Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

2010-2011 ရာသီ ဘောလုံးသမား အများဆုံး ၀ယ်ယူသော အသင်းများ ၊ ငွေကြေး အများဆုံး ရရှိသော အသင်းများ နှင့် ငွေကြေး အများဆုံး ရရှိသော ကစားသမားများ

၂၀၁၀ - ၂၀၁၁ ရာသီမှာ ဥရောပ နာမည်ကစားသမားများ ခေါ်ယူပြီး အသင်းအင်အား ဖြည့်တင်းတဲ့နေရာမှာ ငွေကြေးအများဆုံး အသုံးပြုထားတဲ့ အသင်းတွေ ရှိပါတယ်။ အဲဒီထဲက မှ အများဆုံးခေါ်ယူမှု နာမည်ကြီး ၅ သင်း ကိုတွေ့ရှိရပါတယ် ။ အဲဒီအသင်းတွေကတော့ မန်စီးတီးက ၁၄၆ သန်း နဲ့ ပထမ ၊ ရီးရဲမက်ဒရစ် ၈၁ သန်း ဒုတိယ ၊ ဘာစီလိုနာ ၇၂ သန်း တတိယ ၊ဂျူဗင်တပ် စတုတ္ထ နဲ့ ဇင်းနစ်(ရုရှား) က ၄၈ သန်း နဲ့ ပဉ္စမ အသီးသီး ၀ယ်ယူထားကြပါတယ် ။
(1742) (2)
Last Updated at 15:41 GMT, Thursday, 2 September 2010 15:41 MM   Translated by : ကိုဟီးရိုး
ဆက်လက်ဖတ်ရှပါရန်

European Super Cup ကို ဆွတ်ခူးလိုက်တဲ့ အက်သလက်တီကို

ယနေ့  ည မြန်နာစံတော်ချိန် ၀၁း ၁၅ တွင် ကျင်းပ ပြီးစီးသွား ခဲ့သော European Super Cup ကို ဥရောပချန်ပလီဂ် ချန်ပီယံ အင်တာမီလန် နှင့် ယူရိုပါလိဂ် ချန်ပီယံ အက်သလက်တီကို တို့ယှဉ်ပြိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ အက်သလက်တီကိုက ဂိုးပြတ် ၂ - ၀ ဂိုးဖြင့် အနိုင်ယူပြီး ဥရောပစူပါဖလား ကို  သိမ်းပိုက်သွားခဲ့ပါတယ် ။ ပထမ ပိုင်းမှာ ပွဲ က တစ်ဖက်ကို တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ရှိခဲ့ပါတယ် ။ ဒုတိယ ပိုငိးမှာတော့ အက်သလက်တီကို တို့ဟာ ခြေစွမ်းထက်လာပြီး တိုက်စစ်အားကို မြှင့်တင်ခဲ့ပါတယ်
(1317) (3)
Last Updated at 6:23 GMT, Saturday, 28 August 2010 6:23 MM   Translated by : ကိုဟီးရိုး
ဆက်လက်ဖတ်ရှပါရန်

လီဗာပူးလ် အုပ်စုချောင်ခဲ့ပေမယ့် မန်စီးတီးကတော့ ဂျူဗင်တပ်နဲ့ ထိပ်တိုက်တိုးသွားတဲ့ ယူရိုပါလိဂ် အုပ်စုများ

ပရီးမီးယားလိဂ်မှ လီဗာပူးအသင်းနှင့် မန်စီးတီးတို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ယူရိုပါလိဂ် ပွဲစဉ်များကိုလည်း အုပ်စု ခွဲခဲ့ပြီးပြီဖြစ်ပါတယ်။ ယူရိုပါလိဂ် ခြေစစ်ပွဲ အောင်လာတဲ့ ၃၇ သင်း၊ လက်ရှိချန်ပီယံ အက်သလက်တီကို မက်ဒရစ်၊ ချန်ပီယံလိဂ်က  ပြုတ်ကျလာတဲ့ ၁၀ သင်းတို့ ပေါင်းပြီး ၄၈ သင်း မဲခွဲခဲ့ကြတာဖြစ်ပါတယ်။  လီဗာပူး အုပ်စုချောင်ခဲ့ပေမယ့် မန်စီးတီးတော့ မချောင်လှပါဘူး။
(1425) (4)
Last Updated at 22:46 GMT, Friday, 27 August 2010 22:46 MM   Written by : aungsoemoe
ဆက်လက်ဖတ်ရှပါရန်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ဇယား အပြည့်အစုံ

