Latest : ပရိသတ်ထံမှ ပေးစာ

သွေးနည်းသူများမဖတ်ရ
Posted By (Thiha Tun)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

အားနာလို့ပါ
Posted By (goblin)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

မွေးရပ်မြေကို ဆန်.ကျင်ပြီး ကစားခဲ့ရသော ထိပ်တန်း ကစားသမား ၁၀ဦး
Posted By (Somebody)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

မက်ဖန် ကျိုက်ထီးရိုး ခရီးစဉ်နှင့် ကျွန်တော်
Posted By (La Min Thar)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

မော်ရင်ဟိုနဲ့ လက်တွဲဖို့ ရီးရဲလ်ကို ပြောင်းရွှေ့ရန် ချဲလ်ဆီးနောက်ခံလူ ကာဗယ်လ်ဟို ပေါင်ရှစ်သန်းဖြင့် သဘောတူညီမှုရရှိ

ချဲလ်ဆီးအသင်း၏ ပေါ်တူဂီနောက်ခံလူ ရီကာဒိုကာဗယ်လ်ဟိုမှာ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း နှစ်သင်းစလုံးက အတည်ပြုကြေညာခဲ့ကြသည်။ 32 နှစ်အရွယ်ရှိ ကာဗယ်လ်ဟိုသည် ပေါ်တိုအသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်းမော်ရင်ဟိုရှိရာ ရီးရဲလ်သို့ ပေါင်ရှစ်သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီး ပီပီ၊ စီရိုနယ်လ်ဒိုတို့နှင့်အတူ ပူးပေါင်းကစားရတော့မည်ဖြစ်သည်။
(1217) (6)
Last Updated at 4:31 GMT, Wednesday, 11 August 2010 4:31 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

သွားနှင့်လေသူအတွက် ကြည်နူးဖွယ် ဂုဏ်ပြုတေး ... ၊ နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးခဲ့ရသူ အက်စ်ပန်ညိုအသင်းခေါင်းဆောင်ဟောင်း ဒါနီယာကေးအား အသင်းဟောင်းအက်စ်ပန်ညိုတို့ ဖလားတွင် ၀တ်စုံတပ်ဆင်ဂုဏ်ပြု

ပြီးခဲ့သည့် ဘောလုံးရာသီက နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးခဲ့ရသူ အက်စ်ပန်ညိုအသင်းခေါင်းဆောင်ဟောင်း ဒါနီယာကေးအား အသင်းဟောင်း အက်စ်ပန်ညိုက ၄င်းတို့ရယူနိုင်ခဲ့သော ဖလားတွင် ယာကေး၏ မျက်နှာပါသော ၀တ်စုံကို ၀တ်ဆင်စေလျှင် ဂုဏ်ပြုအောင်ပွဲခံခဲ့ကြသည်။ အက်စ်ပန်ညိုအသင်းသည် ရာသီကြိုပြင်ဆင်မှုအဖြစ် အက်သလက်တီကိုမက်ဒရစ်၊ ဆီဗီးလားနှင့် ကာဒစ်ဇ်တို့ပါဝင်သော အသင်းလေးသင်းပါ ပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် အက်စ်ပန်ညိုအသင်းက အနိုင်ရဗိုလ်စွဲခဲ့ကာ ၄င်းတို့ရယူနိုင်ခဲ့သည့် ပြိုင်ပွဲဖလားတွင် ဒါနီယာကေးမျက်နှာ ဖော်ပြထားသည့် ၀တ်စုံအား ၀တ်ဆင်စေလျှက် ကိုင်မြှောက်အောင်ပွဲခံကာ ဂုဏ်ပြုခဲ့ကြသည်။
(389) (1)
Last Updated at 20:33 GMT, Monday, 9 August 2010 20:33 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ယူ-၁၉ ပွဲစဉ်တစ်ပွဲမှာ ဆီဗီးလားအသင်းသား စပိန်လူမျိုး ဂျိုဆေးရဲ့ ခြေထောက်ကို ချိုးလိုက်တဲ့ ဘိုကာဂျူနီယာဂိုးသမား (with Video)

