Latest : ပရိသတ်ထံမှ ပေးစာ

သွေးနည်းသူများမဖတ်ရ
Posted By (Thiha Tun)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

အားနာလို့ပါ
Posted By (goblin)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

မွေးရပ်မြေကို ဆန်.ကျင်ပြီး ကစားခဲ့ရသော ထိပ်တန်း ကစားသမား ၁၀ဦး
Posted By (Somebody)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

မက်ဖန် ကျိုက်ထီးရိုး ခရီးစဉ်နှင့် ကျွန်တော်
Posted By (La Min Thar)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

မန်ချက်စတာစီးတီး ကောင်းကင်မှာ ကြိုးကြာတွေ ပျံဝဲနိုင်ပါ့မလား ။

 ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ရဲ့နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ပွဲစဉ်ဟာ ဒီတစ်ပတ်ရဲ့ ရင်ခုန်မှုအပေးနိုင်ဆုံးပွဲစဉ်တစ်ခုဖြစ်ပါတယ် ။မန်းစီးတီးအသင်းကာ လီဗာပူးလ်အသင်းပါ ယူရိုပါလိဂ်ပွဲစဉ်တွေ ကန်ထားရတာကြောင့် ပုံမှန်အတိုင်း စနေ တနင်္ဂနွေအစား အဂါင်္နေ့ မှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ ဒီနှစ်မှာ မီဒီယာတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပြီး အားလုံးကစောင့်ကြည့်နေတဲ့ မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ဘယ်လို ဧည့်ခံကစားသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ် ။
(1216) (8)
Last Updated at 9:8 GMT, Monday, 23 August 2010 9:8 MM   Written by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

Super Sunday မှာ သရဲတွေမြင်ယောင်နေတယ် ။ (ပွဲကြိုသုံးသပ်ချက်များ)

 Super Sunday  မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ရဲ့ ပွဲစဉ်နှစ်ခုဖြစ်တဲ့  နယူးကာဆယ် V ဗီလာ ၊ ဖူလ်ဟမ် V မန်ယူ စတဲ့ပွဲစဉ်နှစ်ခုကိုကစားသွားမှာဖြစ်ပါတယ် ။ မန်ယူကို အိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိတဲ့ ဖူလ်ဟမ် ၊ ခြေညီတဲ့ နယူးကာဆယ် နှင့် ဗီလာတို့ပွဲစဉ်တွေက Super Sunday မှာ အကောင်းဆုံး စည်းချက်တွေကို ဖော်ကျူးနေဦးမှာဖြစ်ပါတယ် ။ မန်းစီးတီး နှင့် လီဗာပူးလ် အသင်းတို့ကတော့ ယူရိုပါလိဂ်ကန်ထားသောကြောင့် အဂါင်္နေ့မနက်ခင်းမှ ကစားသွားမည်ဖြစ်သည်။


(1305) (5)
Last Updated at 13:22 GMT, Sunday, 22 August 2010 13:22 MM   Written by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

အမြောက်သံတွေနဲ့ခြင်္သေ့ဟိန်းသံတွေ စိုးမိုးမည့် စနေနေ့ညပွဲစဉ်များ (ပွဲကြိုသုံးသပ်ချက်)

   ယနေ့၂၁  ရက်နေ့စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကိုကစားသွားမှာဖြစ်ပါတယ် ။ အာဆင်နယ် ၊ ချယ်လ်ဆီး တို့အသင်းပွဲစဉ်များအပြင် ခြေညီတဲ့ ၀က်စ်ဟမ်း နှင့် ဘော်လ်တန် ၊ ဘာမင်ဂမ် နှင့် ဘလက်ဘန်းတို့ကြောင့် တစ်မျိုးတစ်ဖုံဆွဲဆောင်ထားဆဲဖြစ်ပါတယ် ။ စနေနေ့ပွဲစဉ် ၇ ပွဲမှာ ၆ ပွဲမှာ ၈ : ၃၀ (မြန်မာစံတော်ချိန်)မိနစ်တွင် တစ်ပြိုင်တည်းကစားသွားမည်ဖြစ်ပြီး ချယ်ဆီးပွဲစဉ်တစ်ခုတည်းသာ late kick- off ဖြင့် ၁၀:၄၅မိနစ်(မြန်မာစံတော်ချိန်)ကစားသွားမည်ဖြစ်သည် ။ ယခုတစ်ပတ်မှာ ဘွန်ဒစ်လီဂါပြိုင်ပွဲတွေပါ ပရိတ်သတ်ထံ ထပ်မှန်ရောက်လာတာကြောင့် ခြောက်သွေ့နေတဲ့ ညချမ်းတွေ ပြန်လည်စိုပြေလာတော့မှာပဲဖြစ်ပါတယ် ။
(1525) (6)
Last Updated at 10:19 GMT, Saturday, 21 August 2010 10:19 MM   Written by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