      ဘောလုံး ၀ါသနာရှင်တို့ အတွက် စိတ်ဝင်စားမှု အထွတ်အထိပ်ကို ပေးစွမ်းနိုင်တဲ့ ချန်ပီယံလိဂ်ဘောလုံး ပွဲစဉ်များကို မနေ့ညတုန်းက မဲခွဲလို့ ပြီးခဲ့ပါပြီ။ အားလုံးသော ပရိသတ်တွေဟာလည်း ကိုယ့်အသင်း ဘယ်နေ့မှာ ဘယ်အသင်းနှင့် ကစားမယ် ဆိုတာကို သိချင်နေကြပြီဖြစ်တဲ့အတွက်  ချန်ပီယံလိဂ်  အုပ်စုပွဲစဉ် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလန် အသင်း ၄ သင်းဟာ တစ်ရက်မှာ ၂ သင်းစီ ခွဲကစားမှာဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်တွေမှာတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ မန်ယူအသင်းဟာ ရိမ်းဂျား အသင်းကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပြီး စပါးအသင်းကတော့ ၀ါဒါဘရီမင်ကွင်းကို သွားရောက်ကစားမှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ချယ်ဆီးအသင်းဟာ စလိုဗာကီးယား ကလပ် ဇီလီနာနဲ့ အဝေးကွင်း သွားရောက်ကစားမှာဖြစ်ပြီး အာဆယ်နယ် အသင်းကတော့ အမ်းမရိတ်မှာ ဘရာဂါ အသင်းကို လက်ခံကစားမှာဖြစ်ပါတယ်။
(1595) (7)
Last Updated at 21:59 GMT, Friday, 27 August 2010 21:59 MM   Written by : aungsoemoe
ဆက်လက်ဖတ်ရှပါရန်

ယနေ့  ည ကစားမည့် European Super Cup အင်တာ နဲ့ အက်တလက်တီကို မက်ဒရစ်

ယနေ့ ၂၇ .၀၈ .၂၀၁၀ ရက် သောကြာနေ့ ည မြန်မာစံတော် ချိန် ၂၈.၀၈ .၂၀၁၀ ရက် ည ၀၁း ၁၅ တွင် ပြင်သစ်နိုင်ငံ မိုနာကို မြို့တွင် ကျင်းပမည့် European Cups - Super Cup ပြိုင်ပွဲတွင် ဥရောပ ချန်ပီယံလိဂ် ချိန်ပီယံ အင်တာမီလန် နှင့်  ယူရိုပါလိဂ် ချန်ပီယံ အက်သလက်တီကို မက်ဒရစ် တို့ဆုံတွေ့ကြမည် ဖြစ်သည် ။ ယင်းပွဲတွင် အနိုင်ရှိသူသည် ဆုကြေးငွေ ပေါင် ၂.၅ သန်းရရှိမည် ဖြစ်ပြီး ၊ ရှုံးနိမ့်သူကတော့ ပေါင် ၂ သန်း ရရှိမည် ဖြစ်ပါသည်။
(334) (2)
Last Updated at 20:31 GMT, Friday, 27 August 2010 20:31 MM   Translated by : ကိုဟီးရိုး
ဆက်လက်ဖတ်ရှပါရန်

ယခုအုပ်စုဟာ ထင်ထားတာထက်ကို ပိုခက်ခဲမှာပါ - အာစင်ဝင်းဂါး

အာစင်နယ်လ်နည်းပြ အာစင်ဝင်းဂါးက အာစင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် ပွဲစဉ်ဇယားတွေဟာ မမြင်နိုင်တဲ့ အန္တရာယ်တွေရှိနေကြာင်း ယုံကြည်နေပါသည်။ ကြာသပတေးနေ့ညနေ မဲခွဲမှု့အရ အာစင်နယ်အသင်းဟာ ယူကရိန်းချန်ပီယံ ရှက်တာဒိုးနတ် ၊ ဆီဗီးလားအသင်းကို ဖြတ်ကျော်လာသော ပေါ်တူဂီကလပ် စပို့တင်းဘရာဂါ ၊ ဆာဘီးယားကလပ် ပါတီဇန်ဘဲဂရိတ် အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်လျက်ရှိပါသည်။...
(464) (5)
Last Updated at 20:18 GMT, Friday, 27 August 2010 20:18 MM   Translated by : ဇော်ပြေအေး
ဆက်လက်ဖတ်ရှပါရန်

