ဂစ်ရဲ့ စံချိန်တွေကို ချိုးဖို့ မလွယ်ပါဘူး - ဆာအဲလက်စ်ဖာဂူဆန်” မာလ်ဒီနီဟာ အံ့သြဖွယ်ကောင်းတဲ့ကစားသမားပါ၊ ဒါပေမယ့် သူဟာ ဗဟိုနောက်ခံလူတစ်ဦးပါ၊ သူ့အနေနဲ့ ကွင်းထဲမှာ အများကြီး ပြေးလွှားကစားခဲ့ရမှာပါ၊ ဒါပေမယ့် ကွင်းလယ်လူတစ်ဦးဟာ နောက်တန်းသမားတစ်ဦးထက်... ဆက်လက်ဖတ်ရှပါရန်0 Written by : ပီတာလေး |
အေဂျက်နဲ့ပွဲကိုလွဲချော်တော့မည့် ရွန်းနီမန်ယူတိုက်စစ်မှူး ရွန်းနီတစ်ယောက် လည်ချောင်းနာဝေဒနာကြောင့် အိုးထရက်ဖို့ဒ်တွင် အေဂျက်နှင့်ကစားမည့် ယူရိုပါလိဂ်ပွဲ ကို လွဲချော်တော့မည်ဖြစ်သည်။ ရွန်နီသည် ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့ပြီး နောက် မန်ယူနည်းပြဖာဂူဆန်က ရွန်းနီမပါဝင်နိုင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : wonzin |
ဆိုးလ်ရှားလက်သစ်... ဟာနန်ဒက်ဇ်“ဘာကြောင့် အရန်ကစားသမားတစ်ယောက်အဖြစ် အောင်မြင်နေရသလဲဆိုတဲ့မေးခွန်းကိုဖြေဖို့ ကျွန်တော့်မှာ အဖြေမရှိပါဘူး၊ ကံတရားနဲ့နည်းနည်းဆိုင်တာကလွဲလို့ ဘောလုံးအားကစားမှာ ကစားသမားတွေဟာ... ဆက်လက်ဖတ်ရှပါရန်0 Written by : ပီတာလေး |
တစ်ပတ်လုပ်ခ လစာ ပေါင် တစ်သိန်းသုံးသောင်းနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်အတွက် နာနီနဲ့ ဆွေးနွေးမယ့် မန်ယူယမန်နှစ်ရဲ့ နောက်ဆုံး ခြောက်လမှာ ပေါင် ၁၇၅ သန်းအထိ စံချိန်တင် အမြတ်အစွန်း ရရှိခဲ့တဲ့ မန်ယူအသင်းဟာ သူတို့ရဲ့ တောင်ပံ ကစားသမား နာနီကို တစ်ပတ်လုပ်ခ လစာ ပေါင် တစ်သိန်းသုံးသောင်းအထိ ပေးပြီး လေးနှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ နောက်ရက်သတ္တပတ်ထဲမှာ ပြောဆိုဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်... ဒါ့အပြင် မန်ယူအသင်းဟာ သူတို့ရဲ့ ကြွေးမြီတွေကို ပေါင် ၅၀၈ သန်းကနေ ပေါင် ၄၃၉ သန်းအထိ လျှော့ချနိုင်ခဲ့ပြီး အဲဒီပေးဆပ်မှုတွေဟာ ဂလေဇာ မိသားစု ပိုင်ဆိုင်တဲ့ ငွေကြေးတွေလို့ သိရတာကြောင့် အသင်းရဲ့ ပရိတ်သတ်တွေအတွက် ၀မ်းသာစရာ ဖြစ်ခဲ့ပါတယ်... ဆက်လက်ဖတ်ရှပါရန်2 Written by : ၀င်းမင်းဆန်း |
ဂျိုးဟတ်ကို မခေါ်ယူခဲ့တာနောင်တရမိပါတယ် - ဆာအဲလက်စ်ဖာဂူဆန်မန်ချက်စတာယူနိုက်တက်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က လက်ရှိမန်စီးတီးနဲ့ အဂ်လန်ရဲ့ ပထမဦးစားပေးဂိုးသမား ဂျိုးဟတ်ကိုရှရီဘူရီအသင်းတွင်စတင်ကစားစဉ်က စတာလင်ပေါင်(၁)သိန်းဖြင့် ခေါ်ယူခွင့်ရရှိခဲ့သော်လည်း မခေါ်ယူခဲ့မိသော သူ၏နောင်တကို ထုတ်ဖော် ပြောကြားခဲ့သည်။ အသက်(၂၄)နှစ်ရှိ ဂျိုးဟတ်သည် ၂၀၀၆ ခုနှစ်က ရှရီဘူရီအသင်းမှ မန်းစီးတီးအသင်း သို့ပြောင်းရွှေ့ကာ အဂ်လန်၏ပထမဂိုးသမား ဖြစ်လာသည်ထိ လက်စွမ်းပြခဲ့သူဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်2 Translated by : wonzin |
