Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

ရိုးမားအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ကြီးကျယ်တဲ့ အောင်မြင်မှုများကို ပိုင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်နေတဲ့ တော့တီ

"ရိုးမားအသင်းဟာ ကြီးကျယ်တဲ့ အရာတွေကို လုပ်နိုင်စွမ်းရှိပါတယ်၊ ဒီရာသီမှာတော့ ကျွန်တော်တို့အသင်းဟာ ကြီးကျယ်အောင်မြင်တဲ့ ရာသီတစ်ခုပိုင်ဆိုင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"...(တော့တီ)
(122) (1)
Last Updated at 4:13 GMT, Wednesday, 4 August 2010 4:13 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

မာရီယို ဘာလိုတယ်လီကို ကန်လိုက်မိတာကြောင့် ဘောလုံးလောကက ထွက်ခွာလုနီးနီး ဖြစ်ခဲ့ရပါတယ် (ရိုးမားကပ္ပတိန် တော့တီ)

ရိုးမားအသင်းခေါင်းဆောင် ဖ၇န်ဆစ်စကို တော့တီက သူ၏ကစားသမားဘ၀ကို အဆုံးသတ်လုနီးပါး အခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းသို့ဖြစ်ခဲ့ရခြင်းမှာ ပြီးခဲ့သည့်ရာသီက မာရီယိုဘာလိုတယ်လီအား ကန်လိုက်မိခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အင်တာနှင့် ရိုးမားတို့ ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲစဉ်တွင် တော့တီသည် အဆိုပါဖြစ်ရပ်ကြောင့် အနီကဒ်ပြစ်ဒဏ်ထိခဲ့ပြီးလည်း ဖြစ်သည်။
(1435) (1)
Last Updated at 0:25 GMT, Wednesday, 21 July 2010 0:25 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ရိုမားအသင်းနဲ့ ၃နှစ် စာချုပ် ချုပ်ဆိုလိုက်ကာ အီတလီမြေသို့ တကျော့ ပြန်လာသည့် ဘရာဇီးသား အက်ဒရီယာနို

ရိုးမားအသင်းမှ အက်ဒရီယာနိုနှင့် သုံးနှစ် သက်တမ်းရှိသည့် စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ပြီဟု တရားဝင် အတည်ပြု ထုတ်ပြန်ကြေငြာလိုက်သည်။


အသင်းမှ တရားဝင် ထုတ်ပြန်ရာတွင် ….


“ရိုးမားအသင်းနှင့် အက်ဒရီယာနို လိုင်တီရီဘရီတိုတို့သည် နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောတူညီချက်အရ ၂၀၁၀ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ ၂၀၁၃ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အကြုံးဝင်လာမည့် အားကစား စာချုပ်တစ်ခုကို တရားဝင်ထုတ်ပြန်ဖို့ ဆန္ဒရှိနေပါတယ်။ ကစားသမားအား စာချုပ်ပါ တစ်ရာစာချင်းအတွက် ပေါင် ၅သန်းကို
(443) (2)
Last Updated at 11:58 GMT, Wednesday, 9 June 2010 11:58 MM   Translated by : နန္ဒ
ဆက်လက်ဖတ်ရှပါရန်

ဂုဏ်ယူပါတယ် အင်တာမီလန် ( ရိုးမားကွင်းလယ်လူ ဒီရော့စီ)