ပြီးခဲ့သည့်အပတ်အတွင်း ကျင်းပခဲ့သည့် ယူ-19 ပွဲစဉ်တစ်ခုတွင် ဘိုကာဂျူနီယာအသင်းနှင့် ဆီဗီးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘိုကာဂျူနီယာအသင်းဘက်သို့ ဆီးဗီးလ်အသင်းက ထိုးဖောက်တိုက်စစ်ဆင်ရာတွင် ဘိုကာဂျူနီယာဂိုးသမား၏ ဖျက်ထုတ်မှုကြောင့် ဆီဗီးလ်အသင်းသားမှာ ခြေထောက်သွင်သွင်ကျိုးသွားခဲ့ရသည်။ ဆီဗီးလ်အသင်းမှ လူငယ်ကစားသမား ဟိုဆေးသည် ခေါင်းတိုက်ချပေးသည့် ဘောလုံးကို ပြေးလိုက်စဉ် ဂိုးဧရိယာအတွင်းမှ ဘိုကာဂိုးသမား ဟိုဆေးအလန်ဒေ ထွက်လာပြီး ဆလိုက်ပစ်လိုက်ရာတွင် ဟိုဆေး၏ ခြေထောက်ပေါ်ကို ဖိမိပြီး ခြေထောက်ကျိုးသွားခဲ့ရသည်။
(1494) (5)
Last Updated at 1:41 GMT, Tuesday, 3 August 2010 1:41 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ကမ္ဘာ့အဆင့်ကစားသမားတို့ ပင်စင်ယူရာနယ်မြေ အမေရိကသို့ ခြေချခဲ့ပြန်တဲ့ ရာဖေးလ်မားကွက်ဇ် အွန်နရီနှင့် ပူးပေါင်းရန် နယူးယောက်ခ်ရက်ဘူးလ်စ်အသင်းသို့ ပြောင်းရွှေ့

ဘာစီလိုနာအသင်း ကစားသမား ရာဖေးလ်မားကွက်ဇ်သည် အသင်းဖော်ဟောင်း အွန်နရီ မကြာမီက ပြောင်းရွှေ့ရောက်ရှိခဲ့သော နယူးယောက်ခ်ရက်ဘူးလ်စ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ မားကွက်ဇ်သည် ဘာကာအသင်းနှင့် 2012 ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းကျန်ရှိနေသော်လည်း အသင်းတွင် အဓိကကစားသမားအဖြစ် နေရာရရန် မသေချာတော့သဖြင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(287) (1)
Last Updated at 2:7 GMT, Monday, 2 August 2010 2:7 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ကစားသမားများကို လွန်ခဲ့သောလ လစာ ပေးချေနိုင်သေးသော ဘာစီလိုနာက ယခုလကုန်မတိုင်မီ ကစားသမားများကို လစာပေးချေရန် ပေါင် ၁၂၅ သန်း အရေးပေါ် ချေးငွေလိုအပ်နေ၊ ပရီးမီးယားလိဂ်မှ ပို့စ်မောက်အသင်း၏ အဖြစ်နှင့် ဆင်တူ

ဘာစီလိုနာ အသင်း ဥက္ကဌသစ် ဆန်ဒရိုရော့ဆဲလ် က အသင်းမှ ကစားသမားများကို လစာပေးချေရန်အတွက် အရေးပေါ် ချေးငွေ အမြန်လိုအပ်နေကြောင်းနှင့် လာမည့် လာကုန်မတိုင်မှီ ရရှိမှသာ ကစားသမားများကို လစာပေးချေနိုင်မည် ဖြစ်ကြောင်း မနေ့က အံ့ဖွယ် ထုတ်ဖေါ်လိုက်သဖြင့် ဘောလုံးလောက အတွက် ရင်လေးဖွယ် အနေအထား တစ်ရပ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
(1439) (5)
Last Updated at 11:49 GMT, Thursday, 8 July 2010 11:49 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဗလင်စီယာနှင့် လေးနှစ်သက်တမ်း စာချုပ်ရှိနေသေးသည့်အတွက် ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ရာ စိတ်ရှုပ်နေသည့် ဒေးဗစ်ဗီလာ