ဥရောပ ချန်ပီယံလိဂ် ၏ အအောင်မြင်ဆုံးအသင်းများ နှင့် အစဉ်အလာ

မကြာခင် စက်တင်္ဘာလ ၁၄ ရက်နေ့ မှာ ဥရောပ ချန်ပီယံလိဂ် ပွဲစဉ် များ စတင်တော့မည် ဖြစ်ပါသည်။ ဥရောပ ချန်ပီယံလိဂ် မှာ ပရိတ်သတ် များ၏ အကြိုက်ဆုံး ၊ ဥရောပ အကြော်ကြားဆုံး ကလပ်များ ယှဉ်ပြိုင်ခြင်းကြောင့် နာမည်ကြီးလူမည်ကြီးလူကြိုက်များ နေရခြင်းလည်း ဖြစ်ပါသည်။ချန်ပီယံ လိဂ်ကို ၁၉၅၅ မှာ  ၊ ပြင်သစ်သတင်းစာတိုက် မှ အားကစားအယ်ဒီတာ တစ်ယောက်ရဲ့ အကြံဥာဏ် ကနေ စတင်ခဲ့ပါတယ်။သူကလည်း ၁၉၄၈ မှာ စတင်ခဲတဲ့ နာမည်ကြီး လူကြိုက်များသော South American Championship of Champions သတင်းယူခဲ့တဲ့ ဂျာနယ်လစ် ဆီကနေ ပေးပို့တဲ့ သတင်းတွေကနေ အကြံပေါ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အဲဒီအဆို ကို UEFA မှ လက်ခဲ့ပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ် ။ အဲဒီနောက် ၁၉၅၅ - ၅၆ ဥရောပ၏ထိပ်သီး ကလပ်များ အိမ်ကွင်း ၊ အဝေးကွင်း ကန်စေပြီး European Champion Clubs' Cup ကနေ   European Cup ယခုတော့ ဥရောပ ချန်ပီယံလိဂ် ဆိုပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။
(1272) (7)
Last Updated at 16:31 GMT, Friday, 27 August 2010 16:31 MM   Written by : ကိုဟီးရိုး
ဆက်လက်ဖတ်ရှပါရန်

ပရိသတ်စိတ်ဝင်စားမှုအရှိဆုံး ကလပ်အသင်းများပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုအဆင့်မဲခွဲမှုများ ပြီးဆုံး၊ အင်တာနှင့်တွေ့ဆုံလိုသည့် ခရော့ခ်ျ၏ဆန္ဒပြည့်ဝခဲ့ ...

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုအဆင့် မဲခွဲမှုများ ပြီးဆုံးခဲ့ပြီးနောက် စိတ်ဝင်စားဖွယ်အတွဲများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပဘောလုံးကလပ်အသင်းစုံပါဝင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်ပြီး ခြေစစ်ပွဲစဉ်များ ပြီးဆုံး၍ အုပ်စုအဆင့်သို့ ရောက်ရှိလာခဲ့ရာ အုပ်စုအဆင့်အတွက် မဲခွဲမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိချန်ပီယံ အင်တာအသင်းမှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများစွာနှင့် ရီးရဲလ်အသင်းသည် အေစီမီလန်၊ အေဂျက်တို့နှင့် ဆုံတွေ့ရမည်ဖြစ်သည်။ ဘာစီလိုနာမှာမူ ယမန်နှစ် အုပ်စုတွင်းပြိုင်ဘက် ရူဘင်ကာဇန်အသင်းနှင့် ထပ်မံဆုံတွေ့ရမည်ဖြစ်ပြီး အခြားစပိန်အသင်းဖြစ်သည့် ဗလင်စီယာမှာ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ချဲလ်ဆီးနှင့် အာဆင်နယ်တို့မှာ ဒရော့ဘာ၏ အသင်းဟောင်း မာဆေးလ်၊ ရှက်တာဒိုးနက်ခ်တို့ဖြင့် အသီးသီးဆုံတွေ့ရမည်ဖြစ်သည်။
(2612) (14)
Last Updated at 2:34 GMT, Friday, 27 August 2010 2:34 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ်များ ယနေ့ည မဲခွဲမည်။