"ကျွန်တော်တို့ သူတို့ကို အကောင်းဆုံး ဒုက္ခပေး နိုင်ခဲ့ပါတယ်၊ ချန်ပီယံအတွက် ဂုဏ်ယူပါတယ်၊ သူတို့ဟာ ဒီတိုက်ပွဲမှာ အောင်နိုင်သူပါ၊ ဒါပေမဲ့ ဒီနေ့မတိုင်မှီအထိ ကျွန်တော်တို့ သူတို့ကို ဖိအားပေး သွားနိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့အသင်းသာ ဒီအင်အားအတိုင်း ဆက်သွားမယ်ဆို အနှေးနဲ့အမြန် စကူဒက်တိုကို ဆွတ်ခူးနိုင်မှာပါ၊ အင်တာအသင်းဟာ ချန်ပီယံလိဂ်မှာ ဖိုင်နယ်အဆင့်ကိုသာ မရောက်ခဲ့ဘူးဆိုရင်၊ ခုလို ရာသီကုန်တဲ့အထိ စောင့်နေစရာမလိုပဲ အစောကြီးကတည်းက စကူဒက်တိုကို သူတို့ ရနေပါပြီ"
                                                                     (ဒီရော့စီ)
(1313) (6)
Last Updated at 2:2 GMT, Monday, 17 May 2010 2:2 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

မော်ရင်ဟိုဟာ ကျွန်တော့်အတွက် ပျင်းရိ ငြီးငွေ့စရာပါလို့ ဆိုလိုက်တဲ့ ရာနီရာရီ

ရိုးမားနည်းပြ ကလောဒီယို ရာနီရာရီသည် စီးရီးအေ နောက်ဆုံး ရာသီအပိတ် ပွဲစဉ်အထိ သူ့အသင်း၏ ချန်ပီယံ အခွင့်အလမ်းဟာ ရှိနေသေးသည့်အတွက် ပျော်ရွှင်နေသည်။ သူသည် သူ့အသင်းအား နောက်ဆုံးပွဲစဉ်ဖြစ်သည့် ချီယေဗိုနှင့် ပွဲစဉ်တွင် အသင်းသား အားလုံးအား အစွမ်းကုန် ပေးဆပ်ကစား သွားရန်တိုက်တွန်း ပြောကြားထားသည်။

" အင်တာအကြောင်းကို ကျွန်တော် တွေးတောနေမှာ မဟုတ်ပါဘူး။ ကျွန်တော့အသင်း အတွက်ပဲ တွေးတောနေမှာပါ။ ''

''ကျွန်တော် ဘောလုံးနည်းပြ တစ်ယောက်ဖြစ်လာတာ ကံကောင်းတယ်လို့ ခံစားမိပါတယ်။ ဘာလို့လဲဆိုရရင် ကျွန်တော်ချစ်တဲ့ အလုပ်ကို ကျွန်တော် လုပ်နေရလို့ပါ။ မော်ရင်ဟိုဟာ ဘောလုံးနဲ့ ပတ်သတ်ပြီး အများအပြား ပြောဆိုနိုင်သူတယောက်ပါ။ ဒါပေမယ့်...
(1223) (3)
Last Updated at 20:58 GMT, Saturday, 15 May 2010 20:58 MM   Translated by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ဒီရော့ဆီအတွက် ပေါင် ၃၇သန်းဖြင့် ကမ်းလှမ်းလာသည့် မန်စီးတီး၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တဲ့ ရိုးမား

ရိုးမားအသင်းသည် ၎င်းတို့၏ ကွင်းလယ်ကစားသမား ဒီရော့ဆီအတွက် ပေါင်၃၇သန်းဖြင့် ကမ်းလှမ်းလာသော မန်ချက်စတာ စီးတီးအသင်း၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်။ ရိုးမားသည် မန်ချက်စတာ စီးတီးအသင်း၏ မြှင့်မားသော ပြောင်းရွေ့ကြေး တစ်ရပ်ဖြစ်သည့် ပေါင် ၃၇သန်းကို ပယ်ချခဲ့သော်လည်း၊ ဒီရော့ဆီကို စိတ်ဝင်စားနေသော အသင်းများအတွက် အပြောင်းအရွေ့ တံခါးပိတ်ထားခြင်း မရှိသေးကြောင်း လာစတမ်ပါက ဖော်ပြသွားခဲ့သည်။
(408) (2)
Last Updated at 23:12 GMT, Wednesday, 12 May 2010 23:12 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