သတင်းများအရ “ကျွန်တော်ရဲ့ အနာဂတ်ဟာ ဆုံးဖြတ်ချက် ချပြီးသားပါ”ဟု ဒီကနေ့တွင်  ဒေးဗစ်ဗီလာမှ အတိအလင်း ထုတ်ဖော်ပြောကြား လိုက်သော်လည်း ဘာစီလိုနာ၏ ချိတ်ဆက်မှုများ ရှိလာပြီးတဲ့နောက် ဗလင်စီယာနှင့် လေးနှစ်သက်တမ်း စာချုပ် ကျန်ရှိနေသည့်အပေါ် ဖိအားတစ်ခုအဖြစ် ဗီလာအပေါ် ကျရောက်နေကြောင်း အဆိုပါ ဗလင်စီယာတိုက်စစ်မှူးက ထုတ်ဖော် ပြောကြားလိုက်သည်။
(457) (1)
Last Updated at 8:33 GMT, Friday, 14 May 2010 8:33 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ထိုင်ခုံလှုပ်နေသူ ရီးရဲလ်နည်းပြအား ဗလင်စီယာ မျက်စပစ်နေ။

ရီးရဲလ်မက်ဒရစ် နည်းပြ မန္နျူရယ် ပယ်လီဂရီနီအား ဗလင်စီယာအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း စပိန်နာမည်ကြီးသတင်းစာ မာကာ၌ ဖော်ပြသွားကြောင်း သိရှိရသည်။ လက်ရှိ ဗလင်စီယာနည်းပြ အမ်မရီအနေဖြင့် အသင်းအား ချန်ပီယံလိဂ် ၀င်ခွင့်ရရှိရန် အခြေအနေကောင်းများ ရရှိထားအောင် စွမ်းဆောင်ထားနိုင်သော်လည်း အသင်းဥက္ကဋ္ဌ လော်ရင်တေးက လာမည့်ရာသီတွင် နည်းပြအပြောင်းအလဲ ပြုလုပ်သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်းသိရသည်။ ဗလင်စီယာဥက္ကဋ္ဌက နည်းပြသစ်အဖြစ် လျာထားသူများမှာ ရီးရဲလ်နည်းပြ ပယ်လီဂရီနီနှင့် လီဗာပူးမှ ဘန်နီတက်စ်၏လက်ထောက် မော်ရီစီယို ပယ်လီဂရီနိုတို့ ဖြစ်ကြောင်း
(285) (1)
Last Updated at 21:31 GMT, Thursday, 22 April 2010 21:31 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

“ဂျာမန်က ဂျာနယ်လစ်တွေ ဖွလိုက်တာပါ။ လှဖ်ကတော့ နာမည်ကြီးသွားတာပေါ့။” ဟု ဆိုကာ လှဖ်သည် ဘာစီလိုနာသို့သာ ပြန်တော့မည်ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောကြား

“ရာသီကုန်မှာ ကစားသမားကို စပိန်သို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ဆုံးဖြတ်လိုက်ပါပြီ”ဟု အီတလီမှ Calciomercato သတင်းဝက်ဆိုဒ်သို့ ဂွားဒီနိုက ပြောကြားလိုက်သည်။ “ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းက နှစ်နှစ် ကျန်နေပါသေးတယ် ကမ္ဘာ့ဖလားပြီးရင်တော့ ကလပ်နဲ့ သူ့ရဲ့အနာဂတ်ကိစ္စကို ကျွန်တော်တို့ ဆုံးဖြတ်ချက် ချသွားမှာပါ။ နည်းပြနဲ့ ပြဿာနာ ဖြစ်တာလား? ဂျာမန်က ဂျာနယ်လစ်တွေ ဖွလိုက်တာပါ။ လှဖ်ကတော့ နာမည်ကြီးသွားတာပေါ့။ ကစားသမားကို နည်းပြနဲ့...
(419) (1)
Last Updated at 22:6 GMT, Thursday, 4 March 2010 22:6 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