သရဲနီတို့ပျော်ရာမြေကိုအလည်သွားမည့် ငှက်ကျားများ ( ပွဲကြိုသုံးသပ်ချက် )

ပရီမီးယားလိဂ်ပွဲစဉ်တစ်ရဲ့ နောက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့တန်းတက် နယူးကာဆယ်တို့ဟာ  အိုးလ်ထရက်ဖို့ကွင်းထဲမှာ ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ် ။ ငှက်ကျားတွေကို အရေခွံနွှာမဲ့ သရဲနီတွေပဲလား ။ ဒါမှမဟုတ် သရဲတွေကို အဆက်မပြတ်ထိုးဆိတ်မဲ့ ငှက်ကျားတွေပဲလားဆိုတော စောင့်ကြည့်ပါစို့ဗျာ ။
(1359) (15)
Last Updated at 13:38 GMT, Monday, 16 August 2010 13:38 MM   Written by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

ကြိုးကြာတောင်ပံခတ်သံတွေ ပြင်းထန်လေမလား ?? အမြောက်သံတွေ ဟိန်းလေမလား ?? အန်ဖီးလ်တိုက်ပွဲအတွက် ကြိုတင်သုံးသပ်ကြည့်ခြင်း ။

ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ရဲ့ အကောင်းဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်မြို့မှ ကြိုးကြာနီများ ဟာ လန်ဒန် မှ ချီတက်လာမဲ့ အမြောက်တပ်သားတွေနဲ့ အန်ဖီးလ်စစ်မြေပြင်မှာယနေ့ 9:30 pm မှာ တိုက်ပွဲကို ဆင်နွှဲရတော့မှာဖြစ်ပါတယ် ။ လီဗာပူးလ်အသင်းဟာ လက်ရှိအင်္ဂလန်ရဲ့ ပြည်တွင်းလိဂ်မှာ ဖလားကို ၁၈ ကြိမ်ထိ ယူနိုင်ခဲ့တဲ့ အင်အားကြီးမားတဲ့အသင်းတစ်သင်းဖြစ်ပါတယ် ။ မနှစ်က အခြေအနေတစ်ချို့ကြောင့်သာ ယူရိုပါလိဂ်ဝင်ခွင့်သာရခဲ့ပေမဲ့ အခုထိတော့ Big Four လို့သတ်မှတ်ထားရဆဲအသင်းပင်ဖြစ်သည် ။ အာဆင်နယ်အသင်းကတော့ ပြည်တွင်းလိဂ်ဖလားအဖြစ် ၁၃ ကြိမ်ထိရထားတဲ့အသင်းဖြစ်ပါတယ် ။ ပြီးဆုံးခဲ့တဲ့ ၆ နှစ်တာအတွင်း ဖလားတစ်လုံးမှ မရရှိတဲ့ အရိပ်ဆိုးကတော့ စွန်းထင်ဆဲဖြစ်ပါတယ် ။
(1421) (23)
Last Updated at 12:44 GMT, Sunday, 15 August 2010 12:44 MM   Written by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက် (စနေနေ့ပွဲစဉ်များ)