ပရိတ်သတ်များ အဖမ်းစားဆုံး ဖြစ်သော ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ မဲခွဲ ပွဲကို ယနေ့ည မြန်မာစံတော်ချိန် ၁၀း၃၀ မိနစ်တွင် ပြင်သစ်နိုင်ငံ မိုနာကို မြို့တွင် ကျင်းပတော့မည် ဖြစ်သည်။ပလေးအော့ဖ် ပွဲစဉ်များမှ တက်ရောက် လာသည့် အသင်း ၁၀ သင်းနှင့် ခြေစစ်ပွဲ ၀င်စရာမလိုပဲ အုပ်စုအဆင့်မှ စတင်ကစား ရမည့် အသင်း ၂၂ သင်းတို့ ပူးပေါင်းပြီး အသင်း ၃၂ သင်းအား အုပ်စု ၈ အုပ်စု ခွဲကာ ယှဉ်ပြိုင် ကစားစေမည် ဖြစ်သည်။ အသင်းများအား အုပ်စုခွဲရာတွင် ဆီဒင် သတ်မှတ်ပေးထားပြီး ဆီဒင်အလိုက် အမျိုးအစား လေးမျိုး ခွဲခြားထားသည်။ ယခုနှစ် ၂၀၁၀-၂၀၁၁ ချန်ပီယံလိဂ် .....
(1290) (5)
Last Updated at 16:59 GMT, Thursday, 26 August 2010 16:59 MM   Probe by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ပီတာခရော့ရဲ့ ခြေစွမ်းပြ ဟတ်ထရစ်ဂိုးများ၊ ပွဲမတိုင်မှီ ဟစ်ကြွေးခဲ့တဲ့ ဒီဖိုးတို့ရဲ့ ဂိုးတို့နှင့်အတူ ရေပန်းစားနေသည့် ယန်းဘွိုင်းအသင်းအား ချန်ပီယံလိဂ်မှ ဖယ်ထုတ်ကာ စပါးတို့ နောက်တဆင့် တက်သွားပြီ နှင့် အခြားအသင်း ရလဒ်များ

ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနှင့် စပါးတို့ တွေ့ဆုံရာ ပီတာခရော့၏ ဟတ်ထရစ်ဂိုး အပါအ၀င် လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ အုပ်စုအဆင့်သို့ အင်္ဂလန်ကလပ်သည် တက်ရောက်သွားခဲ့သည်။ ခရော့သည် ပွဲစပြီး ငါးမိနစ်မှာပင် ဂရတ်ဘာလီ၏ ဖြတ်တင်ဘောမှနေ ခေါင်းတိုက်က စပါးအတွက် ပွဲအစကို လှပ ပြည့်စုံစေခဲ့သည်။
(1448) (3)
Last Updated at 4:55 GMT, Thursday, 26 August 2010 4:55 MM   Written by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ဆီဗီလာ ထွက်ခွာခဲ့ရသလို ဆမ်းဒိုးရီးယားလည်း ရှုံးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲ အဂါင်္နေ့ည ပွဲစဉ်များ

ပေါ်တူဂီ ကလပ် စပို့တင်း ဘရာဂါ အသင်းသည် စပိန် နာမည်ကြီး ဆီဗီးလား အသင်းအား အဝေးကွင်းတွင် ၄း၃ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်များသို့ တက်ရောက် သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အတူ ၀ါဒါဘရီမင် အသင်းသည်လည်း ဆမ်ဒိုးရီးယားအသင်းအား ခက်ခဲစွာ ကစားခဲ့ရပြီး အချိန်ပိုတွင် အနိုင်ဂိုး သွင်းယူကာ အုပ်စု အဆင့်ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့သည်။
ဘရာဂါ အသင်းသည် စပိန် နာမည်ကြီး ဆီဗီးလား အသင်းအား ပထမအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ၁းဝ ဖြင့် အနိုင်ယူခဲ့သလို ဆီဗီးလားကွင်းတွင်လည်း ခြေစွမ်းပြ ကစားကာ..
(1353) (1)
Last Updated at 13:29 GMT, Wednesday, 25 August 2010 13:29 MM   Translated by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ဆွစ်မြေမှာ ရှုံးပွဲတွေ့ခဲ့တဲ့စပါး သတင်းအပါအ၀င် ချံပီယံလိဂ် Play-off ပွဲစဉ်များ

