Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

ဝေးလ်သား ပန်းချီဆရာတစ်ဦး ဖန်တီးသော ဘက်ဟမ်းနှင့် ချယ်ရီကိုးလ်တို့ ပန်းချီပုံ....

ဝေးလ်သား ပန်းချီဆရာ တစ်ဦးသည် Costa Coffee ဆိုင်တစ်ဆိုင်၏ နံရံတွင် နာမည်ကြီးများ၏ ပုံများကို နီညိုရောင်ရှိသော တစေးနှင့် ယိုများကို အသုံးပြုကာ ပုံတူများ ရေးဆွဲလျက် ရှိနေသည်။ ထိုသို့ ရေးဆွဲသော ပုံတူများထဲတွင် ဘောလုံး စတား ဒေးဗစ်ဘက်ဟမ်းနှင့် မကြာသေးမှီကမှ အက်ရှလေကိုးလ်နှင့် တရားဝင်လမ်းခွဲဖို့ လုပ်ခဲ့သည့် X Factor ဒိုင်လူကြီး ချယ်ရီကိုးလ်တို့၏ ပုံတူများလည်း ပါဝင်ခဲ့သည်။
(458) (2)
Last Updated at 7:3 GMT, Friday, 10 September 2010 7:3 MM   Probe by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ဘောလုံး မင်းသား ဒေးဗစ်ဘက်ဟမ်းတို့ လင်မယားရဲ့ ကြည်နူးဖွယ် အနမ်းများ

ပရိသတ် အချစ်တော် ဒေးဗစ်ဘက်ဟမ်းနှင့် ၄င်း၏ ချစ်ဇနီးဖြစ်သူ ဗစ်တိုးရီးယားဘက်ဟမ်းတို့ နှစ်ဦးသည် ရေမွေးကြော်ငြာ တစ်ခုအတွက် ဓါတ်လှေခါး တစ်ခုအတွင်း ဗီဒီယို ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ကြော်ငြာအတွင်း အနက်ရောင် ၀တ်စုံကို ဆင်မြန်းထားကြသည့် ဘက်ဟမ်းတို့ စုံတွဲသည် ရမ္မက်ပြင်းလှသော အနမ်းများဖြင့် ကြော်ငြာသရုပ်ကို ဖော်ဆောင်သွားသဖြင့် တမူထူးခြားဦးမည့် ချစ်မောင်နှံ နှစ်ဦး၏ ကြော်ငြာဇာတ်ဝင်ခန်း ဖြစ်လာဦးမှာ အမှန်ပင် ဖြစ်သည်။ ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားတို့သည် အရင်ကလည်း အတွင်းခံကြော်ငြာကို အတူတကွ ရိုက်ကူးခဲ့သေးသည်။
(1405) (4)
Last Updated at 6:49 GMT, Friday, 10 September 2010 6:49 MM   Written by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ဝိန်းရူနီနဲ. အခြား ဘောလုံးထိပ်သီး တို.ရဲ့ ချစ်မှုရေးရာ ဖောက်ပြန်မှု (၁၀) ခု

ချစ်သူ ရည်းစား၊ အိမ်ထောင်ဖက် တို့ကို ချည်နှောင် ထုံးဖွဲ့ထားတဲ့ ကြိုးတွေ ဘယ်လို အချိန်မှာ လျော့လျဲ သွားတတ် ပါသလဲ။??? သေချာစွာ မပြောနိုင်ပါ။ ဒါပေမယ့် တစ်ယောက်က ငွေကြေး အရ၊ ကျော်ကြားမှု အရ အောင်မြင် လာတဲ့ အခါမှာ ချစ်သူခင်သူ၊ လိုလားသူတွေ ပွားများလာတတ်တာတော့ သေချာ ပါတယ်။ ခိုးဝှက် စားသုံးတဲ့ သစ်သီးဟာ ပိုချို ခဲ့ရင်တောင် နောက်ဆက်တွဲ အကျိုးဆက်တွေက အခါးမလျော့တာ ကျိန်းသေလွန်းပါတယ်။ ခုလတ်တလော နာမည် ကြီးနေတဲ့ အင်္ဂလန် တိုက်စစ်မှူး ၀ိန်းရူနီ ရဲ့ အိမ်ထောင်ပျက်လု မတတ်ဖြစ်နေတဲ့ လိင် အရှုပ်အထွေး အပြင် ... အရင်က နာမည်ကျော်ခဲ့တဲ့ ဘောလုံးလောကရဲ့ ချစ်မှုရေးရာ ဖောက်ပြန်မှုတွေကို Goal.com က စုစည်း တင်ပြထားတာပါ။
(1885) (9)
Last Updated at 3:34 GMT, Wednesday, 8 September 2010 3:34 MM   Translated by : Somebody
ဆက်လက်ဖတ်ရှပါရန်