  စပြီခင်ဗျာ ။ မျှော်နေသောသူတို့ မကြာခင် ကျွန်တော်တို့ မျက်စိရှေ့မှောက်ကို ရောက်လာပါတော့မည် ။ စပါး vs မန်းစီတီး ၊ လီဗာပူးလ် vs အာဆင်နယ် ပွဲတွေက ပွဲစဉ်တစ်ရဲ့ အကောင်းဆုံးပွဲစဉ်တွေပဲဖြစ်ပါတယ် ။ မနက်ဖြန် သြဂုတ်လ ၁၄ ရက်နေ့ စနေနေ့ မြန်မာစံတော်ချိန် 6:15 ကစပြီး အင်္ဂလန်နိုင်ငံရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ မီးရထားကြီး စတင်ခုတ်မောင်းတော့မှာဖြစ်ပါတယ်ဗျာ ။ မစတင်ခင် ဖြစ်နိုင်ဖွယ် ရလဒ်အချို့ ၊အခြေအနေအချို့ကို တင်ပြလိုက်ရပါတယ် ။ ရာသီအဖွင့်ဖြစ်တာကြောင့် အသင်းတိုင်းရဲ့ကြိုးစားအားထုတ်မှု ၊ တန်းတက်အသင်းများရဲ့ အားမာန်တို့ကြောင့် ခန့်မှန်းရ ခက်ခဲဖွယ်ရှိနေပါတယ် ။
(1708) (1)
Last Updated at 21:13 GMT, Friday, 13 August 2010 21:13 MM   Written by : နတ်ပန်း
ဆက်လက်ဖတ်ရှပါရန်

ယနေ့ည ကန်မည့် ကွန်မြူနတီပွဲတွင် စောင့်ကြည့်ရမည့် ကစားသမား ၅ ယောက်...

ယနေ့ည ကန်မည့် ကွန်မြူနတီပွဲစဉ်တွင် ပရိသတ်အများ စောင့်ကြည့်ရမည့် ကစားသမား ၅ ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်..


(1935) (14)
Last Updated at 11:16 GMT, Sunday, 8 August 2010 11:16 MM   Probe by : လီယိုဒေါက်တာ
ဆက်လက်ဖတ်ရှပါရန်

Mutdfan ပရိသတ်တို့ကို ပြန်လည်နိုးကြားစေနိုင်တော့မည့် ချယ်လ်ဆီး Vs မန်ယူ ပွဲကြိုသတင်းများ...

ပရီးမီးယားလိဂ် ပွဲစဉ်များ၏ အစဟု ဆိုရလောက်သော (Mutdfan ဆိုဒ်တွင်လည်း ပွဲဆူမှုလေးများ စတင်လာနိုင်လောက်သော.. :D ) ချာရတီဒိုင်း ပွဲစဉ်သည် မနက်ဖြန် တနင်္ဂနွေနေ့တွင် စတင်တော့မည် ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ပရီးမီးယားလိဂ်မှ ထိပ်သီးပြိုင်ဘက် နှစ်သင်းဖြစ်သော မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ချယ်လ်ဆီးတို့တွေ့ဆုံကြရာ ပရိသတ်အများ အလွန်စိတ်ဝင်စားမည် ဖြစ်သည်။ ယခု ၎င်းအသင်းတို့မှ ကစားသမားများ၏ ဒဏ်ရာအခြေအနေများနှင့် သတင်းအချက်အလက်အချို့တို့ကို စုစည်းတင်ပြလိုက်ပါသည်.... ပရိသတ်တို့၏ ထင်မြင် ခန့်မှန်းချက်များကိုလည်း ကြိုဆိုပါသည်...
(1677) (22)
Last Updated at 4:18 GMT, Saturday, 7 August 2010 4:18 MM   Probe by : လီယိုဒေါက်တာ
ဆက်လက်ဖတ်ရှပါရန်

ပေါင်းစုံလာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အားလုံးရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခံနေရပြီး ချန်ပီယံဆုအတွက် တစ်စုံတစ်ရာ အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Match (လီဗာပူးလ် - ချဲလ်ဆီး)

