Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

2013 SEA Games အတွက် ကြိုတင်ပြင်ဆင်မှုများ၊ လှေလှော်ပြိုင်ပွဲကို ငလိုက်ဆည်တွင် ကျင်းပသွားမည်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (27th SEA Games) ကို ၂၀၁၃ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြန်မာနိုင်ငံအနေနဲ့ လှေလှော်အားကစားပြိုင်ပွဲတွေ အပါအ၀င် ဘာတွေ ပြင်ဆင်တည်ဆောက်နေတယ် ဆိုတာ စုစည်း တင်ပြပေးလိုက်ပါတယ်။ ..................
(1228) (7)
Last Updated at 11:38 GMT, Saturday, 28 August 2010 11:38 MM   Written by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

ဒေါ်လာ တစ်သိန်း ဆုကြေးရှိသည့် အာဆီယံ ဆူဇူးကီးဖလား ဘောလုံး ပြိုင်ပွဲအတွက် မဲခွဲပွဲကို ဗီယက်နမ်နိုင်ငံ ဟန္နိုင်းတွင် ကျင်းပမည်

ယခုနှစ် ပြိုင်ပွဲမှာ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီး ဖြစ်သွားဖွယ် ရှိနေကာ အာဆီယံ ဒေသတွင်း နိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် အရှေ့တီမော နိုင်ငံများထဲမှ ဘောလုံး ထိပ်သီးနိုင်ငံအဖြစ် အဆုံးအဖြတ် ပြုလုပ်ပေးသည့် ပြိုင်ပွဲကြီးလည်း ဖြစ်သည်။ အနိုင်ရ ဖလား သိမ်းပိုက်နိုင်သည့် နိုင်ငံ အသင်းသည် ဒေါ်လာ တစ်သိန်း ရရှိမည် ဖြစ်ပြီး ဒုတိယ ရရှိသူမှာ
(412) (7)
Last Updated at 6:8 GMT, Wednesday, 25 August 2010 6:8 MM   Translated by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ဒီဇင်ဘာလတွင် ဆူဇူကီးဖလားပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် တရုတ်ကလပ်နှစ်သင်း လာရောက်မည်

မြန်မာ့လက်ရွေးစင် အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ အဆင့်မြင့်တန်း ကလပ်အသင်း နှစ်သင်း လာရောက်ခြေစမ်းကစားသွားမည်ဟု သတင်းရရှိသည်။ အဆိုပါအသင်း နှစ်သင်းမှာ တရုတ်ပြည်တွင်း အဆင့်မြင့်တန်းမှ ကလပ်များဖြစ်သော ဒါလီယန်ဝမ်ဒါး အသင်းနှင့် ကွမ်တုံ Sunray Cave အသင်းတို့ ဖြစ်ကြသည်။ .......................
(202) (2)
Last Updated at 11:26 GMT, Saturday, 14 August 2010 11:26 MM   Written by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

၂၀၁၂ လန်ဒန်အိုလံပစ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲများတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်

၂၀၁၁ ခုနှစ်တွင် စတင်ပြုလုပ်မည့် ၂၀၁၂ လန်ဒန်အိုလံပစ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲများတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မြန်မာ အပါအ၀င် အာရှ ၃၄ နိုင်ငံမှ နိုင်ငံ့ကိုယ်စားပြု ဘောလုံးအသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဟု သတင်းရရှိသည်။
(1361) (9)
Last Updated at 16:1 GMT, Sunday, 8 August 2010 16:1 MM   Written by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

လင်နွန်နေရာ ဂျိမ်းစ်မေလာကို ထည့်၊ ဟတ်စကီးကိုအနားပေး၊ တိုက်စစ်မှူးအဖြစ် ဂျာမိန်းဒီဖိုးကို ရွန်းနေနှင့် ပွဲထွက် ကစားဖွယ်ရှိနေသော အင်္ဂလန်နည်းပြ ကာပယ်လို

အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၆၀ ကစားပေးထားပြီး စုစုပေါင်း ၇ ဂိုးသာ သွင်းယူပေးထားခဲ့ဖူးသူ ဟတ်စကီးကိုသာ အုပ်စုတွင်း ၂ ပွဲဆက်တိုက် ပထမ ပွဲထွက် ကစားသမားအဖြစ် ကစားခွင့်ပေးထားခဲ့ပြီး လွန်ခဲ့သော ၁၂ လက ဟတ်စကီးသည် ၇ နှစ်ကျော် ဝေးကွာနေသော အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ပထမဦးဆုံးအဖြစ် ကာဇစ်စတန် အသင်းနှင့် ပွဲစဉ်တွင် ပြန်လည် ပါဝင် ကစားခွင့် ရခဲ့သူ ဖြစ်သည်။
(1505) (7)
Last Updated at 9:36 GMT, Wednesday, 23 June 2010 9:36 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် အင်္ဂလန် လက်ရွေးစင်အသင်း၏ ဖြစ်နိုင်ဖွယ် ၂၃ ဦး လူစာရင်း

မကြာမီကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်လက်ရွေးစင် အသင်း၏ လူစာရင်းအတွက် နည်းပြ ကာပယ်လိုက မကြာမီ ကစားသမား ၂၃ ဦးစာရင်း ထုတ်ပြန် ရတော့မည် ဖြစ်ပြီး Stephen Warnock ကို အံ့ဖွယ်ရွေးချယ် လိမ့်မည် ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖေါ်ပြခဲ့သလို ပဏာမ လက်ရွေးစင် အဆင့်မှ အိမ်ပြန်ရမယ့် ကစားသမား လေးဦး စာရင်းကိုလည်း ချစ်ကြည်ရေး ခြေစမ်းပွဲ ၂ ပွဲကစားအပြီး မကြာမီ ထုတ်ပြန်တော့မည် ဖြစ်သည်။
(1848) (10)
Last Updated at 14:44 GMT, Tuesday, 1 June 2010 14:44 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ခြေရည်တူအသင်းကိုသာ အားကုန်ထည့်ပြီး ဂုဏ်သိက္ခာအတွက် အပြန်အလှန် ခြေကုန်ပြကြမည့် အုပ်စု(A)မှ အုပ်စုပြုတ် မြန်မာ VS ထိုင်း ပွဲအခြေအနေ၊ ယခင်ပွဲများ သုံးသပ်ချက်နှင့် ဓါတ်ပုံများ

မြန်မာအသင်းသည် အရှေ့တောင်အာရှ ပြိုင်ဘက်ဖြစ်သော ထိုင်းနိုင်ငံနှင့် ပွဲကို အထူးပင် အာရုံစိုက်ကာ အိမ်အပြန်ဂုဏ်သိက္ခာ တစ်ခုအတွက် နိုင်ပွဲတစ်ပွဲဖြင့် အဆုံးသတ်ရန်သာ ရှိနေသလို ထိုင်းအသင်းမှာလည်း ၄င်းတို့ထက် ခြေသာသော ဂျပန်အသင်းနှင့် မြောက်ကိုရီးယားအသင်းကို မြန်မာနည်းတူ ဂိုးပြတ်ရှုံးနိမ့်ထားသဖြင့် အိမ်အပြန်လှဖို့ အစွမ်းကုန် ကြိုးပမ်းသွားမည်မှာ အသေအချာပင်ဖြစ်သည်။ မြန်မာအသင်းသည် ဂျပန်အသင်းနှင့် ပွဲဦးထွက်၌ ပထမပိုင်း (၃)ဂိုးပြတ်၊ ဒုတိယပိုင်း (၅)ဂိုးတို့ဖြင့် စုစုပေါင်း (၈)ဂိုးတိတိ ရှုံးနိမ့်ခဲ့ရာ လက်ရှိ ပြိုင်ပွဲများအားလုံးတွင် ပေးဂိုးအများဆုံးအသင်း အဖြစ် စါရင်းဝင်နေသည်။
(1598) (10)
Last Updated at 13:28 GMT, Monday, 24 May 2010 13:28 MM   Written by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