"ကျွန်တော် ပရီးမီးယားလိဂ်ကို အရမ်းနှစ်သက်ပါတယ်"...ဒေးဗစ်ဗီလာ

ဒေးဗစ်ဗီလာက  “အင်္ဂလန်မှာ ကျွန်တော့သူငယ်ချင်းတွေအများကြီးကစားနေပါတယ်” ဟုထုတ်ဖေါ်ပြောဆိုလိုက်ပြီးနောက်  ပရီးမီးယားလိဂ်သို့  ပြောင်းရွှေ့ ကစားရန် အရင်ကထက်  ပိုမိုနီးစပ်လာခဲ့သည်။
ဗီလာသည်  ဥရောပဘောလုံးလောကတွင်  အသင်းကြီးများ၏  ခေါ်ယူရန်  အလိုအရှိဆုံး ကစားသမားတဦးဖြစ်ပြီး၊  သူ့ အား ချယ်လ်ဆီး၊  မန်ချက်စတာယူနိုက်တက်၊  လီဗာပူးလ်၊  ရီးရဲလ်မက်ထရစ် အသင်းများက  ခေါ်ယူရန်  ကြိုးပမ်းလျှက်ရှိသည်။
(1400) (9)
Last Updated at 6:25 GMT, Wednesday, 27 January 2010 6:25 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

ဘာကာဥက္ကဌသစ် ရွေးကောက်ပွဲတွင် ဥက္ကဌလောင်းများရဲ့ အဓိက အသုံးတော်ခံ ဖြစ်လာ မည့် မန်ယူစတားရွန်းနီ

ယခုနှစ် ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ကြမည့် ဥက္ကဌလောင်း များသည် မန်ယူစတား ရွန်းနီကို အရယူခေါ်ယူ ပေးမည်ဟူသော မဲဆွယ်မှု့ဖြင့် ဥက္ကဌနေရာကို ရယူနိုင်ရန် မဲဆွယ်သွားကြမည် ဖြစ်ကြောင်း သိရသည်။ အသင်းပိုင်ရှင်များ၏ ငွေကြေးပြဿနာ များနှင့် ရင်ဆိုင် နေရသောကြောင့်၊ ရွန်းနီကို စာချုပ်သက်တမ်းတိုး မည့်ကိစ္စတွင် အခက်ခဲတွေ့ နိုင်သောအချက်သည် ဘာကာဥက္ကဌလောင်း များအတွက် အခွင့်အရေးကြီး တစ်ရပ် ဖြစ်လာကြောင်း အယ်လ်မန်ဒါ ဒီဗို့ဒီဗိုက ဖော်ပြသွားခဲ့သည်။
(1381) (9)
Last Updated at 16:59 GMT, Thursday, 14 January 2010 16:59 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

ဝေဖန်သံတွေ တိတ်သွားအောင် ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ (စီရော်နယ်ဒို)