ချန်ပီယံလိဂ် play-off ပွဲစဉ်အချို့ကို ကစားသွားခဲ့ပါတယ် ။ အင်္ဂလန်ကလပ်တစ်သင်းဖြစ်တဲ့ စပါးအသင်းကတော့ အဝေးကွင်းမှာ အရှုံးပေးခဲ့ရပြီး ဇင်းနစ်အသင်းကတော့ ခါဇာကော့ဗ်ရဲ တစ်လုံးတည်းသော ဂိုး ကြောင့် အနိုင်ရသွားပါတယ် ။ စလိုကလပ် ဇီလီနာကတော့ ချက်မြေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူကာ အုပ်စုအဆင့်သို့တက်ရောက်ရန် အခြေအနေကောင်းသွားပြီဖြစ်ပါတယ် ။
(1415) (3)
Last Updated at 15:49 GMT, Wednesday, 18 August 2010 15:49 MM   Translated by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

PREMIER LEAGUE ကစားသမား တစ်ဦးသာ ပါဝင်တဲ့ UEFA ရဲ့ အကောင်းဆုံးကစားသမား ဇကာတင် စာရင်း...

UEFA သည် ပြီးခဲ့သည့် ချန်ပီယံလိဂ် အကောင်းဆုံး ကစားသမားဆု အတွက် ဇကာတင် လူစာရင်းကို ထုတ်ပြန်လိုက်ရာ နာမည်ကြီး ပရီးမီးယားလိဂ်မှ ကစားသမား တစ်ဦးသာ ပါဝင်လာခဲ့ကြောင်း သိရသည်။ ထိုမျှသာမက ထိုစာရင်းတွင် အင်္ဂလန်ကစားသမားမှာလည်း ထိုတစ်ဦးတည်းသာ ပါဝင်လာခဲ့ခြင်းလည်း ဖြစ်သည်။ အောင်မြင်မှုများစွာရရှိခဲ့သည့် ပရီးမီးယားလိဂ်မှ ကစားသမား တစ်ဦးသာပါဝင်မှုမှာ ပရီးမီးယားလိဂ်၏ ကျဆုံးခြင်းတို့၏ အစ.....
(1668) (12)
Last Updated at 18:9 GMT, Tuesday, 17 August 2010 18:9 MM   Probe by : လီယိုဒေါက်တာ
ဆက်လက်ဖတ်ရှပါရန်

အင်္ဂလန်ကလပ်အသင်းများမှ တစ်ဦးတစ်ယောက်မှ မပါဝင်သည့် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းကို Goal.com ထုတ်ပြန်

ယမန်နေ့ညက ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးဆုံးခဲ့ပြီးနောက် နိုင်ငံတကာဘောလုံးဝက်ဘ်ဆိုက်ဖြစ်သည့် Goal.com မှ အယ်ဒီတာများ ရွေးချယ်ထားသည့် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းကို ထုတ်ပြန်ပေးခဲ့သည်။ ယင်းစာရင်းတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲရောက် အသင်းမှ ကစားသမားအများစု ပါဝင်ကြပြီး ကွာတားရောက်အသင်းအဖြစ် ဘော်ဒိုးအသင်းမှ ကစားသမားတစ်ဦးသာ ပါဝင်ခဲ့သည်။ သို့သော် တိုက်စစ်ပိုင်းတွင် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီကို ရွေးချယ်ထားခြင်းမရှိဘဲ ဗိုလ်လုပွဲတွင် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့သည့် အိုလစ်ကို ရွေးချယ်ခဲ့သဖြင့် အများဝေဖန်စရာများ ဖြစ်ခဲ့ရသည်။
(2448) (16)
Last Updated at 19:55 GMT, Sunday, 23 May 2010 19:55 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

စပယ်ရှယ်ဝမ်း မော်ရင်ဟိုနှင့် မီလီတို တို့ကြောင့် အီတလီဘောလုံးလောကအတွက် အင်တာမီလန်နှင့်အတူ စံချိန်တင်ဖလားသုံးလုံး ရယူပေးနိုင်ခဲ့ပြီ