ဒီပွဲဟာ မန်ယူရဲ့ မျှော်လင့်ချက်ဖြစ်နေသလို ချဲလ်ဆီးတို့အတွက်လဲ အရေးပါလွန်းတဲ့ပွဲစဉ် ဖြစ်နေပါတယ်။ ဒီပွဲမတိုင်မီမှာလဲ နှစ်သင်းလုံးရဲ့ သက်ဆိုင်သူတွေက စကားလုံးတွေနဲ့ အမျိုးမျိုး စည်းရုံးနေကြတဲ့အပြင် အန်စလော့တီရဲ့ ဒီရာသီ အရေးပါဆုံးပွဲအဖြစ် ထုတ်ဖော်ဝန်ခံခဲ့တာ၊ ဖာဂူဆန်ရဲ့ လီဗာပူးလ်အပေါ် တစ်ဖက်လှည့်နဲ့ ဖိအားပေးနေတာတွေကြောင့် ပိုမိုစိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။

ဒီပွဲအတွက် မတ်ဖန် အယ်ဒီတာများရဲ့ ပွဲရလဒ်ခန့်မှန်းချက်တွေကို ပူးတွဲတင်ပြပေးလိုက်တာမို့ ပရိသတ်များလဲ ကိုယ်ပိုင်အမြင်တွေနဲ့ ညှိနှိုင်းကြည့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
(1655) (16)
Last Updated at 1:44 GMT, Saturday, 1 May 2010 1:44 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

မန်ချက်စတာ ဒါဘီလား ရူနီနဲ့ တေးဗက်တို့ရဲ့ စီးချင်းထိုးပွဲလား (မန်ချက်စတာစီးတီး VS မန်ချက်စတာယူနိုက်တက်)

ဒီရာသီ အစောပိုင်းတုန်းက ကာလင်းဖလားပွဲစဉ်မှာ မန်စီတီးရဲ့ အိမ်ကွင်းမှာ မန်ယူတို့ (၂-၁)နဲ့ အရှုံးပေးခဲ့ရစဉ်က တေးဗက်ရဲ့ ခြေစွမ်း၊ ဂိုးသွင်းစွမ်းရည်နဲ့ အရည်အသွေးတွေကို အရင်က သူ့ရဲ့ ပရိသတ်ဟောင်းတွေဟာ မျက်မြင် ကိုယ်တွေ့ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မန်စီးတီးဖန်တွေ အတွက်တော့ တေးဗက်ဆီက ဂိုးမရမှာကို စိုးရိမ်ကြမယ် မထင်ပါဘူး။ တကယ်လို့သာ ဘာဘာတော့သာ တေးဗက်လို အားကိုးနေရမယ်ဆိုရင် တေးဗက်ရဲ့ ကစားနှုန်းလောက် ရနေမယ်ဆိုရင် ဂိုးတွေ သွင်းပေးနေမယ်ဆိုရင် ဆိုတဲ့ စကားသံတွေဟာလည်း အခုတလော ဆူညံလာစေတာဟာလည်း တေးဗက်ရဲ့ အမှားလို့ ပြောမရပါဘူး။ သေချာတာ တစ်ခုကတော့ တေးဗက်ဟာ အရင်က တွေ့ဆုံခဲ့တဲ့
(1559) (4)
Last Updated at 10:23 GMT, Saturday, 17 April 2010 10:23 MM   Written by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ချန်ပီယံဖြစ်ဖို့ ခြေလှမ်းသာနေတဲ့ ချယ်ဆီးနည်းပြကြီး အန်စလော့တီရဲ့ စိန်ကွက်ကြောင့် ပထမအကျော့တုန်းကလို လန်ဒန်ဒါဘီပွဲမှာ ဂိုးပြတ်ပါ့မလား (စပါး vs ချယ်ဆီး သို့မဟုတ် အတိမ်းအစောင်း မခံတော့သည့် လန်ဒန်ဒါဘီ)