ဒေးဗစ်ဘက်ခမ်း၏ အစ်မဖြစ်သူမှာ တစ်ပတ်လျင် ပေါင် ၁၆၀ သာ ၀င်ငွေရှိသည့် အလုပ်လက်မဲ့ တစ်ယောက်ဖြစ်နေ

အသက် ၃၈ နှစ်ရှိနေပြီ ဖြစ်သော ဒေးဗစ်ဘက်ခမ်း၏ အစ်မ လင်နီဘက်ခမ်း သည် ကလေးသုံးယောက်၏ မိခင် အလုပ်အကိုင်မဲ့ ဘ၀ရောက်နေပြီး တစ်ပတ်လျင် ၁၆၄ ပေါင်သာ ရရှိရန် ရုန်းကန်နေရသည်။ မိသားစု အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက  "သူမဟာ အနည်းငယ် ဆိုးရွားတဲ့ ကံဆိုးမှုနဲ့ ထိပ်တိုက် ရင်ဆိုင်နေရပါတယ်။" ဟု သတင်းဌါနသို့ ပြောကြားခဲ့သည်။
(1581) (6)
Last Updated at 17:25 GMT, Thursday, 19 August 2010 17:25 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ချယ်ရီကိုးလ်လို့ပဲခေါ်ပါ... (ချယ်ရီ)။ အက်ရှ်လေကိုးလ်နှင့် ကွာရှင်းထားသော်လည်း ချယ်ရီကိုးလ်အမည်ကိုသာ ဆက်လက်အသုံးပြုသွားမည့် အဆိုတော်ချယ်ရီ။

ချယ်ရီတွိဒီမှာ အက်ရှ်လေကိုးလ်နှင့် ကွင်းရှင်းပြတ်စဲထားသော်လည်း သူမ၏  ယခုနှစ်မကုန်မီ ထုတ်လုပ်ဖြန့်ချီမည့် ဒုတိယမြောက် တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ်မှာ ချယ်ရီကိုးလ်ဆိုသည့် အိမ်ထောင်ရှင်မနာမည်ဖြင့်သာ ထွက်ရှိလာမည်ဟု သိရသည်။
(1531) (7)
Last Updated at 20:10 GMT, Saturday, 14 August 2010 20:10 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com အား ယာယီအားဖြင့် Mmdailynews.com ဟု တိုက်ရိုက် ဖွင့်ပေးပါရန် ကြော်ငြာခြင်း

မကြာမီအချိန်အတွင်း Mutdfan.com အား မြန်မာ ဘောလုံးချစ်သူတို့ ဆုံဆည်းရာ နေရာလေးအဖြစ် ပြန်လည် ထုတ်လွှင့် တင်ဆက်သွားမည် ဖြစ်သလို mmdailynews.com အား ပညာရေး၊ ကျမ်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး နှင့်  ကမ္ဘာ့သတင်းများ စသည်ဖြင့် အခန်းကဏ္ဍ စုံစုံလင်လင် ဆက်လက် တင်ဆက် သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ် ပါသည်။
(186) (0)
Last Updated at 12:8 GMT, Saturday, 14 August 2010 12:8 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

Mutdfan.com အား ယာယီအားဖြင့် Mmdailynews.com ဟု တိုက်ရိုက် ဖွင့်ပေးပါရန်ကြော်ငြာခြင်း

မကြာမီအချိန်အတွင်း Mutdfan.com အား မြန်မာ ဘောလုံးချစ်သူတို့ ဆုံဆည်းရာ နေရာလေးအဖြစ် ပြန်လည် ထုတ်လွှင့် တင်ဆက်သွားမည် ဖြစ်သလို mmdailynews.com အား ပညာရေး၊ ကျမ်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး နှင့်  ကမ္ဘာ့သတင်းများ စသည်ဖြင့် အခန်းကဏ္ဍ စုံစုံလင်လင် ဆက်လက် တင်ဆက် သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ် ပါသည်။
(1219) (5)
Last Updated at 11:24 GMT, Friday, 13 August 2010 11:24 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

2010 ရဲ့ အကောင်းဆုံးဂိုးများထဲက တစ်ဂိုး ၊ အရင်က မမြင်ဖူးသေးတဲ့ လှပတဲ့ဂိုးတစ်ဂိုး (With Video)