ဥရောပဘောလုံးလောက၏ နောက်ဆုံးပိတ်ပွဲစဉ် ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်ခါက ဆုံတွေ့ခဲ့ဖူးသည့် ဆရာ တပည့် များအတွက်လည်း အဖြေပေါ်သွားခဲ့ပြီဖြစ်ပြီး မော်ရင်ဟိုက အားလုံးကို အနိုင်ယူကာ အီတလီဘောလုံးလောကအတွက် ဥရောပအောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။ ယခုပွဲမစတင်မီက အင်တာဥက္ကဋ္ဌ မိုရက်တီအတွက် ချန်ပီယံလိဂ်ဖလားကို အရယူပေးလိုသည်ဟု မော်ရင်ဟို ဆိုခဲ့သည့်အတိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းအောင်မြင်မှုများနှင့် မတင်းတိမ်ဘဲ ဥရောပအောင်မြင်မှုများအတွက် မော်ရင်ဟိုကို အရခေါ်ယူခဲ့သော မိုရက်တီအတွက်လည်း ကျေနပ်စရာ ဖြစ်ခဲ့ရသည်။
(2462) (31)
Last Updated at 4:43 GMT, Sunday, 23 May 2010 4:43 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ချန်ပီယံလိဂ်ဖိုင်နယ်မှ ထိပ်တိုက်တွေ့ရမည့် ဘေယန် - အင်တာ အတွဲများ

ဥရောပဘောလုံးရာသီ 2009-10 ပိတ်သိမ်းရန် ချန်ပီယံလိဂ်ဖိုင်နယ် တစ်ပွဲသာလိုတော့သည်။ ယခုနှစ်ဖိုင်နယ်ပွဲစဉ်တွင် အုပ်စုပွဲစဉ်များ စတင်ချိန်က ရေပန်းမစားခဲ့သည့် အင်တာနှင့် ဘေယန်တို့ နောက်ဆုံးဖိုင်နယ်သို့ တက်ရောက်လာခဲ့ကြပြီး ဆရာ၊ တပည့်တို့ အားပြိုင်မှုကို မြင်တွေ့ကြရတော့မည်ဖြစ်သည်။

အင်တာနည်းပြမော်ရင်ဟိုမှာ လူးဝစ်ဗန်ဟားလ်လက်အောက်တွင် လုပ်ကိုင်ခဲ့ဖူးသလို ဘေယန်၏ အဓိကကစားသမား ရော်ဘင်မှာလဲ ချဲလ်ဆီးတွင် မော်ရင်ဟိုလက်အောက်၌ ကစားခဲ့ဖူးသဖြင့် ဘေယန်၏ အသက်သွေးကြောကို ထိန်းချုပ်နိုင်ရေး မော်ရင်ဟိုအတွက် အခြားနည်းပြများလောက် ခက်ခဲနိုင်မည်မဟုတ်ဟု ယူဆရသည်။ လူးဝစ်ဗန်ဟားလ်မှာလဲ ဟော်လန်ဝါရင့်နည်းပြဖြစ်သလို အတွေ့အကြုံများလှသည့်အတွက် ဟော်လန်ကွင်းလယ်ဖန်တီးရှင် ဆနိုက်ဒါဦးဆောင်သည့် အင်တာကွင်းလယ်ကို မည်သို့ထိန်းချုပ်ရမည်ဆိုသည်ကို ပြင်ဆင်ထားပြီး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ပိုမိုစိတ်ဝင်စားစရာ ကောင်းလာခဲ့ရပြီဖြစ်သည်။
(1589) (9)
Last Updated at 23:4 GMT, Thursday, 20 May 2010 23:4 MM   Probe by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

UEFA က ဘာနေဗျူးတွင် ကျင်းပမည့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်အား ကွင်းလယ်ဒိုင်အဖြစ် အင်္ဂလန်ဒိုင် ဟောင်းဝက်ဒ်ဝဘ်ကို တာဝန်ပေးအပ် သွားမည် ဖြစ်ကြောင်း အတည်ပြု

"ဘာနေဗျူးမှာ ကျင်းပမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို ၂၀၀၅ခုနှစ်က အင်တာနေရှင်းနယ်ဒိုင် ဖြစ်လာပြီး၊ ဒိုင်လူကြီး သက်တမ်း တစ်လျှောက် UEFA ပြိုင်ပွဲတွင် ပွဲပေါင်း၄၇ပွဲ တာဝန်ယူ ကြီးကြပ်ခဲ့ဖူးသူ ဟောင်းဝက်ဒ်မယ်လ်တန်ဝဘ်က တာဝန်ယူကြီးကြပ် သွားမှာပါ"
(1443) (9)
Last Updated at 19:17 GMT, Thursday, 20 May 2010 19:17 MM   Translated by : ရှမ်းလေး(မိုးနဲ)
ဆက်လက်ဖတ်ရှပါရန်