အင်တာ ကစားသမား ဘာလိုတယ်လီကို ကန်ကျောက်ခဲ့သည့် တော့တီ (၄)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

အီတလီ ကိုပါဗိုလ်လုပွဲတွင် အင်တာကစားသမား ဘာလိုတယ်လီကို နောက်မှ ကန်ကျောက်ခဲ့သော ရိုးမားအသင်းခေါင်းဆောင် တော့တီကို အီတလီ ဘောလုံးအဖွဲ့ချုပ်က (၄)ပွဲပယ် ပြစ်ဒဏ်ချမှတ် လိုက်သည်။ အီတလီဘောလုံး အဖွဲ့ချုပ်က တော့တီအား ပြစ်ဒဏ်ချမှတ်ကြောင်းကို  အီတလီဘောလုံးအဖွဲ့ချုပ်၏ ၀က်ဘ်ဆိုဒ်မှ -
"ပြိုင်ဖက်ကစားသမား အပေါ် မမှန်ကန်သော နည်းလမ်းဖြင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပြစ်ဒဏ်နှင့် အနီကဒ် ပြစ်ဒဏ်ကြောင့် တော့တီအား (၄)ပွဲပယ်ပြစ်ဒဏ်ချမှတ် လိုက်ပါ တယ်" ဟု ထုတ်ပြန်ကြေငြာသွားခဲ့ သည်။
(324) (1)
Last Updated at 19:46 GMT, Tuesday, 11 May 2010 19:46 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

ဘာလိုတယ်လီကို ကန်ကျောက်ခဲ့သော လုပ်ရပ်နှင့်ပတ်သက်ပြီး ရှုံ့ချ ခံနေရသော ရိုးမား အသင်းခေါင်းဆောင် တော့တီသည် ဂယ်ဂလီရာ လီဖြင့် ပွဲတွင် ပရိတ်များ၏ အံ့သြဖွယ် အားပေးမှု့ကို ကျေးဇူးတင် ကြောင်း ပြောကြား

"အိုလံပီကိုဟာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ကွင်းကြီးပါ၊ အဆုံးသတ်မှာ အိုလံပီကိုအတွက် အောင်မြင်မှု့တွေ စွမ်းဆောင်ပေးနိုင်မှာပါ၊ ဒီလိုကျွန်တော့်အတွက် ခက်ခဲတဲ့ အခြေအနေမျိုးမှာ ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်တွေ အများကြီးရှိတာ တကယ့်ကို အားတက် စရာပါပဲ"

"ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်တွေကို ကျွန်တော့်ရင်ဘတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ကျွန်တော့်နာမည်နဲ့ နံပါတ်ပါတဲ့ အင်္ကျီကို ၀တ်ဆင်ပြီး ကျွန်တော့်ကို အားပေးထောက်ခံတဲ့အတွက် အရမ်းကို ကြည်နူးမိပါတယ်"
                                                                         (တော့တီ)
(1229) (4)
Last Updated at 21:52 GMT, Monday, 10 May 2010 21:52 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

ဘာလိုတယ်လီက တော့တီသည် ၎င်းအား လူမျိုးရေးခွဲခြားသည့် သဘော ဖြင့် ကန်ကျောက်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲထားသည်ကို တော့တီက ထိုစွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း ပြောကြား

"ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဆက်ဆံရေး တင်းမာလာအောင် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် တစ်ခုကိုပဲ ရှင်းပြချင်တယ်၊ ကျွန်တော်ဟာ လူမျိုးရေး ခွဲခြားတတ်တဲ့ လူမဟုတ်သလို၊ အဲ့လို လူမျိုးရေး ခွဲခြားတဲ့ လုပ်ရပ်ကိုလည်း ဘယ်တော့မှ ပြုလုပ်သွားမှာ မဟုတ်ဘူး၊ လူမျိုးရေး ခွဲခြားတဲ့ စကားမျိုးတွေလည်း ဘယ်တော့မှ ပြောသွားမှာ မဟုတ်ဘူး၊ အဲ့ဒါကိုတော့ ကျွန်တော် အခိုင်အမာပြောရဲပါတယ်"
(1200) (8)
Last Updated at 18:59 GMT, Saturday, 8 May 2010 18:59 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