ရီးရဲလ်သို့ ရောက်စက ဝေဖန်မှု့များနှင့် ရင်ဆိုင်နေရသော ရီးရဲလ်စတား စီရော်နယ်ဒိုက ယခုအခါ မိမိ အပေါ်ဝေဖန်မှု့များ တိတ်ဆိတ်သွားပြီ ဆိုတာကို ယုံကြည်ကြောင်း ပြောကြား သွားခဲ့သည်။ မန်ယူအသင်းမှ စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ရီးရဲလ်သို့ ပြောင်းရွေ့သွားခဲ့သော စီရော်နယ်ဒိုသည် ရီးရဲလ်သို့ ရောက်စတွင် ဝေဖန်မှု့များနှင့် ရင်ဆိုင်နေခဲ့ရသည်။ သို့သော် လက်ရှိအချိန်တွင် ရာအူးလ်နှင့် ကာကာတို့ကို နောက်ကောက်ချကာ အသင်း၏ အရေးပါဆုံး ကစားသမား တစ်ယောက် နေရာကို လျင်လျင်မြန်မြန် ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
(1507) (4)
Last Updated at 2:59 GMT, Sunday, 10 January 2010 2:59 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

ပရီးမီးယားလိပ် ထိပ်သီး အသင်းတွေကို အချက်ပေးလိုက်တဲ့ ဒေးဗစ်ဗီလာ

" ကျွန်တော်  ပရီးမီးယားလိပ်ကို  အရမ်းနှစ်သက် ပါတယ်၊ လာလီဂါမှာ ကာလ ကြာရှည်စွာ ကစားပြီးနောက် ကျွန်တော်  ပြောင်းရွှေ့ လိုတဲ့  လိပ်က ပရီးမီးယားလိပ်ပါပဲ၊ အဲဒီမှာ  ကျွန်တော့ သူငယ်ချင်း တွေအများကြီး  ကစားနေပါတယ်၊ အဲဒီမှာ အရမ်းတောင်းတင်းတဲ့ ကမ္ဘာ့အဆင့် အသင်းတွေ  ပါဝင်နေပါတယ်၊ လွန်ခဲ့တဲ့  နှစ်အနည်းငယ်ကဆို  စပိန်သား တွေဟာ လာလီဂါကနေ  ထွက်ခွါဖို့ တွန့် ဆုတ်နေတက် ပါတယ်၊ ဒါပေမယ့် အချိန်မှာတော့ အားလုံးဟာ ပြောင်းလဲသွားပါပြီ၊ အခုဆိုရင် စပိန်သားတွေဟာ ပရီးမီးယားလိပ်မှာရော အခြားလိပ်တွေမှာပါ အရေးကြီးတဲ့ ကစားသမား တွေအဖြစ်  ကစားနေကြပါပြီ"
(1508) (8)
Last Updated at 23:43 GMT, Wednesday, 23 December 2009 23:43 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

ရော်ဘင်ဟို၏ အပြောင်းအရွေ့အား မန်ချက်စတာစီးတီးမှ ပယ်ချလိုက်ကြောင်း ဘာစီလိုနာဥက္ကဌ ဂျုံးလာပေါ်တာမှ အတည်ပြု

ကမ္ဘာ့ချန်ပီယံအသင်းသို့ သရဖူအသစ်ဆောင်းနိုင်ရန်ရာ အဆိုပါ ဘရာဇီးတိုက်စစ်မှူး ရောဘင်ဟိုအတွက် အပြောင်းအရွေ့အား မန်ချက်စတာစီးတီအသင်းမှ ပယ်ချလိုက်ရာ ခေါ်ယူနိုင်တော့မည် မဟုတ်ကြောင်း ဘာစီလိုနာအသင်း ဥက္ကဌ ဂျုံးလာပေါ်တာမှ အတည်ပြု ပြောကြားလိုက်သည်။ ရော်ဘင်ဟိုသည် ပြီးခဲ့သည့် နွေရာသီကတည်းက နူးကမ့်သို့ ပြောင်းရွေ့ရန်အတွက် ကမ်းလှမ်းမှုကို ရရှိထားခဲ့ပြီး ဆောင်းရာသီ အပြောင်းအရွေ့ကာလတွင်
(255) (0)
Last Updated at 14:26 GMT, Tuesday, 22 December 2009 14:26 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမားများ

အပတ်စဉ်ထုတ် ဂျာမန်  ဘောလုံးမဂ္ဂဇင်း Der Spiegel က ဆန်းစစ်လေ့လာချက်များအရ ဘောလုံးသမားများထဲတွင် ပေါ်တူဂီသား ခရစ္စတီယာနို ရိုနယ်ဒိုက အမြန်ဆုံးဖြစ်ကြောင်း သိရှိရသည်။ ၄င်းတို့၏ ဆန်းစစ်လေ့လာချက်များအရ စီရိုနယ်ဒိုသည် တစ်နာရီ 33.6 ကီလိုမီတာနှုန်းဖြင့် ကမ္ဘာ့ အမြန်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရပြီး နောက်တန်းသမားများကို ကျော်ဖြတ်ရာ၌ စီရိုနယ်ဒိုသည် သူ၏ စွမ်းဆောင်နိုင်စွမ်းကို ပြည့်ဝစွာ အသုံးချလေ့ရှိကြောင်း သိရသည်။
(1911) (12)
Last Updated at 15:42 GMT, Sunday, 13 December 2009 15:42 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ဒဏ်ရာကြောင့် ရီးယဲမက်ဒရစ်မှ ကာကာ ၂၀၁၀ ခုနှစ်တွင်မှ ပြန်လည် ကစားနိုင်တော့မည်။

AS သတင်းစာအရ ကာကာသည် လွန်ခဲ့သောလက ကစားခဲ့သော ဘာစီလိုနာနှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး အနည်းဆုံး တစ်လခန့် အနားယူရမည် ဖြစ်ကာ ရီးယဲမက်ဒရစ် အသင်း၏ အဓိက ပွဲတစ်ပွဲဖြစ်သော ချန်ပီယံလိဂ် မာဆေးလ် အသင်းနှင့်ပွဲ အပြင် ဗလင်စီယာအသင်းနှင့် ပွဲကို လွဲချော်မည်ဖြစ်သည်။
(377) (4)
Last Updated at 9:46 GMT, Tuesday, 8 December 2009 9:46 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ရီးရဲလ်နဲ့ ဘာကာအတွက်လည်း တံခါးဖွင့်ထားပါတယ်... (ဒေးဗစ်ဗီလာ)

"ခုကျွန်တော့်အသက် ၂၇နှစ်ရှိပါပြီ၊ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတော့ ကျွန်တော် မသိသေးပါဘူး၊ ဗလန်စီယာနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ကျွန်တော့်အသက် ၃၂နှစ်အထိပါပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး"
(1239) (9)
Last Updated at 16:16 GMT, Thursday, 3 December 2009 16:16 MM   Translated by : ရှမ်းလေး
ဆက်လက်ဖတ်ရှပါရန်

တစ်ခြားလိဂ်တွေကို ပြောင်းရွေ့ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ.... (ဒေးဗစ်ဗီလာ)

ဗလန်စီယာစတား စပိန်တိုက်စစ်မှူးဒေးဗစ်ဗီလာက ဗလန်စီယာမှ ထွက်ခွာသွားမည် မဟုတ်ဟု ထုတ်ဖော်ပြောကြား ထားသော်လည်း ကလပ်ကသူ့ကို ရောင်းချသွားဖို့ ဆုံးဖြတ်လိုက်သောကြောင့် စပိန်မှ ထွက်ခွာကာ အခြားလိဂ်များသို့ ပြောင်းရွေ့ကစားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြား လိုက်သည်။အဆိုပါ စပိန်လက်ရွေးစင်ကို ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးများ ဖြစ်ကြသည့် မန်ယူ၊ ချဲယ်ဆီး၊ လီဗာပူးလ် တို့က ပြီးခဲ့သောတစ်ပတ်က ခေါ်ယူရန် စိတ်ဝင်စားကြောင်း ထပ်မံပြောကြား ခဲ့ပြီးနောက်
(1259) (9)
Last Updated at 0:46 GMT, Thursday, 26 November 2009 0:46 MM   Translated by : ရှမ်းလေး
ဆက်လက်ဖတ်ရှပါရန်