တော့တင်းဟမ်းဟော့စပါးစာ စနေနေ့ညမှာ ဒုတိယမြောက်ပွဲဆက် လန်ဒန်ဒါဘီပွဲအဖြစ် ဇယားထိပ်က ချယ်ဆီးကို  အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပိုစ့်မောက်ကို အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်မှာ ရှုံးပြီး အာဆင်နယ်အသင်းကို ဒန်နီရိုစ့်ရဲ့ အနိုင်ဂိုးနဲ့ ပြီးခဲ့တဲ့ အပတ်က လိဂ်ပွဲမှာ နိုင်ခဲ့ပေမဲ့ ချယ်ဆီးနဲ့ ပွဲဟာတော့ ဒါဘီပွဲချင်း တူပေမဲ့  အာဆင်နယ်နဲ့ အတူညီတဲ့ ကစားသမား အင်အားကြောင့် မတူညီတဲ့ ရင်ဆိုင်မှုတစ်ခုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အချက်အလက်နဲ့ ပွဲခန့်မှန်းမှုတွေအရ ချယ်ဆီးအနိုင်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဘီပွဲ ဖြစ်တဲ့အပြင် ၀ိုက်ဟတ်လိန်းမှာ ကန်ရမှာ ဖြစ်တဲ့အတွက်
(466) (4)
Last Updated at 7:49 GMT, Saturday, 17 April 2010 7:49 MM   Written by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

စနေ့ည ပရီးမီးယား ရင်ခုန်သံ

ဒီတပတ်ထဲမှာ မန်ယူနှင့်ချဲဆီးလ် တို့ရဲ့ အကြိတ်အနယ်ပွဲ  ပါဝင်နေသလို ဒီနှစ်သင်း အမှားကနေ အာဆင်နယ်တို့ အခွင့်ကောင်း ယူနိုင်မှာလား ဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဆင့်လေးနေရာ အတွက်လည်း စပါး ဗီလာနဲ့ မန်စီးတီးတို့ အကြိတ်အနယ် ဖြစ်နေပီး အတိမ်း အစောင်း မခံတော့တဲ့ အနေအထားမျိုး မှာရောက်ရှိနေပါတယ်။ တန်းဆင်းဇုန် တိုက်ပွဲကလည်း ရာသီ သိမ်းခါနီး လာလေ တန်းမဆင်းရဖို့ ပိုမိုရုန်းကန် ကစားလာတဲ့အတွက် အကြိတ်အနယ် ရှိနေပါတယ်။ စိတ်ဝင်စားစရာ ပွဲစဉ်တွေကို သုံးသပ်တင်ပြရလျှင်...
(1248) (7)
Last Updated at 17:58 GMT, Saturday, 3 April 2010 17:58 MM   Translated by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (33) ရဲ့ စနေနေ့မှာ ကစားမယ့် Big Match (အားသာချက်ရရေး နှစ်သင်းအပြိုင်ရုန်းကြရမယ့် ထိပ်ဆုံးနေရာလုပွဲ မန်ယူ - ချဲလ်ဆီး)

ဒီတစ်ပတ်မှာ ကစားမယ့်ပွဲစဉ်တွေထဲမှာတော့ ဇယားထိပ်ဆုံးနေရာကို လုကြရမယ့် မန်ယူနဲ့ ချဲလ်ဆီးတို့ ကစားကြမယ့် ပွဲစဉ်ပါဝင်နေပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက လက်ကျန်ငါးပွဲမှာ အားသာချက်ရပြီး ဦးဆောင်သွားနိုင်မှာမို့ အနိုင်ရလဒ်အတွက် မဖြစ်မနေ ရုန်းကန်ကစားကြမှာပါ။