ယခုသီတင်းပတ်အစောပိုင်းတွင် ဘရာဇီးကလပ် ကိုရင်သီယန်အသင်း၏ ယူ - ၁၈ အသင်းသည် ပြိုင်ဘက် ASA အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် 4-1 ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။ ယင်းပွဲတွင် ကိုရင်သီယန်အသင်း၏ ဗွေဆော်ဦးဂိုးကို ပွဲအစ စက္ကန့်ပိုင်းအတွင်းမှာပင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး အမြဲတမ်းအမှတ်ရနေစေမည့် ဂိုးဖြစ်သလို ထိပ်တန်းဂိုးများထဲတွင် တစ်ဂိုးအပါအ၀င်အဖြစ်လည်း ရွေးချယ်ခံထားရသည်။
(2250) (5)
Last Updated at 18:43 GMT, Thursday, 12 August 2010 18:43 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ပရီးမီးယားလိဂ် ရာသီသစ်အတွက် နီကီ(Nike)မှ ဘောလုံးအသစ် ထုတ်လုပ်ပြသ..

ဘာကလေ ပရီးမီးယား ရာသီသစ် အတွက် ကမ္ဘာကျော် အားကစား ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီ Nike မှ Total 90 Tracer ဟု အမည်ပေးထားသော ဘောလုံးအသစ်ကို အချိန်မီထုတ်ဖော် ပြသ လိုက်ပါသည်။ နီကီအမှတ် တံဆိပ်၊   အဖြူအောက်ခံပေါ်တွင် အနက်နှင့် အပြာရောစပ်ပြီး ခန့်ညားသော အသွင်အပြင်နှင့် T90 ဘောလုံးကို နီကီ မှ ၂နှစ်ကြာ အချိန်ယူပြီးစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း ဖော်ပြထားပါသည်။ ထိုဘောလုံးကို အထူးဂရုစိုက်ပြီး သေချာစွာ ဖန်တီးပြီး၊ လေတင်းအား၊ ချုပ်ရိုးချုပ်သား၊ မျက်နှာပြင် အထိအတွေ့ တို.ကိုတစ်ဆင့်ခြင်း သေချာစွာ ပြုလုပ်ခဲ့ကြောင်း နီကီမှ ရှင်းလင်းပါသည်။
(1245) (7)
Last Updated at 21:43 GMT, Wednesday, 11 August 2010 21:43 MM   Translated by : Somebody
ဆက်လက်ဖတ်ရှပါရန်

ကစားသမားကို နပန်ကျင်း လိုက်တဲ့ ဒိုင် (with video)

ချီလီ နိုင်ငံက ဘောလုံးပွဲ တစ်ခုမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကတော့ အံ့သြလောက်စရာပါပဲ။ ခံစစ်တံတိုင်း ကာနေတဲ့ အသင်းက ကစားသမားတစ်ယောက်ကို ဒိုင်က အနီကတ်ပြပါတယ်။ ကစားသမားက မကျေနပ်ပဲ အတင်း လိုက်စောဒက တက်ပါတယ်။ ဒါကို ဒိုင်က ကစားသမားရဲ့ မျက်နှာကို ဖြတ်ရိုက်ပီး သူရဲ့ ပွဲကို စိုးမိုးနိုင်မှု စွမ်းရည်ကို ပြသလိုက်ပါတယ်။
(2249) (11)
Last Updated at 0:38 GMT, Wednesday, 11 August 2010 0:38 MM   Translated by : Somebody
ဆက်လက်ဖတ်ရှပါရန်

ဘက်ခမ်း အာဖဂန်နစ္စတန်ရောက်စဉ်က တွေ့ဆုံခဲ့သော လူငယ်စစ်သည်တစ်ဦး ခြေထောက် နှစ်ဘက်လုံး ဆုံးရှုံး...