မြန်မာ အမျိုးသမီး အသင်း လက်ရှိချန်ပီယံ မြောက်ကိုးရီးယားအား နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်၊ ထိုင်းအသင်းအား အနိုင်ရရန် ကစားမည်ဟု နည်းပြ ကတိပေး ပြောဆို..

အာရှ အမျိုးသမီး ဖလားပြိုင်ပွဲအုပ်စု A ဒုတိယ ပွဲစဉ်များအား ယမန်နေ့က ယှဉ်ပြိုင်ကစားကြရာ လက်ရှိချန်ပီယံ မြောက်ကိုးရီးယား အမျိုးသမီး လက်ရွေးစင်အသင်းကမြန်မာအသင်းအား ၂းဝ ဖြင့်၎င်း၊ ဂျပန်အသင်းက ထိုင်းအသင်းအား ၄းဝ ဖြင့်၎င်း အနိုင်ရရှိခဲ့ကြကာ ဆီးမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

'' ကျွန်တော်တို့ ထိုင်းနဲ့ ပွဲများစွာ ကစားခဲ့ပြီးပါပြီ။ တိုက်စစ်နဲ့ ခံစစ်ကို အကောင်းဆုံး ပြုလုပ် နိုင်မယ်လို့ ယုံကြည်မှု့ ရှိနေပါတယ်။ ''
(1358) (9)
Last Updated at 22:19 GMT, Sunday, 23 May 2010 22:19 MM   Translated by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

မြန်မာ အမျိုးသမီးအသင်း အဖွင့်ပွဲစဉ်တွင် ဂျပန်အသင်း အားဂိုးပြတ်ရှုံးနိမ့်

အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု A ၏ ပထမပွဲစဉ်များ အဖြစ် မြောက်ကိုးရီးယားနှင့်ထိုင်း၊ ဂျပန်အသင်းနှင့် မြန်မာတို့  ယှဉ်ပြိုင်ကစားခဲ့ရာ မြောက်ကိုးရီးယားအသင်းက ထိုင်းအသင်းအား ၃းဝ ဖြင့်၎င်း၊ ဂျပန်အသင်းက မြန်မာအသင်းအား ၈းဝ ဖြင့်၎င်း အနိုင်ရရှိခါ ပွဲဦးထွက် သုံးမှတ်စီအား ရယူသွားခဲ့သည်။
(1578) (26)
Last Updated at 20:56 GMT, Thursday, 20 May 2010 20:56 MM   Written by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

ရန်ကုန်ယူနိုက်တက် လူငယ်အကယ်ဒမီ နည်းပြ မစ္စတာ အန်ဒရူးအော့ဒ် ပြောပြတဲ့ မြန်မာလူငယ်များရဲ့ အနာဂတ်ဘောလုံးစွမ်းရည်

ရန်ကုန်ယူနိုက်တက် အသင်းဟာ လူငယ်ဘောလုံးစီမံကိန်း အနေနဲ့ ရန်ကုန်ယူနိုက်တက် ဘောလုံးအကယ်ဒမီအသင်း ကိုလည်း တည်ထောင်ခဲ့ပါတယ်။ ဘောလုံးအကယ်ဒမီအသင်းရဲ့ ပထမဆုံးနည်းပြ မစ္စတာအဲရစ်ဝီလျံ ပြည်တော်ပြန် သွားပြီးနောက် အင်္ဂလိပ်လူမျိုး Mr. Andrew Ord ကို အကယ်ဒမီရဲ့ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အသက်(၃၁)နှစ်သာ ရှိသေးပေမယ့် ရန်ကုန်ယူနိုက်တက်အတွက်ကော မြန်မာ့လက်ရွေးစင်အသင်းအတွက်ပါ ထူးချွန်ထက်မြက်တဲ့ ဘောလုံးသမားလေးတွေ လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ မစ္စတာ အန်ဒရူးအော့ဒ် ရဲ့ နေရှင်နယ်လိဂ် အပါအ၀င် မြန်မာဘောလုံးလောက အပေါ် သူ့ရဲ့ အမြင်တွေကို အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။
(2026) (28)
Last Updated at 14:44 GMT, Wednesday, 19 May 2010 14:44 MM   Probe by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