အီတလီ ကိုပါဗိုလ်လုပွဲတွင် အင်တာတိုက်စစ်မှူး ဘာလိုတယ်လီအား ဒေါသတကြီးဖြင့် ကန်ကျောက်ခဲ့သည်ကို ပြန်လည် တောင်းပန်လိုက် တဲ့ ရိုးမား သူရဲကောင်း တော့တီ

ရိုးမားအသင်းခေါင်းဆောင် တော့တီက အီတလီကိုပါ ဗိုလ်လုပွဲတွင်  အင်တာ တိုက်စစ်မှူး ဘာလို တယ်လီအား ဒေါသတကြီးဖြင့် ကန်ကျောက်ခဲ့သည်ကို ပြန်လည် တောင်းပန်လိုက်သည်။ အဆိုပါပွဲတွင် ပထမပိုင်းကတည်းက အ၀ါကဒ်ထိထားသော တော့တီသည် ပွဲချိန်ပြီးခါနီးတွင် အင်တာတိုက်စစ်မှူး ဘာလိုတယ်လီကို ဒေါသတကြီးဖြင့် ကန်ကျောက်ခဲ့သောကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။ ထိုကိစ္စနဲ့ပတ်သက်ပြီး တော့တီက -
(1694) (12)
Last Updated at 16:28 GMT, Friday, 7 May 2010 16:28 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

ကိုပါအီတလီဖလား ဖိုင်နယ်ပွဲတွင် အင်တာမီလန်အား ရှုံးနိမ့်ခဲ့ခြင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည့် နည်းပြ ရေနီရားနီ

ရေနီရားနီမှ ဆက်လက်ပြီး ဖရန့်စစ္စကို တော့တီ အနီကဒ်ဖြင့် ထွက်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။


“အဲဒီ အဖြစ်အပျက်ဟာ စိတ်ပျက်စရာ ကောင်းတဲ့ ဖျက်ထုတ်မှုပါဘဲ။ သူအဲ့လို လုပ်စရာမလိုပါဘူး။ လေးစားဂုဏ်ယူဖွယ် ကောင်းတဲ့ အနိုင်ပွဲ ပြီးသွားတော့ မော်ရင်ဟိုရဲ့ လက်ကို ဆွဲပြီး နှုတ်ဆက်ခဲ့ပါတယ်။ အင်တာကို ကျွန်တော်ရဲ့ ချီးမွမ်းစကားတွေ သွားပြီး ပေးခဲ့ပါတယ်”
(1681) (11)
Last Updated at 5:3 GMT, Thursday, 6 May 2010 5:3 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

အင်တာတို့၏ ဖလား၃လုံး မျှော်လင့်ချက်အတွက် အစမ်းသပ်ခံမည့် ပထမဆုံး စစ်မျက်နှာ (သို့မဟုတ်) ချဲယ်လ်ဆီး နည်းပြဟောင်း နှစ်ဦးတို့ အားပြိုင်ကြမည့် ကိုပါအီတလီ ဗိုလ်လုပွဲ (အင်တာ - ရိုးမား)