ချဲလ်ဆီးရဲ့ Russian Revolution အပြီး မန်ယူအတွက် ပြိုင်ဘက်ဖြစ်လာရသလို နှစ်သင်းတွေ့ဆုံတဲ့ပွဲတွေဟာလည်း မော်ရင်ဟိုလက်ထက်ကတည်းက စိတ်ဝင်စားဖွယ် ဖြစ်နေခဲ့ပါတယ်။ လက်ရှိနည်းပြ အန်စလော့တီလက်ထက်မှာလည်း ဖာဂူဆန်ရဲ့ ပြိုင်ဘက်ဟောင်းဖြစ်နေတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိနေသလို အန်စလော့တီ ချဲလ်ဆီးကိုကိုယ်တွယ်ပြီးတဲ့နောက် ဖာဂူဆန် အနိုင်မယူနိုင်သေးဘဲ အေစီကို ရှုံးထားတဲ့အကြွေးတွေပါ ထပ်တင်နေပါတယ်။ ဒါကြောင့် ဒီပွဲဟာ ဇယားထိပ်ဆုံးနှစ်သင်းရဲ့ နေရာလုပွဲအပြင် အစဉ်အလာရှိ နည်းပြကြီးနှစ်ဦးရဲ့ ပြိုင်ပွဲအဖြစ်ပါ တွေ့မြင်ရဖို့ ရှိနေပါတယ်။ စတမ်းဖို့ဘရစ်ခ်ျမှာ ကစားခဲ့တုန်းကတော့ အန်စလော့တီက တယ်ရီရဲ့ သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပြီး ဖာဂူဆန်အနေနဲ့ ဒီရှုံးကြွေးကို ပြန်လည်ပေးဆပ်နိုင်ဖို့ ကြိုးစားရမှာပါ။ မန်ယူတိုက်စစ်မှူး ရူးနီဒဏ်ရာရသွားပြီး ပါဝင်နိုင်တော့မှာ မဟုတ်လို့ ဒီရာသီ ရွှေဖိနပ်ဆုအတွက် အပြိုင်ဖြစ်နေတဲ့ ဒရော့ဘာနဲ့ ရူးနီတို့ရဲ့ တိုက်ပွဲကို မြင်တွေ့ခွင့်ရဖို့ မရှိတော့ပါဘူး။ လက်ရှိမှာ ဂိုးအရေအတွက်နည်းနေသေးတဲ့ ဒရော့ဘာ ရူးနီကို အမီလိုက်နိုင်ဖို့ ဒီပွဲမှာ ဂိုး သွင်းယူနိုင်ခြင်း ရှိမရှိဆိုတာကိုတော့ .........
(2010) (46)
Last Updated at 23:44 GMT, Friday, 2 April 2010 23:44 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

မန်ယူ အာဆင်နယ် ချဲလ်ဆီးတို့ ဖလားလုပွဲအတွက် အမှားမခံသော စနေည ပရီးမီးယား ရင်ခုန်သံများ

ယနေ့ည ကစားမည့် ပရီးမီးယားပွဲစဉ်များတွင် ဖလားလုပွဲအတွက် အမှားမခံသော မန်ယူ အာဆင်နယ်နှင့် ချဲဆီးတို့ပါဝင် နေပြီး အာဆင်နယ်သည် ဘာမင်ဟမ်အား အဝေးကွင်းတွင်၎င်း၊ မန်ယူသည်လည်း ဘော်တန်ကွင်း ရီဘော့ခ်တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချဲလ်ဆီးသည် ဗီလာအား အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်သည်။ စပါး ဗီလာ တို့၏ ချန်ပီယံလိဂ် တနေရာအတွက် အမှားမခံ နိုင်သော ပွဲစဉ်များကလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။
(2164) (7)
Last Updated at 1:20 GMT, Saturday, 27 March 2010 1:20 MM   Written by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ဒီတစ်ပတ် ပရီးမီးယားလိဂ် Big Match နှင့် ချဲလ်ဆီးပွဲစဉ် (သို့မဟုတ်) အမှားခံလို့မရတဲ့ အအောင်မြင်ဆုံးနှစ်သင်းရဲ့ မတူတဲ့အခြေအနေကြားက တိုက်ပွဲ (မန်ယူ - လီဗာပူးလ်)

ဒီတစ်ပတ်ရဲ့ ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ ပွဲကြီးတစ်ပွဲပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်လို့ အမည်မတွင်မီကတည်းက အောင်မြင်မှုတွေကိုပါ ထည့်သွင်းတွက်ချက်ရင် အင်္ဂလန်မှာ အအောင်မြင်ဆုံးနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုလို့ ဆို၇မှာဖြစ်ပြီး နှစ်သင်းစလုံးဟာ အနိုင်ရလဒ်အတွက် ကစားဖို့ ရည်ရွယ်ထားကြမှာ ဖြစ်ပေမယ့် အဆုံးသတ်ပန်းတိုင်ချင်း မတူညီတဲ့အခြေအနေမှာ ရှိနေပါတယ်။
(1881) (17)
Last Updated at 13:17 GMT, Sunday, 21 March 2010 13:17 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ချန်ပီယံလမ်းကြောင်းက သွေဖယ်မသွားရေး ရုန်းကန်ရမယ့် လန်ဒန်ဒါဘီ (အာဆင်နယ် - ၀က်စ်ဟမ်း)