အာရှအမျိုးသမီး ဖလားပြိုင်ပွဲဝင် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း အနေအထား

မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်းအား နည်းပြ ဦးတင်မြင့်အောင်က ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးထားပြီး ယခုပြိုင်ပွဲတွင် နည်းပြချူပ် ဦးအေးကြူကြီးက အခြေအနေကောင်းအောင် စွမ်းဆောင်ပေးနိုင် မလားဆိုတာ စောင့်ကြည့်ရမည်။ သို့သော် မြန်မာအသင်းသည် လက်ရှိချန်ပီယံ မြောက်ကိုးရီးယား၊ အာရှထိပ်သီး ဂျပန်အသင်းတို့နှင့် အတူ ဒေသတွင်း ပြိုင်ဘက် ထိုင်းအသင်းတို့နှင့် တွေ့ဆုံနေသောကြောင့် အုပ်စုမှ တက်နိုင်ရင် လွန်စွာ ခက်ခဲလွန်းနေသည်။ မြန်မာ အသင်းသည် ယခုပြိုင်ပွဲ အတွက် ခြေစစ်ပွဲ ကစားခဲ့ရပြီး ခြေစစ်ပွဲအား တရုတ်( တိုင်ပေ ) ကအိမ်ရှင် အဖြစ် ပြုလုပ်ကာ မြန်မာ ၊ ဂျော်ဒန် နှင့် အိမ်ရှင် အသင်းတို့ ပါဝင် ကစားခဲ့ကြသည်။ မြန်မာအသင်းသည် ဂျော်ဒန်အသင်းအား ၃းဝ ၊ အိမ်ရှင် တိုင်ပေ အသင်းအား ၅း၂ ဂိုးတို့ ဖြင့် အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်လာခြင်းဖြစ်သည်။
(1386) (18)
Last Updated at 0:24 GMT, Wednesday, 19 May 2010 0:24 MM   Written by : ရဝေ
ဆက်လက်ဖတ်ရှပါရန်

“Voices of The Week in Myanmar Football World” (6)

“ကျွန်တော်တို့ အသင်းဟာ တကယ်အုပ်စုကျပ်ထဲ ကျရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ အရှေ့တောင်အာရှ အသင်းဆိုလို့ ထိုင်းအသင်း တစ်သင်းတည်းသာ ပါပါတယ်။ ကျန်တဲ့ အသင်းတွေက အသင်းကြီးတွေ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ မြန်မာအမျိုးသမီးအသင်းဟာ အထူးကြိုးစား ကစားသွားမှာပါ။ ကံပါရင်တော့ အုပ်စုက တက်ဖို့ မျှော်လင့်ပါတယ်”
ဦးအေးကြူကြီး
(နည်းပြချုပ်၊ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်း)

“မလုပ်သင့်တဲ့ အမှားတွေ လုပ်ခဲ့မိလို့ ညီညီလွင်ဟာ အနီကပ်ထိ ခဲ့ပါတယ်။ ချေပဂိုးတွေလဲ ပြန်ပေးခဲ့ရ ပါတယ်။ ညီညီလွင်ရဲ့ အပြုအမူဟာ မိုက်မဲလွန်းတဲ့ အပြုအမူလို့ ထင်မြင်မိပါတယ်”
စတီဗင်ဟန်ဆန်
(နည်းပြချုပ်၊ ဇေယျာရွှေမြေ)
(422) (1)
Last Updated at 0:11 GMT, Wednesday, 19 May 2010 0:11 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