အီတလီအမှတ်ပေးပြိုင်ပွဲနှင့် ကိုပါအီတလီဖလားတွင် ဖလားရရန် အပြိုင်ဖြစ်နေသည့် အင်တာနှင့် ရိုးမားတို့သည် ယနေ့ညတွင် ကိုပါအီတလီဖလား နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။ အီတလီတွင် ယခုနှစ် အင်တာနှင့် ရိုးမားတို့၏ ပြိုင်ဆိုင်မှု့မှာ အသက်ဝင်လှသည်။ ကိုပါအီတလီပြိုင်ပွဲကို ၁၉၂၂ခုနှစ်ကတည်းက ကျင်းပလာခဲ့ရာ ရိုးမားနှင့် ဂျူဗီတို့က ၉ကြိမ်ဆီ ဆွတ်ခူးထားပြီး၊ အများဆုံး ဆွတ်ခူးသည့် အသင်းများအဖြစ် မှတ်တမ်းဝင်ထားသည်။ လက်ရှိချန်ပီယံမှာ လာဇီယိုဖြစ်ပြီး၊ ဆမ်ဒိုးရီးယားအသင်းကို ပွဲချိန်တွင်း (၁-၁) သရေ ကျခဲ့သောကြောင့် ပင်နယ်တီ ကန်သွင်းရာ လာဇီယို (၆-၅)ဖြင့် အနိုင်ရသွားခဲ့သည်။
(1316) (9)
Last Updated at 16:40 GMT, Wednesday, 5 May 2010 16:40 MM   Written by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

လာဇီယို - အင်တာပွဲဟာ တကယ့်ကို ရှက်ဖွယ်ပါပဲ (ရိုးမားဥက္ကဌ ဆန်စီ)

စီးရီးအေ ပွဲစဉ်ပြီးဆုံးရန် ၂ပွဲသာကျန်တော့ပြီး၊ လက်ရှိဇယားထပ်ကို အင်တာက ရိုးမားအထက် ၂မှတ် အသာဖြင့် ပြတ်ပြတ်သားသား ဦးဆောင်ပြီး စကူဒက်တိုကို ထပ်မံဆွတ်ခူးရန် ခြေတစ်လှမ်းသာနေသည်။ နှစ်သင်းစလုံး၏ လက်ကျန်ပွဲစဉ်များမှာလည်း တန်းဆင်းဇုံမှ အသင်းများဖြင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် စကူဒက်တိုဖလားသည် အင်တာလက်ထဲသို့ ရောက်နေပြီဟု သုံးသပ်၍ ရနိုင်ပါသည်။ ထူးခြားသည်မှာ ချန်ပီယံအတွက် အဆုံးအဖြတ်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ်မှ အခြေအနေမျိုးဖြင့် တိုက်ဆိုင်နေသလို၊ ရလဒ်များမှာလား ထူးခြားစွာ
(1940) (19)
Last Updated at 17:32 GMT, Monday, 3 May 2010 17:32 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

ရိုးမားဟာ စကူဒတ်တိုဖလားကို ရနိုင်ပါသေးတယ် (ကွင်းလယ် ကစားသမား ဒီရော်စီ)

“လာဇီယိုဟာ စီးရီးအေမှာ ဆက်လက် ရှင်သန်နိုင်ရေး အတွက် ဒီပွဲကို ကစားသွားမှာပါ။ ဒါကြောင့် ကျွန်တော်ဟာ ဒီကနေ့ ပါးမားကို အနိုင်ရအောင် လုပ်နိုင်ခဲ့သလို ပွဲကြီးပွဲကောင်း တစ်ပွဲကို သူတို့ ကစားရဖို့ ရှိတယ်လို့ ကျွန်တော် မျှွှော်လင့်ထားပါတယ်။ လာဇီယိုကို ကျွန်တော် အားပေးမလား ဆိုရင်တော့… ဟုတ်ကဲ့ အတိအကျပါဘဲ”
(229) (1)
Last Updated at 5:16 GMT, Sunday, 2 May 2010 5:16 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ရိုးမား၏ စတူဒက်ကိုဖလား နှင့် ဂျူဗင်တပ်စ်၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သူ၊ သို့မဟုတ် ဆမ်ဒိုးရီးယား သူရဲကောင်း ပက်ဇီနီ။