ဒီပွဲမတိုင်မီ ချန်ပီယံလိဂ် မဲခွဲမှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် အာဆင်ဝင်းဂါးက ဘာစီလိုနာနဲ့ပွဲစဉ်ကို မစဉ်းစားဘဲ နောက်ပွဲစဉ်အတွက်သာ စဉ်းစားရမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီပွဲစဉ်ကတော့ လန်ဒန်ဒါဘီလို့ ဆိုရမယ့် ၀က်စ်ဟမ်းနဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။ စာရွက်ပေါ်က အခြေအနေနဲ့ လူအင်အားတွေအရ ယှဉ်ကြည့်ရင်တော့ ၀က်စ်ဟမ်းဟာ အာဆင်နယ်အတွက် အခက်အခဲ ကြီးကြီးမားမား မဖြစ်နိုင်ပေမယ့် လန်ဒန်ပြိုင်ဘက်တွေ ဖြစ်နေတာကြောင့် ဒီပွဲကို အာဆင်နယ်တို့ အလွယ်တကူ ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
(1240) (9)
Last Updated at 14:20 GMT, Saturday, 20 March 2010 14:20 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ရမ်ဆေးအတွက် အနိုင်ကစားမယ်ဆိုတဲ့ အာဆင်နယ်အတွက် ပထမဆုံးစမ်းသပ်ချက်နှင့် ပရီးမီးယားလိဂ် ပွဲစဉ်များ

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များကိုတော့ ခုနှစ်ပွဲသာ ကျင်းပမှာဖြစ်ပြီး ဗီလာ၊ ချဲလ်ဆီးနဲ့ စတုတ်စီးတီးတို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်တွေကြောင့် အမှတ်ပေးဇယားဟာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားစေဦးတော့မှာပါ။ အာဆင်နယ်၊ မန်ယူတို့ရဲ့ ဒီတစ်ပတ်ပွဲစဉ်များကတော့ အသင်းငယ်တွေနဲ့ချည်း ဖြစ်နေတာကြောင့် အခက်အခဲတွေ့ရဖို့ မရှိနိုင်ပေမယ့် အဝေးကွင်းမှာ ကစားရမယ့် မန်ယူကို ပထမအကျော့က လူမစုံဘဲ ကစားစေခဲ့မှုနဲ့ အက်ဖ်အေရဲ့ ဒဏ်ရိုက်ခြင်း ခံထားရတဲ့ ၀ုလ်ဗ်ရဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် ပြိုင်ဘက်ကို ဘယ်လိုဧည့်ခံမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အာဆင်နယ်ကလည်း ခြေကျိုးသွားတဲ့ ရမ်ဆေးအတွက် ဖလားအရယူမယ်လို့ ကြုံးဝါးထားတဲ့အပြင် ဒီတစ်ပတ်အိမ်ကွင်းမှာ ရမ်ဆေးအတွက် နဖူးစည်းစာတမ်းတွေ ချိတ်ထားပြီး ကစားမှာဖြစ်နေတာတွေက ဒီတစ်ပတ်ရဲ့ ပွဲစဉ်တွေကို သရုပ်ဖော်နေဦးမှာ အမှန်ပါပဲ။
(1280) (6)
Last Updated at 0:14 GMT, Saturday, 6 March 2010 0:14 MM   Probe by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ဇယားထိပ် နံပါတ်တစ်နေရာနဲ့ နံပါတ်လေးနေရာတို့အတွက် တိုက်ပွဲမှာ ဘယ်သူ အောင်ပွဲခံမလဲ (ချဲလ်ဆီး - မန်စီးတီး) နှင့် စနေည ပရီးမီးယားလိဂ်ပွဲစဉ်များ