အသက်ရှင်ရန် အခွင့်အရေးသည် ၅၀-၅၀ သာဖြစ်သည်ဟု အသိပေးခြင်းခံခဲ့ရသည်ဟု သိရသည်။ မိခင်ဖြစ်သူ မစ်စ်ဖလက်ချာက "ကျွန်မကျေနပ်ပါတယ်.. အနည်းဆုံး သူ့ကိုကျွန်မတို့ ပြန်ရလိုက်သေးတယ်လေ... ရှေ့တန်းကိုရောက်သွားပြီး လုံးဝကို ဆုံးရှုံးခံလိုက်ရတဲ့ မိဘတွေ အများကြီးပါ..." ဟုဆိုခဲ့ပြီး ဘက်ခမ်းနှင့် ပတ်သက်၍လည်း "သူဟာ ကျွန်မတို့ကို အကြောင်းအရာ သိပ်များများမပြောတတ်ပါဘူး... ဒါပေမယ့် အဲဒီတုန်းက ကျွန်မတို့ကို သူဘယ်လို ဘက်ခမ်းနဲ့ ဓါတ်ပုံတွဲရိုက်ကြောင်း...
(1534) (12)
Last Updated at 15:53 GMT, Friday, 6 August 2010 15:53 MM   Probe by : လီယိုဒေါက်တာ
ဆက်လက်ဖတ်ရှပါရန်

ပဲခူးတိုင်း အင်းတကော်မြို့နယ် အလိုင်နီဆည် ရှိ အောင်သိဒ္ဓိ  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်း ကလေးငယ်များ အကူညီ လိုအပ်နေ

Mutdfan.com မှ ပရိသတ်တို့က စီဘောက်စ်အတွင်း ပဲခူးတိုင်း အင်းတကော်မြို့နယ် အလိုင်နီဆည် ရှိ အောင်သိဒ္ဓိ  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်း ကလေးငယ်များ အကူညီ လိုအပ်နေကြောင်း ပြောဆိုနေမှုကို တွေ့ရှိခဲ့ရပြီးနောက် အကူအညီပေးရန် ဦးဆောင်နေသူ နှင့် ဆက်သွယ်ခဲ့ပါသည်။  Mutdfan.com မှ ကူညီလိုသော ပရိသတ်တို့က ကူညီပေးနိုင်ရန်အတွက် သတင်းအချက်အလက်များ တင်ပြ အပ်ပါသည်။ Mutdfan.com ကလည်း  Admin အဖွဲ့ ကိုယ်စား မဧကရီမှတဆင့်  လိုအပ်သော အကူအညီများ ဆက်လက်ပေးသွားမည် ဖြစ်ပါသည်။
(425) (10)
Last Updated at 11:43 GMT, Wednesday, 4 August 2010 11:43 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ကမ္ဘာကျော်ခဲ့သော အိုက်စလန်ကလပ်အသင်း၏ ဂိုးသွင်းအပြီး အောင်ပွဲခံမှုကို လိုက်လံတုပခဲ့ကြသော ဂျပန် (with Video)

မကြာသေးမီ ရက်သတ္တပတ်များက အိုက်စလန်ကလပ်အသင်းမှ Human fish အဖြစ် အောင်ပွဲခံခဲ့သော ဖြစ်ရပ်မှာ မီဒီယာများ၏ ဖော်ပြမှုအောက်တွင် နာမည်ကျော်လူသိများခဲ့ရသည်။ ယခုအခါ ယင်းဖြစ်ရပ်မျိုးကို အာရှတိုက်တွင်း ဂျပန်နိုင်ငံတွင်လည်း တွေ့ရှိခဲ့ရသည်။ ဂျပန်ကလပ် ဟီရိုရှိးမားအသင်းသား တိုမောကီမာကီနိုသည်လည်း ဂိုးသွင်းအပြီး အသင်းသားများနှင့်အတူ စုပေါင်း၍ အိုက်စလန်ကလပ်အသင်းသားများပုံစံ တုပအောင်ပွဲခံခဲ့သည်။
(1354) (2)
Last Updated at 20:25 GMT, Tuesday, 3 August 2010 20:25 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ဘောလုံးစကေးလ်တွေ ကျဆင်းနေပေမယ့် အခြားစကေးလ်ထုတ်ပြခဲ့တဲ့ အေစီနှင့် ချဲလ်ဆီးစတားဟောင်း ရှက်ဗ်ချင်ကို (with Video)

တစ်ခါက ဥရောပအကောင်းဆုံး ရွှေဘောလုံးဆုကိုပင် ဆွတ်ခူးနိုင်ခဲ့ဖူးသည့် ယူကရိန်းအသင်းခေါင်းဆောင် ရှက်ဗ်ချင်ကိုကို မှတ်မိကြပါလိမ့်ဦးမည်။ လက်ရှိတွင် မွေးရပ်မြေကလပ် ဒိုင်နမိုကိယက်ဗ်တွင် ကစားနေသည့် ရှက်ဗ်ချင်ကိုသည် ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံကလပ် ဂျန့်နှင့် မကစားမီ ၄င်း၏ ကျွမ်းကျင်မှုတစ်ခုကို ထုတ်ပြခဲ့သည်။
(2188) (7)
Last Updated at 1:33 GMT, Monday, 2 August 2010 1:33 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ဘုရားပေးသော လက်များအပါဝင် လက်ပုတ်ဘောများ ခေတ်စားနေချိန်တွင် ဘောလုံးကို လက်ဖြင့်ကစား၍ မရဆိုသည်ကို မေ့နေခဲ့သော ကိုရီးယားကစားသမား (With Video)