တိုက်စစ်မှူး ဂျီအမ်ပေါ်လို ပက်ဇီနီ၏ သွင်းဂိုး(၂)ဂိုးဖြင့် ဆမ်ဒိုးရီးယားက ရိုးမားအား ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် အင်တာမီလန်ထံမှ စီးရီးအေဖလားကို ရယူရန် ကြိုးပမ်းနေသော ရိုးမားအသင်း များစွာအခက်ကြုံခဲ့ရပြီ ဖြစ်သည်။ ဤအနိုင်ပွဲကြောင့် ဆမ်ဒိုးရီးယားမှာ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်သော ပါလာမိုနှင့် ဂျူဗင်တပ်စ် တို့ထက် နှာတဖျားအသာဖြင့် အဆင့်(၄)နေရာမှာ ပိုင်ပိုင်နိုင်နိုင် ရပ်တည်သွားနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။ ဇယားထိပ်မှ အင်တာမီလန်မှာ ခက်ခဲသောပြိုင်ဖက် လာဇီယိုအား အနိုင်ရယူပြီးနောက် လက်ကျန်ပွဲစဉ်များတွင် အမှတ်ဆုံးရှုံးစရာ အလားအလာ မရှိလေက်ပေ။ ထို့ကြောင့် ရိုးမားအတွက် လက်ကျန်သုံးပွဲစလုံးကို အမှားအယွင်းမရှိ အနိုင်ကစားကာ ချန်ပီယံမျှော်လင့်ချက်အတွက် အင်တာ၏ အမှားကို စောင့်ကြည့်ရန်သာ
(1239) (6)
Last Updated at 10:26 GMT, Monday, 26 April 2010 10:26 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

မီလန်(၂)သင်းကို နောက်ကောက်ချပြီး ရိုးမားအသင်းကို စီးရီးအေဇယားထိပ်ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ရေနီရာရီရဲ့ ရောမဒါဘီနိုင်ပွဲအပေါ် ထင်မြင်ချက်

ရေနီရာရီက လာဇီယိုအသင်းအား အနိုင်ရခဲ့ခြင်းသည် ရိုးမားအသင်းအတွက် အလွန်အရေးကြီးသည့် အောင်ပွဲတခုဖြစ်ကြောင်း ထုတ်ဖေါ်ဝင့်ကြွားလိုက်သည်။
အဆိုပါ ဂျူဗင်တပ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ နည်းပြဟောင်းသည် လာဇီယိုတိုက်စစ်မှူး ဆာဂျီယိုဖလောစ်ဆာရီ၏ ပင်နယ်တီလွဲချော်မှုသည့် ယခုပွဲ၏ အလှည့်အပြောင်းဖြစ်ခဲ့ကြောင်း ထုတ်ဖေါ်ပြောခဲ့သည်။
(1410) (3)
Last Updated at 5:35 GMT, Monday, 19 April 2010 5:35 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

စီးရီးအေ အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိလာသော ရိုးမားအသင်း ( ရိုးမား ၂ - ၁ အတ္တလန်တာ)

ရာသီအစတွင် သရေပွဲ၊ ရှုံးပွဲများကြောင့် အခြေအနေမကောင်းခဲ့သော ရိုးမားအသင်းသည် ပွဲစဉ် ၁၁ နောက်ပိုင်း ရှုံးပွဲမရှိဘဲ နောက်ဆုံးတွင် စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးသို့ရောက်ရှိလာပြီဖြစ်သည်။ ယမန်နေ့က အင်တာအသင်း ဖီအိုရင်တီးနားအသင်း နှင့် သရေကျခဲ့သောကြောင့် အခွင်အရေးကို မိမိရရ ဆုပ်ကိုင်ရန် ရိုးမားအသင်းက ပွဲစကတည်းက ဖိဖိစီးစီးကစားခဲ့ရာ ပွဲစပြီး ၁၂မိနစ်တွင် ဗူစီနစ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။
(453) (8)
Last Updated at 22:29 GMT, Sunday, 11 April 2010 22:29 MM   Written by : ကိုတော်တီ
ဆက်လက်ဖတ်ရှပါရန်