“Voices of The Week in Myanmar Football World” (5)

“မလိုလားအပ်တဲ့ ဂိုးတွေ ပေးလိုက်ရလို့ ကျွန်တော်တို့ ကစားသမားတွေ စိတ်ဓာတ် ကျသွားခဲ့ရပါတယ်။ ဒါကြောင့် ခုလို ဂိုးပြတ် ရှုံးခဲ့ရတာပါ။ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း ကျဆင်းသွားတာ တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ပေးလိုက်ရတဲ့ အထဲက ၂ဂိုးဟာ လူကျွံဘော ဖြစ်မယ်လို့ ထင်ပါတယ်။ ဒိုင်လူကြီးတွေကို ဝေဖန်တာတော့ မဟုတ်ပါဘူး။ နည်းပြအဖွဲ့နဲ့ ကျွန်တော့်ရဲ့ အမြင်ကို ပြောပြတာပါ”
ဦးဝင်းမြင့်သွင်
(နည်းပြချုပ်၊ မနောမြေFC)

“ကျွန်တော်တို့ ဆောက်သမ်းမြန်မာ အသင်းက ကစားသမားအချို့ဟာ မိမိဆီရောက်လာတဲ့ ဘောလုံးကို ဖြုန်းတီးရာရောက်အောင် လုပ်တတ်ကြ ပါတယ်။ မြန်မာလူငယ် ကစားသမားတွေဟာ ကြိုးစားကြပေမယ့် ပင်ကိုယ်စွမ်းရည်နဲ့ ပါရမီ နည်းနေသေးတဲ့အတွက် ဒီလို ဖြစ်နေကြရတာ ဖြစ်ပါတယ်။......."
ကင်ဝေါ်လ်ဒန်
(နည်းပြချုပ်၊ ဆောက်သမ်းမြန်မာFC)
(443) (2)
Last Updated at 23:7 GMT, Tuesday, 18 May 2010 23:7 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

AFC President’s Cup ပထမဆုံးအကြိမ် ဆီမီးတက်သော မြန်မာကလပ် ရတနာပုံအသင်းနှင့် ပတ်သက်၍…….

ဆီမီးအဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သော ရတနာပုံအသင်း၏ နည်းပြချုပ် မစ္စတာ ရိုအန်က “မနှစ်က AFC President’s Cup မှာ ဒုတိယ ရထားတဲ့ ITTU ကိုတောင် ပွဲချိန်ပြည့်နီးပါး တစ်ယောက်လျော့နဲ့ သရေရလဒ် ရအောင် ကစားနိုင်တဲ့ ကျွန်တော်တို့အသင်းဟာ ချန်ပီယံ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။..........
(1408) (18)
Last Updated at 23:0 GMT, Tuesday, 18 May 2010 23:0 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

မြန်မာ့လက်ရွေးစင် အသင်းကြီးနှင့် အိုလံပစ်လက်ရွေးစင် ယူ-၂၃ အသင်းတို့အား ဗီယက်နမ် Hoa Sen Group မှ ကန်ဒေါ်လာ ၃သိန်းနှင့် အားကစားဝတ်စုံများ စပွန်ဆာပေး

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေး အနေဖြင့် ဗီယက်နမ် နိုင်ငံ၏ Top-Ten ၀င် စီးပွားရေး လုပ်ငန်းစု တစ်ခုဖြစ်သော Hoa Sen Group မှ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် အိုလံပစ် (ယူ-၂၃)အသင်း တို့အား အမေရိကန် ဒေါ်လာ ၃ သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။
(458) (4)
Last Updated at 22:55 GMT, Tuesday, 18 May 2010 22:55 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