2010 ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အွန်နရီ၏ လက်ထိဘော၊ ကွာတားဖိုင်နယ် ဂါနာနှင့် ဥရုဂွေးတို့ပွဲစဉ်တွင် ဆွာရက်ဇ်၏ လက်ပုတ်ဘောတို့ဖြင့် ဘောလုံးလောကတွင် လက်ထိဘောတို့ ခေတ်စားနေချိန်တွင် တောင်ကိုရီးယား ကစားသမားက ဘောလုံးကို လက်ဖြင့် မကစားရသည့် စည်းမျဉ်းကို မေ့လျော့ပုံရခဲ့သည့် အမှတ်မထင် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ ဂျာမနီနိုင်ငံတွင် ကျင်းပနေသည့် ယူ-20 အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအဖြစ် အိမ်ရှင်ဂျာမနီနှင့် တောင်ကိုရီးယားတို့ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ယင်းဖြစ်ရပ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး
(1899) (5)
Last Updated at 20:44 GMT, Saturday, 31 July 2010 20:44 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

အဓမ္မ ခိုင်းစေမှုဖြင့်ကြောင့် လေဟုန်စီး စတန့်လုပ်ငန်း လုပ်ကိုင်နေရသူ မြည်းမလေး ကို စပါးနည်းပြ ဟယ်ရီရပ်နက် ကယ်တင် (Video)

ရုရှားနိုင်ငံ၏ ပင်လယ်နက် အပန်းဖြေစခန်း တစ်ခုဖြစ်သော Golubitskaya ကမ်းခြေတွင် ရုရှားလူမျိုး တစ်ဦးဖြစ်သူ ဗာဆီးလီ က အသက် ၁၇ နှစ်အရွယ်ရှိ မြည်းမလေးအား လေဟုန်စီးခြင်းဖြင့် ကောင်းကင်ယံအမြင့် ၁၂၅ ပေ တွင် မိနစ် ၃၀ ကြာ ပျံသန်းနေစေပြီး ဖျော်ဖြေမှု တစ်ခုအဖြစ် ခရီးသွားများထံမှ အခကြေးငွေ ရယူပြီး လုပ်ကိုင် စားသောက်ခဲ့သည်။ ထိုကဲ့သို့ ပြုမူခဲ့သည်များကို ဆန်းသတင်းစာမှ အဝေးရောက် အမျိုးသမီး သတင်းထောက် တစ်ဦးဖြစ်သူ အန်နာ က ကမ်းခြေသို့ အလည်အပတ် သွားရောက်စဉ် တွေ့မြင်ခဲ့ပြီး သူမ၏ မိခင်သတင်းဌါနကို သူမတွေ့မြင်ခဲ့ရသော မြည်းမလေး Anapka ၏ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ကို ချက်ချင်း သတင်းပို့ခဲ့သည်။
(1978) (16)
Last Updated at 13:36 GMT, Thursday, 29 July 2010 13:36 MM   Written by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

အမြဲတမ်း အကောင်းဆုံးပင်နယ်တီအဖြစ် သတ်မှတ်ခံရနိုင်မည်လော .... ??? ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်ပါလေတော့ ...... (with Video)