"ကျွန်တော် စကူဒက်တိုချန်ပီယံ ဖလားကြီးရဲ့ အနံ့အသက်ကို ရူရှိုက်ခွင့် ရနိုင်မယ်လို့ထင်ပါတယ်" .....(တော့တီ)

ရိုးမားအသင်း ခေါင်းဆောင် တော့တီက စကူဒက်တိုချန်ပီယံ ဖလားကြီးအား ရိုးမားအသင်းတွင် မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်းနှင့် ယနေ့ည ယှဉ်ပြိုင်မည့် ဘာရီအသင်းနှင့် ပွဲစဉ်တွင် အင်တာအသင်းအား ကျော်တက်နိုင်မည့် အခွင့်အရေး ရရှိနိုင်ရန် ဂိုးသွင်းယူပေးမည်ဟု ပရိသတ်အား ကတိပေးလိုက်သည်။
တော့တီက "ကျွန်တော် ဘာရီအသင်း အားကစား ဒါရိုက်တာ Perinetti ကို သူတို့အသင်းနဲ့ တွေတိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့အကြောင်း ပြောခဲ့ပါတယ်၊ အခုတဖန်လည်း ဒီရိုးရာကို ဆက်လက်ထိမ်းသိမ်းနိုင် လိမ့်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်ဗျာ"  ဟုပြောကြားခဲ့သည်။
(200) (2)
Last Updated at 17:55 GMT, Saturday, 3 April 2010 17:55 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

တိုနီ ၏ သွင်းဂိုးဖြင့် အင်တာကို အနိုင်ရရှိပြီး စီးရီးအေချန်ပီယံဆု အတွက် စိန်ခေါ်လာသည့် ရိုးမား ( ရိုးမား ၂ - ၁ အင်တာ )

အီတလီစီးရီးအေ ပွဲစဉ် (၃၁) ၏အစောဆုံးပွဲအဖြစ် ရိုးမား နှင့် အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားကြရာ ရိုးမားက ၂ ဂိုး ၁ဂိုး ဖြင့် အနိုင်ရရှိပြီး အင်တာမီလန် နှင့် ၁မှတ်အကွာသို့ရောက်ရှိလာပြီး စီးရီးအေ ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်လာဖြစ်လာပြီဖြစ်သည်။
(1431) (4)
Last Updated at 2:23 GMT, Sunday, 28 March 2010 2:23 MM   Written by : ကိုတော်တီ
ဆက်လက်ဖတ်ရှပါရန်

အီတလီထိပ်သီးနှစ်သင်း ၏ တိုက်ပွဲ

ယခုပွဲစဉ်မှာ လက်ရှိ အီတလီအကောင်းဆုံးနှစ်သင်းရဲ့ တိုက်ပွဲဖြစ်သည်။ ပြီးခဲ့သည့် ကြားရက်အတွင်း မီလန်အသင်းအားကျော်ဖြတ်ပြီး ဒုတိယနေရာ ယူနိုင်ခဲ့သည့်  ရိုးမားအသင်းမှာ မာကျောပြီးတည်ငြိမ်နေသည်။ သူ့တို့ဟာ စကူဒက်တိုဖလားအတွက် စိန်ခေါ်နေနိုင်ပြီဖြစ်သည်ကိုယနေ့ အင်တာမီလန်ကို ဧည့်ခံကစားရမည့်ပွဲစဉ်တွင် သက်သေပြရတော့မည်ဖြစ်သည်။ သတင်းများအရ အင်တာနည်းပြမော်ရင်ဟိုမှာ အင်တာတိုက်စစ်မှူးမီလီတိုမပါပဲ ရင်ဆိုင်ရဖွယ်ရှိနေသည်။
(1323) (6)
Last Updated at 12:45 GMT, Saturday, 27 March 2010 12:45 MM   Translated by : ညီငယ်
ဆက်လက်ဖတ်ရှပါရန်
0 20 40 NEXT