အသင်းရဲ့ ကြွေးမြီတွေကို အသင်းက ကစားသမားတွေ ရောင်းချတဲ့နည်းနဲ့ ဖြေရှင်းသွား မှာမဟုတ်ပါဘူး...(ဗလန်စီယာ ဥက္ကဌ လိုရန်တီ)

"ခုချိန်မှာ အသင်းက ဘယ်ကစားသမားကိုမှ ရောင်းချသွားမှာ မဟုတ်ပါဘူး၊ ဘာလို့ လဲဆိုတော့ အသင်း ရဲ့လက်ရှိခြေစွမ်းဟာ တည်ငြိမ်နေပြီး၊ အကောင်းဆုံး စွမ်းဆောင် နေနိုင်ပါတယ်၊ အသင်းရဲ့ တည်ငြိမ်မှု့ကို မဖျက်ဆီးချင်ပါဘူး"
(214) (7)
Last Updated at 3:54 GMT, Saturday, 21 November 2009 3:54 MM   Translated by : ရှမ်းလေး
ဆက်လက်ဖတ်ရှပါရန်

ရီးရဲလ် ကစားသမားဟောင်း ဖီဂိုက စီရော်နယ်ဒို ရီးရဲလ်အသင်းမှာ အောင်မြင်မှု့ ကြီးကြီး မားမား ရမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား

အဆိုပါ ရီးရဲလ်နဲ့ ဘာကာကစားသမားဟောင်း လူးဝစ်ဖီဂိုက စီရော်နယ်ဒိုသည် သူရီးရဲလ်မှာ ကစားခဲ့စဉ် တုန်းက ရရှိခဲ့သော အောင်မြင်မှု့မျိုးကို ရရှိမည်ကို ယုံကြည်ကြောင်း ပြောကြားသွားသည်။ လူးဝစ်ဖီဂိုက-
"စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ အောင်မြင်မှု့ ရပါလိမ့်မယ်၊ ထူးချွန်တဲ့
(1236) (4)
Last Updated at 3:30 GMT, Thursday, 12 November 2009 3:30 MM   Translated by : ရှမ်းလေး
ဆက်လက်ဖတ်ရှပါရန်

အသင်းမှ စပိန်ကစားသမားများ ဖြစ်ကြသော ဆေးလ်ဗားနှင့် ဗီလာကို ရောင်းချနိုင်ဖွယ် ရှိသည်ဟု ဗလင်စီယာ ဒါရိုက်တာ အတည်ပြု၊ မန်ယူအသင်းက ခေါ်ယူခွင့် ရရှိရန် နီးစပ်နေ

စပိန် လာလီဂါ ကလပ်အသင်း ဖြစ်သည့် ဗလင်စီယာအသင်းသည် အသင်း၌ ငွေကြေး လိုအပ်ချက်တစ်ခုကြောင့် အသင်းမှ စပိန်ကစားသမားများ ဖြစ်ကြသော ဒေးဗစ် ဆေးလ်ဗားနှင့် ဒေးဗစ်ဗီလာတို့အား ရောင်းချသွားနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ၄င်းအနေအထားများကြောင့် ပရီမီးယားလိဂ်မှ မန်ယူအသင်းသည် ၄င်းကစားသမား နှစ်ဦးလုံးကို အလိုရှိနေခဲ့ရာ နှစ်ဦးစလုံး မဟုတ်ရင်တော့ တစ်ဦးကိုတော့ ခေါ်ယူခွင့် ရရန် နီးစပ်နေပြီဟု သတင်းများက သုံးသပ်ခဲ့သည်။
(1478) (11)
Last Updated at 9:48 GMT, Wednesday, 28 October 2009 9:48 MM   Probe by : ၀င်းမင်းဆန်း
ဆက်လက်ဖတ်ရှပါရန်
0 20 40 NEXT