အပူချိန် မြင့်မားလွန်းမှုကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို နာရီဝက် နောက်ဆုတ် ကျင်းပရန် အဖွဲ့ချုပ်ဥက္ကဌ ဆုံးဖြတ်ခဲ့

အပူချိန်မြင့်မားမှုကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အချို့ကို ရာသီဥတုကို လိုက်၍ အချိန် ပြောင်းရွှေ့ကျင်းပ သွားမည် ဖြစ်ကြောင်း ကြားသိရသည်။ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို အပတ်စဉ် ညနေ ၄း၀၀ အချိန်တွင် ကျင်းပနေသည် ဖြစ်သော်လည်း ကစားသမားများနှင့် ကွင်းအတွင်းရှိ လူအားလုံး အပူဒဏ်ကို ပြင်းစွာ ခံစားနေရသည် ဖြစ်၍ နာရီဝက်နောက်ဆုတ်ပြီး ၄း၃၀ အချိန်တွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။
(296) (0)
Last Updated at 22:50 GMT, Tuesday, 18 May 2010 22:50 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

ဆောက်သမ်းမြန်မာနှင့်ပွဲတွင် ကြည့်ရှုအားပေးရန် အသင်းပရိသတ် တစ်သောင်းခွဲကို ဇေယျာရွှေမြေက ခေါ်ယူမည်

မနက်ဖြန် မေလ ၁၅ ရက်နေ့တွင် မန္တလေးမြို့ ဗထူးအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည့် ဇေယျာရွှေမြေနှင့် ဆောက်သမ်းမြန်မာ တို့ပွဲစဉ်တွင် အားပေးရန် စစ်ကိုင်းတိုင်းမှ ပရိသတ် တစ်သောင်းခွဲခန့် ဇေယျာရွှေမြေအသင်းမှ ခေါ်ယူလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ခေါ်ယူရန် ကားအစီးရေ ၂၀၀ ခန့်ကို အသုံးပြုသွားမည်ဟု သိရှိရသည်။ အဖွဲ့ကို ဇေယျာရွှေမြေအသင်း ဥက္ကဌ ဦးသူရိန် ခေါင်းဆောင်လာမည်ဟု သိရသည်။
(1218) (10)
Last Updated at 21:51 GMT, Friday, 14 May 2010 21:51 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

“Voices of The Week in Myanmar Football World” (4)

(၁) “နေရှင်နယ်လိဂ် ကလပ်တွေမှာ ပြည်ပကစားသမား ၅ယောက်အထိ သုံးစွဲခွင့် ပြုလိုက်တာ အရမ်းများတယ်လို့ ထင်ပါတယ်။ လက်ရှိ အသင်းတွေရဲ့ အဓိက ကစားသမားနေရာ အတော်များများမှာလဲ နိုင်ငံခြားကစားသမား တွေက နေရာယူထားကြပါတယ်။ ဒါဟာနေရှင်နယ်လိဂ်အတွက် ကောင်းပေမယ့် လက်ရွေးစင်အသင်းအတွက် မကောင်းပါဘူး။ ၃ယောက်လောက်ပဲ ခွင့်ပြုမယ် ဆိုရင်တော့ မြန်မာလူငယ်ကစားသမားတွေရဲ့ တက်လမ်းအတွက် ပိုကောင်းသွားမယ် ထင်ပါတယ်”
ဦးမျိုးလှိုင်ဝင်း
(နည်းပြချုပ်၊ ရန်ကုန်ယူနိုက်တက်)
(၂) အပူချိန်မြင့်မားလွန်းခြင်းနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ် ပွဲများကိုပါ ညနေ ၅ နာရီသို့ ပြောင်းရွှေ့ကျင်းပသင့်ကြောင်း...........
(၃) “ကျွန်တော်တို့အနေနဲ့ ဒီရာသီကုန်ရင် အဆင့်၅ နေရာရဖို့ မျှော်လင့်ထားပါတယ်။ .........."
ဦးထွန်းထွန်းလင်း
(အသင်းအုပ်ချုပ်သူ၊ ဥဿာယူနိုက်တက်)