အင်တာကို အားပေးကြပါလို့ ရီးရဲယ်ပရိသတ်အား တောင်းဆိုလိုက်သည့် စပယ်ရှယ်ဝမ်း

သတင်းသမားများအား စိတ်အနှောက်အယှက် ဖြစ်စေသော စဉ်းစားစ၇ာ အကြောင်းများအား မေးမြန်းခြင်းကို ခဏတဖြုတ် ရပ်တန့်ထားဖို့ကို ပြုံးရွှင်သော မျက်နှာထားဖြင့် တားမြစ်ခဲ့သည်။

“စနေနေ့ညပွဲကျရင် ရီးရဲယ်မက်ဒရစ် ပရိသတ်တွေဟာ အင်တာမီလန်အသင်းကို အားပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်” ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

(1598) (12)
Last Updated at 17:4 GMT, Thursday, 20 May 2010 17:4 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ချန်ပီယံလိဂ် ဗိုလ်လုပွဲ စပြီ (၁)

မက်ဒရစ်တွင် ဂျာမန်ကလပ် ဘေယန်မြူးနစ်နှင့် အီတလီကလပ် အင်တာမီလန်တို့ ဗိုလ်လုကြမည့် ဥရောပဘောလုံးကလပ်အသင်းများ၏ အမြင့်မားဆုံးပြိုင်ပွဲအဖြစ် သတ်မှတ်ခံရသည့် ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ စတင်ခဲ့ပြီဖြစ်သည်။ သို့သော် ဘေယန်မြူးနစ်အသင်းနည်းပြ လူးဝစ်ဗန်ဟားလ်က စကားလုံးတိုက်ပွဲဖြင့် Mind Game ကို စတင်လိုက်ခြင်းသာ ဖြစ်သည်။
(1987) (23)
Last Updated at 23:0 GMT, Wednesday, 19 May 2010 23:0 MM   Translated by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ဒီယေဂိုဖော်လန်ရဲ့ အသည်းခွဲ အချိန်ပိုအနိုင်ဂိုးကြောင့် ဖူဟမ်တို့၏ ဥရောပ မျှော်လင့်ချက် ပြိုပျက်သွားခဲ့ပြီး အက်တလီကို မက်ဒရစ်တို့ ယူရိုပါဖလား ကိုင်မြောက်ခွင့် ရသွားခဲ့ပြီ (အက်တလီကို မက်ဒရစ် ၂ - ၁)

ဖူဟမ်းအသင်း၏ သမိုင်းတွင် ယခုကဲ့သို့ ဥရောပအဆင့် ဖိုင်နယ်ပွဲများသို့ တက်ရောက်ခဲ့သည့် ရာဇ၀င်မရှိခဲ့ချိန်တွင် စပိန်ဘုရင့်ဖလားနှင့် လာလီဂါဖလားတို့ကိုသာ ရရှိခဲ့ဖူးသော အက်တလီကို မက်ဒရစ်မှာလည်း ၁၉၉၆ခုနှစ်ကတည်းက မည်သည့်ဖလား အောင်ပွဲမှ မရရှိခဲ့ပေ။ ဗုဒ္ဓဟူးနေ့ညက ကျင်းပသော ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၊ HSH Nordbankကွင်းကြီးတွင် ကျင်းပသော ယူရိုပါလိဂ်ဖလား နောက်ဆုံးဖိုင်နယ်ပွဲသို့ တက်ရောက်လာသော အဆိုပါ အသင်းနှစ်သင်းစလုံးမှာ ၄င်းတို့၏ အသက်တမျှ အရေးကြီးလှသော သမိုင်းမော်ကွန်း တင်နိုင်မည့် ပွဲအဖြစ် မှတ်ယူကာ ဦးစားပေး တိုက်ပွဲဝင်ခဲ့ကြပြီး သမိုင်းမော်ကွန်း အသစ်အဖြစ် အလှည့်အပြောင်းဖြစ်ရန် ကြိုးစားလာခဲ့ကြသည်
(1639) (11)
Last Updated at 11:7 GMT, Thursday, 13 May 2010 11:7 MM   Probe by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်
0 20 40 60 80 100 120 140 160 180 NEXTNEXT 200