|
ဗလင်စီယာဒဏ်ရာရသွားတာ အသင်းအတွက် အရမ်းကိုနစ်နာပါတယ် - ရီယိုဖာဒီနန်” အန်တိုနီယို ဒဏ်ရာရသွားတာဟာ အသင်းအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ကစားသမားမို့လို့ပါ ” ဆက်လက်ဖတ်ရှပါရန်1 Written by : ပီတာလေး |
|
|
ရလာဒ်ကောင်းခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းကတော့ တကယ့်ကို သာမာန်အဆင့်ပါ။ (ဆာအဲလက်စ် ဖာဂူဆန်)မန်ယူအသင်းအနေနှင့် အေဂျက်အသင်းကို ၀-၂ ဂိုး ရလာဒ်ဖြင့် အဝေးကွင်းမှာ အနိုင်ရခဲ့သော်လည်း အသင်း၏ ခြေစွမ်းဟာ အားရကျေနပ်ဖွယ် မရှိခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : အောင်စိုးမိုး |
မန်ယူအသင်းရဲ့ နောက်လာမယ့် မန်နေဂျာဟာ ရွိုင်ယန်ဂစ် ဖြစ်သင့်ပါတယ်...ရွိုင်ယန်ဂစ်သည် မန်ယူအသင်းတွင် အဲလက်စ်ဖာဂူဆန် နေရာအား အစားထိုးရမည့် သူတစ်ယောက်ဖြစ်သည်ဟု သူ၏အသင်းဖေါ် ပေါစခိုးက ပြောကြားလိုက်သည်။ မန်ယူအသင်း၏ မန်နေဂျာအဖြစ်မှ ဖာဂီအနားယူသွားပြီးနောက် သူ၏နေရာအား ၀င်ရောက်အစားထိုးနိုင်မည့် သူများအဖြစ် မော်ရင်ဟိုနှင့် ဂွာဒီယိုလာတို့ကဲ့သို့ နာမည်ကြီး နည်းပြများကို အများက ထင်ကြေးပေးပြောဆိုနေကြသော်လည်း ၀ါရင့်ကွင်းလယ်လူ ပေါစခိုးကမူ အဆိုပါ ရာထူးနေရာအတွက် ရွိုင်ယန်ဂစ်သာ အသင့်တော်ဆုံးဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားခဲ့သည်။ ဆက်လက်ဖတ်ရှပါရန်2 Translated by : မင်းကံစီ |
တံကောက်ကြော ဒဏ်ရာကြောင့် သတင်း(၄)ပတ်ခန့် အနားယူရတော့မည့် ဗလန်စီယာမန်ချက်စတာ ယူနိုက်တက် အသင်း၏ တောင်ပံကစားသမား အန်တိုနီယို ဗလန်စီယာသည် အေဂျက်အသင်းအား (၂-၀)ဖြင့် အနိုင်ရရှိ ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သော ဒဏ်ရာကြောင့် ရက်သတ္တပတ် (၄)ပတ်ခန့် အနားယူရတော့မည် ဖြစ်ကြောင်း ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြုလိုက်သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : မင်းကံစီ |
အက်ရှလေယန်း ၊ ဟာနန်ဒက်ဇ်တို့ဂိုးတွေနှင့် ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်ရန် သေချာသွားသည့် မန်ယူ (အေဂျက် ၀ - ၂ မန်ယူ)ယနေ့ညမှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဟော်လန်ကလပ် အေဂျက် နှင့် အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြကာ မန်ယူအသင်းမှ အိမ်ရှင် အေဂျက်အား အဝေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည် ။ မန်ယူအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်မှာ နော်ကဆုံး ၄ နှစ်မှာ ၃ ကြိမ်နောက်ဆုံးဗိုလ်လုပွဲသို့တက်နိုင်ပြီး ဖလားတစ်လုံး ရရှိထားတဲ့ အစဉ်အလာကြီးမားသော အသင်းဖြစ်သော်လည်း ဒီနှစ်မှာတော့ အုပ်စုအဆင့်မှပင် ချန်ပီယံလိဂ်ကို နှုတ်ဆက်ကာ တစ်ဆင့်နိမ့်သည့် ယူရိုပါလိဂ်မှာ ၀င်ရောက်ကစားခဲ့ရသည် ။ ဆက်လက်ဖတ်ရှပါရန်0 Written by : ကိုဟီးရိုး |
ဂေါ့ဇီအား မန်ချက်စတာယူနိုက်တက်နှင့် ဂျူဗင်တပ် အသင်းတို့ ကမ်းလှမ်း ခဲ့ကြကြောင်း သူ၏ အေးဂျင့် ဖြစ်သူက အတည်ပြု ပြောဆိုဂျာမန် စတားပလေယာ မာရီယိုဂေါ့ဇီရဲ့ အေးဂျင့်ဖြစ်သူက သူ့ထံသို့ မန်ချက်စတာယူနိုက်တက် အသင်းနှင့် ဂျူဗင်တပ် အသင်းတို့မှ အဆိုပါ ကစားသမားအား မြင့်မားသည့် ပြောင်းရွေ့ကြေးများ ဖြင့် ကမ်းလှမ်းခဲ့ ကြတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ် ။ အဆိုပါ အေးဂျင့် ဖြစ်သူက ပေါင်သန်း ၃၀ ကျော်ဖြင့် ကမ်းလှမ်းခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့ပြီး ဒေါ့မွန်အသင်းက သူတို့ရဲ့ လူငယ် ကစားသမားကို လက်လွတ်မခံတာကြောင့် အထမမြောက်ခဲ့ပါ ဘူးလို့ လည်း ဆိုပါတယ် ။ ဆက်လက်ဖတ်ရှပါရန်0 Translated by : ကွန်ဟိန်း |
|
မန်စီးတီး ချန်ပီယံလိဂ်ဖလားရဖို့အဝေးကြီးလိုပါသေးတယ် - ပေါလ်စခိုး” ကျွန်တော်ကတော့ မထင်ပါဘူး၊ ဒီရာသီမှာပဲ သူတို့ဟာ ချန်ပီယံလိဂ်ဖလားရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိသွား ပါပြီ၊ ကျွန်တော့်အထင် သူတို့ဟာ ကိုယ့်ကိုကိုယ်အထင်ကြီးပြီး၊ ချန်ပီယံလိဂ်မှာ ဆက်လက်ဖတ်ရှပါရန်1 Translated by : ပီတာလေး |
အီဗရာအား အေဂျက်ဇ်နဲ့ပွဲမှာ အနားပေးမည့် မန်ယူနည်းပြဖာဂူဆန်“ ကျွန်တော် ပက်ထရစ်ကို အေဂျက်ဇ်နဲ့ပွဲမှာ အနားပေးမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ဟာသူ့အတွက်အရမ်းကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်” ဆက်လက်ဖတ်ရှပါရန်1 Written by : ပီတာလေး |
အေဂျက်နဲ့ပွဲအတွက် ကစားသမားအယောက်(၂၀)စာရင်း ထုတ်ပြန်လိုက်သော မန်ချက်စတာယူနိုက်တက်မန်ယူအသင်းသည် ကြာသပတေးနေ့တွင် ကစားမည့်အေဂျက်နဲ့ပွဲအတွက် ဒဏ်ရာမှပြန်လည်သက်သာလာသော နာနီ ၊ ဖီးဂျုံးစ် ၊ စမောလင်းတို့ပါဝင်သော ယူရိုပါလိဂ်ပွဲလူစာရင်းအယောက်(၂၀)ကိုထုတ်ပြန်ခဲ့သည်။ လီဗာပူးပွဲတွင် မပါဝင်နိုင်သော အက်ရှ်လေယန်း ပြန်လည်ပါဝင်လာပီး ဂစ်နှင့်ဘာဘာတော့တိုမှာ ဒဏ်ရာကြောင့်မပါဝင်နိုင်ဘဲ အီဗရာကိုတော့ ဆာအဲလက်စ် မှ အနားပေးခဲ့ခြင်းဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : wonzin |
|
|



