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ကတော့ ဇယားထိပ်ဆုံးနေရာအတွက် အမှတ်ဖြတ်ထားမှုကို ဆက်လက်နိုင်ဖို့ ကြိုးစားမယ့် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် နံပါတ်လေးနေရာအတွက် လီဗာပူးလ်ကို ကျော်ဖြတ်နိုင်ဖို့ မဖြစ်မနေ အနိုင်ရှာရမယ့် မန်စီးတီးတို့ရဲ့ တိုက်ပွဲပါ။ ပထမအကျော့က မန်ချက်စတာမှာ ရှုံးနိမ့်ထားခဲ့တဲ့ ချဲလ်ဆီးတို့ ဒီပွဲမှာ ဘယ်လိုတုံ့ပြန်နိုင်မလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ နောက်ဆုံးကစားထားတဲ့ ပွဲကိုယ်စီမှာလည်း နှစ်သင်းလုံး ရှုံးနိမ့်ထားခဲ့ကြသလို ပွဲပန်းနေကြတာချင်းလည်း တူညီနေကြပါတယ်။
(1216) (3)
Last Updated at 3:53 GMT, Saturday, 27 February 2010 3:53 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်

ချဲဆီးအခြေအနေ ဆက်လက်ကောင်းနိုင်သော ပရီးမီးယားကလပ်များ နှင့် ချန်ပီယံရှစ်တို့ အားပြိုင်မယ့်FA ပဉ္စမအဆင့် ပွဲစဉ်များ သုံးသပ်ချက်

ဒီတပတ် စနေညမှာ ပရီးမီးယားပွဲစဉ်များ ရပ်နားထားပီး အက်အေပဉ္စမအဆင့်ပွဲစဉ်ရှုံးထွက်များ ကစား မှာဖြစ်ပီး မန်ယူ အာဆင်နယ်နှင့်လီပါပူးအသင်းများ စောစောစီးစီးထွက်ခွာ ခဲ့ရသဖြင့်ချန်ပီယံ ဖြစ်နိုင်ဖို့ ချဲဆီးအသင်းရေပန်းစား နေသည်။ဘာမင်ဟမ်နှင့် စပါးအသင်းများမှာ လည်းအဝေးကွင်းတွင်ရုန်းကုန် ရနိုင်ပီး အက်အေဖ် ကွာတားဖိုင်နယ်တက်သို့ ဆက်လက်တက်ရောက်နိုင်မလားဆိုတာစိတ်ဝင်စားဖွယ် ကောင်းနေသည်။အဆိုပါပွဲစဉ်များမှာ...
(336) (1)
Last Updated at 16:23 GMT, Saturday, 13 February 2010 16:23 MM   Translated by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ဇယားထိပ်ပိုင်းနေရာ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ ပရီးမီယားလိဂ် ကြားပွဲစဉ်များ

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေတွေမှာ အက်ဖ်အေဖလားပွဲစဉ်တွေ ကစားမှာဖြစ်လို့ ကြားရက်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားကြရပါမယ်။ အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့ဆုံပြီး အမှတ်တွေ တောက်လျှောက်ဆုံးရှုံးနေတဲ့ အာဆင်နယ်က လီဗာပူးလ်နဲ့ ထပ်မံတွေ့ဆုံရမှာဖြစ်ပြီး အဆင့်လေးနေရာအတွက်ပါ ဖိအားဝင်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်နေသလို၊ ဇယားထိပ်ပိုင်းနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးတို့ဟာလည်း ခက်ခဲတဲ့ပြိုင်ဘက်တွေကို အဝေးကွင်းတွေမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ မလွယ်ကူတဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ပွဲစဉ်တွေဟာ အမှတ်ပေးဇယားအနေအထားကိုပါ ပြောင်းလဲသွားစေနိုင်ပြီး ဒီလိုအခြေအနေမျိုးမှာ ဘယ်အသင်းတွေက အခွင့်အရေးယူသွားကြမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

(1641) (9)
Last Updated at 2:31 GMT, Wednesday, 10 February 2010 2:31 MM   Written by : မင်းသန့်ငယ်(ကလေး)
ဆက်လက်ဖတ်ရှပါရန်
0 20 40 NEXT