Mutdfan.com ပရိသတ်များအတွက် ဘောလုံးသတင်းများအပြင် ဘောလုံးလောကမှ စိတ်ဝင်စားဖွယ် အကြောင်းအရာများ၊ ထူးထူးခြားခြား အဖြစ်အပျက်များကိုလည်း မပြတ်တမ်း တင်ဆက်ပေးချင်သည့် စေတနာဖြင့် ထူးခြားသည့် သတင်းများကို ရှာဖွေတင်ပြပေးလျှက် ရှိပါသည်။ ယခုလည်း U-19 European Championship ပြိုင်ပွဲတွင် စပိန်အသင်းမှ ကာလ်ဗင်တေးကန်သွင်းယူခဲ့သည့် ပင်နယ်တီမှာ အဆင့်မြင့်သည့် ပင်နယ်တီကန်ချက်အဖြစ် သတ်မှတ်ခံနေရသည်။ ယင်းကန်သွင်းချက်ကို အကောင်းဆုံးကန်သွင်းမှုအဖြစ် သတ်မှတ်နိုင်မည်လားဆိုသည်ကို ကိုယ်တိုင်ကြည့်ရှု ဆုံးဖြတ်နိုင်ပါသည်။
(3052) (36)
Last Updated at 3:17 GMT, Wednesday, 28 July 2010 3:17 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ဘောလုံးလောကမှ အကောင်းဆုံးအောင်ပွဲခံမှုအဖြစ် စာဖတ်သူတို့ရော လက်ခံနိုင်ပါမည်လော ... (with Video)

အိုက်စလန်နိုင်ငံ Premier Division ပြိုင်ပွဲမှ Stjarnan နှင့် Fylkir တို့ ကစားခဲ့သည့်ပွဲတွင် မိနစ်ကိုးဆယ်ပြည့်သည်အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေရာမှ နာကျင်အချိန်ပိုတွင် ရရှိခဲ့သည့်ပင်နယ်တီဖြင့် Stjarnan အသင်းက အနိုင်ရရှိသွားခဲ့သည်။ ယင်းပင်နယ်တီကို Bjornsson က ကန်သွင်းယူခဲ့ပြီးနောက် Stjarnan ကစားသမားများက ထူးထူးခြားခြား အောင်ပွဲခံခဲ့ကြသည်။
(2047) (7)
Last Updated at 3:2 GMT, Wednesday, 28 July 2010 3:2 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ပရော်ဖက်ရှင်နယ်လ် ဘောလုံးသမား Gavin Grant လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

အနောက်လန်ဒန် အိမ်ယာတစ်ခုအတွင်း သေနတ်ဖြင့် ပစ်မှုတစ်ခုကြောင့် မီဝေါလ် ဘောလုံးသမားတစ်ဦး အပေါင်းအပါတို့နှင့်အတူ တစ်သက် တစ်ကျွန်းထောင်ဒဏ် ချမှတ်ခံလိုက်ရကြောင်း ဘီဘီစီ သတင်းအရ သိရသည်။ မီဝေါလ် တိုက်စစ်မှူး Gavin Grant ကို ၂၀၀၇ ခုနှစ်က ကျူးလွန်ခဲ့သော လူသတ်မှု အတွက် ၃ နှစ်ကြာ စစ်ဆေးမှုများအပြီး သောကြာနေ့က စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
(429) (0)
Last Updated at 6:55 GMT, Tuesday, 27 July 2010 6:55 MM   Probe by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ကွန်ဖူးကစ်နဲ့ တုန့်ပြန်ခဲ့တဲ့ ပရိသတ်တစ်ဦး တရုတ်စူပါလိဂ်တွင် ပေါ်ထွက်ခဲ့၊ နိုင်ငံတကာသတင်းမီဒီယာများတွင် ဗွီဒီယိုနှင့်တကွ အကျယ်တ၀င့် ဖော်ပြနေကြ (with Video)

တရုတ်ပြည်၏ စူပါလိဂ်ပြိုင်ပွဲတွင် Quingdao အသင်းနှင့် Shanghai Shenhua အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် ကမ္ဘာကျော်စေမည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ရသည်။ Quingdao အသင်းက ပြိုင်ဘက်အသင်းအား နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အပြင် အနီကဒ်နှစ်ကဒ်ပြစ်ဒဏ်ပါ ရရှိခဲ့ခြင်းကြောင့် အသင်းပရိသတ်တစ်ဦး ကွင်းထဲဝင်ရောက်လာကာ ဒိုင်လူကြီးဖြစ်သူအား ကန်ကျောက်ခဲ့သည်။ ထို့ပြင် ယင်းဖြစ်စဉ်တွင် ၀င်ရောက်တားဆီးခဲ့သည့် အကူဒိုင်ကိုလည်း တွန်းထိုးခဲ့သေးသည်။ အဆိုပါသတင်းမှာ ကမ္ဘာကျော်ခဲ့ရပြီး နိုင်ငံတကာမီဒီယာများတွင် ဗွီဒီယိုနှင့်အတူ အကျယ်တ၀င့် ဖော်ပြနေကြသည်။
(2169) (5)
Last Updated at 1:20 GMT, Tuesday, 27 July 2010 1:20 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်
0 20 40 60 NEXT