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ပွဲစ ၁၉ စက္ကန့်မှာပင် ဗန်ပါစီ၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် မိနစ်(၃၀)တွင် ဘလက်ဘန်းအတွက် ခြေပဂိုးအား ပီဒါဆန်က ပစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်သွင်းယူပေးခဲ့ခြင်းကြောင့် (၁-၁)သရေဖြစ်သွားခဲ့သော်လည်း ပထမပိုင်း မပြီးဆုံးမှီတွင် ဗန်ပါစီနှင့် ချိန်ဘာလိန်တို့က ဒုတိယဂိုးနှင့် တတိယဂိုးများ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် အာဆင်နယ်တို့ (၃-၁)ဖြင့် အနိုင်ရရှိနေခဲ့ပြီး ဒုတိယပိုင်းတွင် အာတီတာ၊ ချိန်ဘာလိန်၊ ဗန်ပါစီနှင့် အွန်နရီတို့က တစ်ဂိုးစီ ထပ်မံသွင်းယူခဲ့ခြင်းကြောင့် အာဆင်နယ်အသင်းသည် တစ်ယောက်လျော့ ဘလက်ဘန်းအသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင် ရရှိသွားခဲ့သည်။ |
အင်္ဂလန်နိုင်ငံကို မော်ရင်ဟို ပြန်လာမည့်ဟု သတင်းထွက်ပေါ်လာပြီးနောက် ပရီးမီးယားလိဂ် မန်နေဂျာတိုင်း မော်ရင်ဟိုရဲ့ တစ္ဆေခြောက်လန့်ခြင်းကို ခံစားနေရပါတယ်။ အန်ဒရီ ဗီလပ်စ်- ဘို့အာစ် (ချယ်ဆီးနည်းပြ)ဂျို့စ်လို မန်နေဂျာတစ်ယောက်ရဲ့ အတွေးထဲမှာ စွဲမက်ဖွယ်ကောင်းတဲ့ ရည်မှန်းချက်တစ်ခု အမြဲတမ်း ရှိနေတတ်ပါတယ်။ တကယ်လို့ သူချစ်တဲ့ အင်္ဂလန်နိုင်ငံကို ပြန်လာမယ်လို့ သူကိုယ်တိုင် လမ်းဖွင့်ပေးခဲ့မယ်ဆိုရင် စီးတီး၊ ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ တော့တင်ဟမ်းနဲ့ ချယ်ဆီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို သူခံရနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စက ကျွန်တော်တို့ (နည်းပြ) အားလုံးကို ဖိအားခံစားရစေပါတယ်။ |
ကျွန်တော်ရဲ့ နံပါတ်တစ် ဂိုးသမားကတော့ ဒီဂီယာပါပဲ။ ဖာဂူဆန်( မန်ယူနည်းပြ)ဒီကလေးက တကယ့်ပါရမီရှင် တစ်ယောက်ပါ။ သူ အင်္ဂလန် ဘောလုံးလောကကို အသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပြီး အမှားနှစ်ခု၊ သုံးခုကိုလဲ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အနာဂါတ် ရှေ့ရေးကို နားလည်ပြီး ရင့်ကျက်လာနိုင်တာကြောင့် အမှားနှစ်ခု ၊ သုံးခုကျူးလွန်ခဲ့တိုင်း ကျွန်တော်တို့ |