(၄)..........................
(1276) (5)
Last Updated at 21:35 GMT, Friday, 14 May 2010 21:35 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

“Voices of The Week in Myanmar Football World” (3)

(၁)“ဒယ်လ်တာယူနိုက်တက် အသင်းမှာ ပါဝင်ကစားနေရတာ အဆင်ပြေပေမယ့် အခက်အခဲလေးတွေလဲ ရှိနေပါတယ်။ တကယ်လို့အသင်းကသာ ရောင်းချမယ်ဆိုရင်တော့ ရန်ကုန်ယူနိုက်တက်ကို ပြောင်းခွင့်ရမယ်ဆိုရင် ပြောင်းချင်ပါတယ်။ လတ်တလောကတော့ ဘာမှ သေသေချာချာ မပြောနိုင်သေးပါဘူး”
သီဟစည်သူ
(ဂိုးသမား၊ ဒယ်လ်တာယူနိုက်တက်)

(၂) AFC President’s Cup ပြိုင်ပွဲ၏ နောက်ဆက်တွဲသတင်းတစ်ပုဒ်ကို ဖော်ပြပေးရမည် ဆိုလျှင် ..........
(၃) တာမင်နစ္စတန်ကလပ် ITTU ကိုကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သော ရတနာပုံ အသင်းကို မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ ငွေကျပ် သိန်းငါးဆယ် ချီးမြှင့်လိုက်ကြောင်း..........
(၃) ကမ္ဘောဇအသင်း နည်းပြအဖွဲ့၏ စာချုပ်သက်တမ်းသည် ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း ...........

(1252) (4)
Last Updated at 21:20 GMT, Friday, 14 May 2010 21:20 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်

ရတနာပုံ Vs ITTU ပွဲစဉ်ကို အားပေးကြည့်ရှုရန် ရတနာပုံပရိသတ်၊ မြန်မာ့ဘောလုံးချစ် ပရိသတ်များ အသင့်ရှိနေ၊ ပွဲလက်မှတ်များ ဝေပေးသွားမည် ဖြစ်သည်

ရတနာပုံအသင်းသည် AFC President’s Cup ၏ အုပ်စု(ဂ) အုပ်စုဗိုလ် ဖြစ်ရေးနှင့် ဆီမီးဖိုင်နယ်တက်ရန် အတွက် အရေးပါသော ယခုလာမည့် သောကြာနေ့တွင် ယှဉ်ပြိုင်ကစားမည့် တာမင်နစ္စတန်ကလပ် ITTU နှင့် ပွဲစဉ်ကို မြန်မာပရိသတ်များ အားမာန်အပြည့် အားပေးနိုင်စေရန် အစီအစဉ်များ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။.........လက်ရှိ မန္တလေးမြို့မှ ပရိသတ်များ နှင့် သတင်းထောက် ၁၁ ဦး လိုက်ပါနိုင်စေရန် ရထားတွဲ ၁၇ တွဲဖြင့် စီစဉ်ပေးထားကြောင်း၊ သွားရေးလာရေး၊ စားသောက်နေထိုင်ရေးတို့အပြင် ပွဲကြည့်ပရိသတ်များအတွက် အသင်းဂျာစီများ၊ ပွဲကြည့်လက်မှတ်များ ကိုလည်း အခမဲ့ ဝေငှပေးသွားမည်ဖြစ်ကြောင်း အသင်း၏ တာဝန်ရှိသူ တစ်ဦးမှ ဆိုသည်။
(1256) (4)
Last Updated at 19:20 GMT, Wednesday, 12 May 2010 19:20 MM   Written by : ရည်ညွှန်း
ဆက်လက်ဖတ်ရှပါရန်
0 20 40 60 80 100 NEXT